Fri. Jan 21st, 2022

တောက်ပသော လိမ္မော်ရောင်အမွှေးအတောင် ၊ လခြမ်းပုံအ‌မောက်တို့ဖြင့် အမြင်မှားနိုင်ဖွယ်ရာမရှ်ိသော Guianan Cock-of-the-rock ငှက်

လိမ္မော်ရောင်တောက်တောက်ဟာ မျက်စိကိုဖမ်းစားနိုင်ပါတယ် ။ ငှက်၏ အမွေးအမှင်များပေါ်တွင် လိမ္မော်ရောင်ပါလာသောအခါ ၎င်းသည် ထိုငှက်ကိုထင်ရှားပေါ်လွင်စေပါလိမ့်မယ်။ လှပသော ထိုအရောင်အဆင်းကို နေရောင်နှင့်ဖြစ်စေ အမှောင်ထဲတွင်ဖြစ်စေ မမှားနိုင်ပါဘူး။

Guianan ဟာ ကံကောင်းစွာပဲ ဤကဲ့သို့ ကျက်သရေရှိတဲ့ အမွေးအမှင်လေးတွေနဲ့ မွေးဖွားခဲ့ပါတယ်။ အတောင်များနှင့် အမြီးပေါ်ရှိ အဖြူအမည်း အမွေးအချို့မှလွဲ၍ ၎င်း၏ခန္ဓာကိုယ်အများစုကို လိမ္မော်ရောင်တောက်တောက်ဖြင့် ဖုံးအုပ်ထားပါတယ်။

၎င်း၏အမောက်မှာလည်း လိမ္မော်ရောင်ဖြစ်ပြီး အစွန်းတွင် အနက်ရောင်မျဉ်းကွေးနှင့် လဝက်ပုံသဏ္ဍာန် သိသိသာသာရှိပါတယ်။ ဤအံ့မခန်းထူးခြားချက်ကပဲ ဤနာမည်ကို တွင်စေခဲ့တာပါ။

ရင်သပ်ရှုမောဖွယ် ထိုငှက်ကလေးရဲ့ ဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

အခြားမျိုးစိတ်များကဲ့သို့ပင် Guianan ငှက်အမသည် အညိုရင့်ရောင်နှင့် မီးခိုးရောင်ရှိပြီး အမောက်သေးငယ်သော အထီးများထက် အနည်းငယ် အရောင်မှိုင်းပါတယ်။ သူမတွင် အဝါနက်ရောင်နုတ်သီးထိပ်ဖျားရှိပြီး လိမ္မော်ရောင်နုတ်သီးနှင့်ခြေထောက်များရှိသော အထီးများနဲ့ကွဲပြားပါတယ်။

ထူးထူးခြားခြား လှပသော ဤငှက်သည် တောင်အမေရိကတိုက်တွင် နေထိုင်သည့် cotinga မျိုးစိတ်ဖြစ်ပါတယ် ။ ၎င်းတို့သည် Andes အရှေ့ဘက်နှင့် အမေဇုန်မြစ်၏မြောက်ဘက် Guianas နှင့် အိမ်နီးချင်း Venezuela၊ Brazil နှင့် Colombia နိုင်ငံများတွင် ဖြန့်ကျက်နေထိုင်ပါတယ်။

ကြီးမားသော စုဖွဲ့နေထိုင်မှုများကြောင့် ဤငှက်၏ အကောင်ရေဟာ အတည်ငြိမ်ပါတယ်။

ကျောက်ဆောင်များအနီးရှိ စိုစွတ်သောသစ်တောများတွင် နေထိုင်ကြပြီး သစ်သီးများနှင့် ဘယ်ရီသီးများစားခြင်းကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဒီငှက်တွေဟယ တစ်ခါတရံမှာ အင်းဆက်တွေကိုလည်း ဖမ်းစားတတ်ကြပါတယ်။

မျိုးပွားရာသီစတင်သောအခါတွင် Guianan Cock-of-the-rock ငှက်အထီးများက အမများကို ဆွဲဆောင်ကြပါတယ်။ အဖော်ရပြီးနောက် အမများသည် သူ့ဘာသာသူ အသိုက်ဆောက်ပါတယ်။ ဤအသိုက်ကို ရွှံ့များဖြင့် ကာထားသော အထပ်တစ်ခုအောက် ကျောက်တုံးပေါ်တွင် ထားရှိပါတယ်။ ထို့နောက် အသိုက်ထဲတွင် ၁-၂ ဥ ခန့် ဥပြီးနောက် ၂၈ ရက်ခန့် ဝပ် ပေးကာ အကောင်ပေါက်သည်အထိ ကျွေးမွေးပါတယ်။

ဤလှပသောငှက်လေးများကို ချစ်ပါက သင့်မိသားစု၊ သူငယ်ချင်းများထံ ဤဆောင်းပါးကိုမျှဝေလိုက်ပါ။

Source Aubtu.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *