Fri. Jan 21st, 2022

ရုပ်ပိုင်းဆိုင်ရာမပြည့်စုံမှုဟာ ပိုမိုသန်မာစေနိုင်ကြောင်း သက်သေပြနေသော ကြယ်ပွင့် ၁၀ ဦး

ကျွန်ုပ်တို့အများစုဟာ မိမိတို့၏မပြည့်စုံမှုအတွက် ရှေ့ဆက်ရမည့်အစား တစ်စုံတစ်ဦးကိုရှာဖွေအပြစ်တင်ရန် ကျင့်သားရနေကြသည်မှာ ဝမ်းနည်းစရာပင်ဖြစ်ပါတယ်။

ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ မစုံလင်မှုများအတွက် စိတ်ဓာတ်ကျရန် အကြောင်းမရှိကြောင်း ကမ္ဘာကို သက်သေပြပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်သူများကို ချီးကျူးရပါမယ်။

(1) Winnie Harlow

ငယ်စဉ်ကလေးဘဝကတည်းက vitiligo (အရေပြားအရောင်ခြယ်မှုဆိုင်ရာရောဂါ) ခံစားနေရသော Winnie သည် catwalks လျှောက်ရာတွင် အောင်မြင်ရန် အိပ်မက်မက်ခဲ့ပါတယ်။ သို့သော်လည်း အခြားကလေးများက သူမကို နွားတစ်ကောင်၊ မြင်းကျားဟု လှောင်ပြောင်ခေါ်ဆ်ိုကြပြီး ကျောင်းသူဘဝကို မကြာခဏ ဒုက္ခရောက်စေခဲ့ပါတယ်။ Winnie က အရှုံးမပေးဘဲ America’s Next Top Model TV ရှိုးတွင်ပါဝင်ပြီးနောက် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးမော်ဒယ်များထဲမှ တစ်ဦးဖြစ်လာခဲ့ပါတယ် ။ TED Conference တွင် သူမက vitiligo ဟာ အရေပြားအခြေအနေတစ်ခုဖြစ်ပြီး ဘဝကိုထိခိုက်စေသောကျိန်စာဆိုးတစ်ခုမဟုတ်ကြောင်းကိုလည်း ပညာပေးပြောကြားခဲ့ပါတယ်။

(2) Stephen Hawking

ဟော့ကင်းကို အသက် 21 နှစ်အရွယ်တွင် ဆရာဝန်များက မသန်စွမ်းရောဂါရှိကြောင်း စစ်ဆေးခဲ့ပြီး အဆိုပါအောက်စဖို့ဒ်တက္ကသိုလ်ဘွဲ့ရ လူငယ်အတွက် အသက်ရှင်ရန် နှစ်နှစ်ခွဲသာ ကျန်ရှိကြောင်း ပြောကြားခဲ့ပါတယ် ။သို့သော် Stephen က ပညာဆက်လက်လေ့လာရုံသာမကဘဲ ကျွန်ုပ်တို့ခေတ်၏ အကျော်ကြားဆုံး သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပညာရှင်နှင့် သိပ္ပံပညာ၏ ရေပန်းစားသူလည်း ဖြစ်လာခဲ့ပါတယ် ။ 1985 ခုနှစ်တွင် စကားပြောစွမ်းရည် ဆုံးရှုံးသွားခဲ့ရသော်လည်း ၎င်းသည် ဟော့ကင်း၏ဘဝအတွက် အတားအဆီးဖြစ်မလာခဲ့ပါဘူး။

(3) Peter Dinklage

Game of Thrones ၊ Chronicles of Narnia နှင့် X-Men တို့၏ ကြယ်ပွင့်ဖြစ်ပြီး စွမ်းရည်မြင့်မှု၊ အရည်အချင်းနှင့် လုံ့လဝီရိယရှိမှုတို့ထက် အလုပ်ကြိုးစားခြင်းက ပို၍အရေးကြီးကြောင်း သက်ရှိထင်ရှားသက်သေပြနေပါတယ်။ Peter Dinklage သည် မျိုးရိုးလိုက်သော ရောဂါတစ်မျိုးဖြစ်သော လူပုရောဂါ Achondroplasia ဖြင့် မွေးဖွားလာခဲ့ပါတယ်။ အရပ်က ၄ပေ ၅လက်မ ရှိပြီး ပီတာဟာ လူပုလေးဟု အခေါ်ခံရခြင်းအပေါ် မကျေမနပ် မဖြစ်သည့်အပြင် သူ၏ရောဂါနှင့်ပတ်သက်၍ ဟာသများပင်လုပ်‌ လေ့ရှိပါတယ်။ “အမေ ကျွန်တော့်ကို ကိုယ်ဝန်ရှိတုန်းက နျူးကလီးယားဓာတ်အားပေးစက်ရုံက မှာလည်ပတ်နေခဲ့တာထင်တယ်” လို့သူမဟာသပြောလေ့ရှိပါတယ်။

(4) Viktoria Modesta

ဤရဲရင့်သောမိန်းကလေးကို ပထမဆုံး “bionic pop artist” ဟု ခေါ်ဝေါ်ကြပါတယ်။ မွေးရာပါဒဏ်ရာကြောင့် Viktoria သည် ဒူးအောက်တွင် ခြေထောက်ဖြတ်တောက်ခံခဲ့ရပြီး နောက်ပိုင်းတွင် ၎င်းကို နည်းပညာမြင့် ခြေတုဖြင့် အစားထိုးခဲ့ရပါတယ်။ Modesta သည် သူမ၏ မသန်စွမ်းမှုကို အားသာချက်အဖြစ် ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ သူမက နာမည်ကြီးမဂ္ဂဇင်းများအတွက် ပုံမှန်ကိုယ်ဟန်ပြပြီး အလှတရား၏ ပုံသေသတ်မှတ်ချက်များကို ဆက်လက်ချိုးဖျက်နေပါတယ်။

(5) Sylvester Stallone

Sylvester Stallone သည် ဆေးဘက်ဆိုင်ရာ အမှားအယွင်းကြောင့် မွေးစတွင် သူ၏ မျက်နှာအာရုံကြောများ ပျက်စီးခဲ့ရပါတယ်။ ယင်းကြောင့် သူ့မျက်နှာဘယ်ဘက်အောက်ပိုင်း တစ်စိတ်တစ်ပိုင်း မသန်စွမ်းနိုင်ဖြစ်ကာ ဗလုံးဗထွေးစကားများဖြစ်ပေါ်စေခဲ့ပါတယ်။ Sylvester သည် သရုပ်ဆောင်အသက်မွေးဝမ်းကြောင်းနှင့် အဆင်မပြေဟုထင်ရသော်လည်း Rocky, The Expendables နှင့် Rambo အပါအဝင် ဇာတ်ကားပေါင်း 50 ကျော်တွင် သရုပ်ဆောင်ခဲ့ပါတယ် ။ Stallone သည် သူ၏ စွမ်းရည်ထက်မြက်မှုဖြင့် မဟုတ်ဘဲ သံမဏိကြွက်သားများဖြင့် သန်မာထွားကြိုင်းသော သူရဲကောင်းတစ်ဦး၏ ပုံသဏ္ဍာန်ဖြင့် နိုင်ငံတကာ ရုပ်ရှင်ကျော်ကြားမှုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်

(6) Jamie Brewer

Down Syndrome ရှိသည့် မင်းသမီးနှင့် မော်ဒယ်တစ်ဦးဖြစ်သည့် Jamie သည် American Horror Story တီဗီစီးရီး၏ အဓိကကြယ်ပွင့်များထဲမှ တစ်ဦးအဖြစ် ကျော်ကြားလာခဲ့ပါတယ်။ ထို့အပြင်၊ သူမသည် 2015 New York Fashion Week ၏ ပထမဆုံး မျိုးရိုးဗီဇချို့ယွင်းမှုရှိသော အမျိုးသမီးဖြစ်ခဲ့ပါတယ်။ “ကျွန်မလုပ်နေတာတွေကို ကြည့်ပြီး အခြား အမျိုးသမီးငယ်တွေကို သူတို့လည်း စွမ်းနိုင်တယ်ဆိုတာကို သူတို့ကိုယ်သူတို့ သိစေချင်ပါတယ်။ သူတို့အမှန်တကယ် ဖြစ်တည်မှုကို မဖုံးကွယ်ဖို့ တခြားသူတွေကို နှိုးဆော်လိုပါတယ်” လို့ Brewer က ဆိုပါတယ်။

(7) Forest Whitaker

ဘယ်ဘက်မျက်လုံး၏ မွေးရာပါ ptosis (မျက်ခွံအပေါ်ပိုင်းတွဲကျခြင်း) သည် Whitaker ၏သရုပ်ဆောင်အသက်မွေးဝမ်းကြောင်းတွင် ကြီးကြီးမားမား မတားဆီးခဲ့ပါဘူး။ အကောင်းဆုံးသရုပ်ဆောင်ဆု အော်စကာဆုကို ရရှိခဲ့ပြီး ရွှေကမ္ဘာလုံး၊ Emmy နှင့် BAFTA ဆုများ ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ ptosis ဟာ မရှင်းပြနိုင်သေးသော လျှို့ဝှက်ဆန်းကြယ်ကိစ္စတစ်ခု ဟု ဝေဖန်သူများက ထောက်ပြကြပါတယ်။

(😎 RJ Mitte

ငယ်စဉ်ကတည်းက Mitte သည် ဦးနှောက်ချို့ယွင်းခြင်းဝေဒနာကို ခံစားခဲ့ရသည်။ Breaking Bad တီဗီစီးရီးတွင် သူသည် ဤရောဂါရှိနေသည့် Walter White Jr အဖြစ် သရုပ်ဆောင်ခဲ့ပါတယ် ။ RJ သည် ရုပ်ပိုင်းဆိုင်ရာ ပြဿနာရှိသူများကို ကူညီရန် သန္နိဋ္ဌာန်ချထားပါတယ်။သူသည် “မသန်စွမ်းသူများ၏အနုပညာနှင့်မီဒီယာတွင်ပါဝင်ခြင်း” လှုပ်ရှားမှု၏ကိုယ်စားလှယ်ဖြစ်လာခဲ့ပါတယ်။

(9) Marlee Matlin

Marlee သည် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် အော်စကာဆု ရရှိသည့် တစ်ဦးတည်းသော နားမကြားသူ ဖြစ်လာခဲ့ပါတယ်။ ထို ကြယ်ပွင့်သည် ဒီဆုကို သူမ၏ ပွဲဦးထွက်သရုပ်ဆောင်မှုဖြစ်သော Children of a Lesser God ဟု အမည်ပေးထားသော ရုပ်ရှင်တွင် ပါဝင်ခဲ့တာဖြစ်ပါတယ်။ သူမသည် တီဗီစီးရီး Desperate Housewives, Body Parts, My Name is Earl, Switched at Birth နှင့် အခြားအစီအစဥ် များစွာတွင်လည်း သရုပ်ဆောင်ခဲ့ပါတယ်။

(10) Nick Vujicic

သူဟာ ရှားပါးမျိုးရိုးဗီဇချို့ယွင်းမှု tetraamelia (ခြေလက်အင်္ဂါချို့တဲ့) ဖြင့်မွေးဖွားလာသူဖြစ်ပြီး သန်းပေါင်းများစွာသောလူများကို အားပေးလှုံ့ဆော်နိုင်ခဲ့ပါတယ်။ Nick ဟာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို တည်ဆောက်နိုင်ရုံသာမက ဘယ်အရာမှမဖြစ်နိုင်တာမရှိဘူး ဆိုတာကို သတိပေးတဲ့ စာအုပ်ပေါင်းများစွာကိုလည်း ရေးသားခဲ့ပြီး ဘဝ၏တစ်ခုတည်းသော အတားအဆီးက ကျွန်တော်တို့ကိုယ်တိုင် ချမှတ်ထားတဲ့ အရာတွေပဲ ဖြစ်ပါတယ် လို့ဆိုခဲ့ပါတယ်။ ယခုအချိန်တွင် Vujicic သည် အခြားသူများအား မိမိတို့ ကိုယ်ပိုင်ဘဝတက်လမ်းရှာရန် လှုံ့ဆော်ပေးနေသည့်ဟောပြောသူလည်းဖြစ်ပါတယ်။

 

SourceBrightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *