Fri. Jan 21st, 2022

ရှားရှားပါးပါး အရေပြားလက္ခဏာရှိနေသော်လည်း မိမိကိုယ်ကို လက်ခံယုံကြည်ပြီး မော်ဒယ်လ်တစ်ဦး ဖြစ်လာသည့်မိခင်

မိမိကိုယ်ပိုင်ဖြစ်တည်မှုကို မဖုံးကွယ်ရန် ဆုံးဖြတ်ချက်ခြင်းဖြင့် အောင်မြင်လာစေရုံသာမက လူထောင်ပေါင်းများစွာကိုလည်း လှုံ့ဆော်ပေးခဲ့သည့် Iomikoe Johnson က “အလှတရားဟာ အသားအရေ၏ နက်နဲမှုအလွန်တွင်ရှိသည်” ဟု ဆိုပါတယ် ။ သူမ၏ အရေပြားအခြေအနေကို Vitiligo ဟုခေါ်ပြီး ၎င်းကြောင့် အဆိုးမြင်စိတ်နှင့် စိုးရိမ်စိတ်များစွာကို ခံစားခဲ့ရပါတယ် ။ သို့သော် သူမ၏စေ့စပ်ထားသူ၊ သားသမီးများနှင့် မိသားစုဝင်တို့၏ ကူညီပံ့ပိုးမှုကြောင့် ဤမိခင်ဟာ သူ့ကိုယ်ပိုင်အသားအရေအတွက် သက်တောင့်သက်သာရှိလာပြီး ယုံကြည်မှုရှိလာခဲ့ပါတယ်။ ထိုအချိန်မှစ၍၊ သူမသည် အခြားသူများကို ခွန်အားဖြစ်စေရန်ပါ ကြိုးစားဆောင်ရွက်ပါတော့တယ်။

ကျွန်ုပ်တို့သည် သူမ၏ ဘဝဇာတ်လမ်းကို နှစ်သက်ပြီး အခြားသူများအား အပြုသဘောဆောင်သော လှုံ့ဆော်မှုဖြစ်စေသော သူမ၏ တွန်းအားပေးမှုများကို သင့်ထံ မျှဝေလိုပါတယ်။

 

View this post on Instagram

 

A post shared by Iomikoe Woods (@iomikoejohnson)


Vitiligo သည် ရောင်ခြယ်ဆဲလ်များ သေဆုံးကာ အရေပြားအရောင်ကို ရောင်ခြယ်ပစ္စည်း ဆုံးရှုံးစေသည့် အခြေအနေဖြစ်ပြီး ရလဒ်အနေဖြင့်အဖြူရောင်များဖြစ်‌ စေပါတယ် ။ အဆိုပါအခြေအနေဟာ အတော်လေး အဖြစ်များသည်ဟု ယူဆရပြီး ပျောက်ကင်းအောင် မကုသနိုင်ပါ။ Iomikoe သည် ဒါကို လက်ခံနိုင်ရန် ကြိုးစားခဲ့ပြီး သူမ၏ အသားအရေကို သူ့ကိုယ်သူ ယုံကြည်ချက်ထားကာ “ငါ့ရဲ့ အလှအပအနုပညာကို ကမ္ဘာက မြင်စေချင်တယ်။ ငါကလျှောက်လှမ်းနေတဲ့ ​​လူသားအနုပညာပဲ ” လို့သူမကပြောပါတယ်။

 

View this post on Instagram

 

A post shared by Iomikoe Woods (@iomikoejohnson)

ယခု အသက် 38 နှစ်အရွယ် Iomikoe သည် အသက် 25 နှစ်တွင် vitiligo စတင်ဖြစ်ပေါ်လာပြီး ထိုအချိန်ကဘာရောဂါဖြစ်သည်ကိုပင် သူမမသိခဲ့ပါဘူး။ လက်မောင်းပေါ်ရှိ ကနဦးအဖြူကွက်များကို သူမပထမဆုံးသတိပြုမိသောအခါတွင် ကင်ဆာဖြစ်သည်ဟု ထင်ခဲ့သော်လည်း သူမခန္ဓာကိုယ်၏အခြားနေရာများသို့ ရှင်းရှင်းလင်းလင်းသိသာစွာ ပျံ့နှံ့သွားသောအခါတွင် ၎င်းသည် အခြားအရာတစ်ခုဖြစ်ကြောင်း လုံးဝသဘောပေါက်သွားခဲ့ပါတယ်။ ဤကာလအတွင်း သူမဟာ “နွား” ၊ “Dalmatian” စသည်ဖြင့် အမည်တပ် အနိုင်ကျင့်ခံခဲ့ရပြီး လမ်းပေါ်ရှိ လူစိမ်းများက သူ့ကို စိုက်ကြည့်နေကြခြင်း ၊ ကလေးများက သူမထံ ချဉ်းကပ်ရန် ကြောက်ရွံ့ခဲ့ကြခြင်းအပြင် လက်ဆွဲနုတ်ဆက်ရန် ငြင်းဆိုမည့်သူများပင် ရှိကြပါတယ်။

ဤအဆိုးမြင်တုံ့ပြန်မှုများဟာ သူမအား ဆိုးဆိုးရွားရွားထိခိုက်စေပြီး အိမ်ပြင်မထွက်ရလောက်အောင် ဖြစ်စေပြီး ၎င်း၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို မိတ်ကပ်လိမ်းခြင်းမရှိဘဲ နာရီများစွာကုန်ဆုံးရပါတယ်။ မလိမ်းဘဲ အိမ်မှ ထွက်လာမည်လဲမဟုတ်ပါ။ မိတ်ကပ်လိမ်းခြယ်မှုအပြင် သူမ၏အသွင်အပြင်ကြောင့် ခွဲခြားဆက်ဆံခံရခြင်း မရှိစေရန်လက်ရှည်အဝတ်အစားများကိုလည်း အသုံးပြုရရပါတယ်။

မိတ်ကပ်လိမ်းလိမ်း မလိမ်းလိမ်း ချစ်မြဲဖြစ်သော သူမ၏စေ့စပ်ထားသူကြောင့် သူမဟာ အပြောင်းအလဲနှင့် လက်ခံ ခံရမှုတို့ကို ခံစားခဲ့ရပါတယ်။ ထိုအချိန်တွင် သူမဟာ ဖြစ်တည်မှု၏နောက်ကွယ်တွင် ပုန်းအောင်းနေခြင်းကို ရပ်တန့်ပြီး မိမိကိုယ်မိမိ လက်ခံယုံကြည်ထားရန် ဆုံးဖြတ်လိုက်ပါတယ် ။

 

View this post on Instagram

 

A post shared by Iomikoe Woods (@iomikoejohnson)


“သူက အိမ်မှာ ငါနဲ့တူတူနေချိန် မိတ်ကပ်မလိမ်းရင် သူများတကာ‌ရှေ့ အပြင်ထွက်လဲ မှာ လိမ်းစရာမလိုဘူး… မင်းက လှတယ်၊ သူတို့မကြိုက်ရင်လည်း ကိစ္စမရှိဘူး” လို့ပြောတယ်လို့ သူမက ပြန်ပြောပြပါတယ်။

သူမဟာ ယုံကြည်မှုရှိလာပြီး မိသားစု၏ ပံ့ပိုးမှုကို အားကိုးနိုင်လာသလို Iomikoe ဟာ သူမလိုပင် vitiligo ရှိသူ Canadian မော်ဒယ်နှင့် ပြောရေးဆိုခွင့်ရှိသူ Winnie Harlow အား အတုယူခဲ့ပါတယ်။

ယနေ့တွင် Iomikoe ဟာ စာအုပ်ရေးသားခြင်း (The Spotted Girl Who Empowered the World)၊ ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခြင်း၊ အဝတ်အစားဖန်တီးခြင်း (My Confidence is Contagious) နှင့် မော်ဒယ်လ်အသက်မွေးဝမ်းကျောင်းအပါအဝင် ပရောဂျက်များစွာတွင် ပါဝင်လျက်ရှိပြီး vitiligo ရှိသောလူတိုင်းကိုအားပေးနေပါတယ်

“အလှတရားက အတွင်းစ်ိတ်ကနေလာတယ်ဆိုတာ လူတွေကို သိစေချင်တယ်။ ငါလုပ်နိုင်ရင် မင်းလဲလုပ်နိုင်ပါတယ်။ မင်းကိုယ့်ကိုကိုယ်ယုံကြည်ပြီး မင်းအသားအရေကို မင်းချစ်ပါ” လို့ဆိုပါတယ်


Iomikoe Johnson ၏ဇာတ်လမ်းဟာ စိတ်အားထက်သန်မှု၊ လှုံ့ဆော်မှု၊ အပြုသဘောဆောင်သည့် မက်ဆေ့ချ်၊ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း၊ လက်ခံခြင်းနှင့် ယုံကြည်မှုဆိုင်ရာ မက်ဆေ့ချ်မျရစေပါတယ်။ vitiligo ရှိသူကို သင်ကိုယ်တိုင် သိပါသလား ဖတ်ရှုလိုပါတယ် ၎င်းတို့အား ကျွန်ုပ်တို့နှင့် မျှဝေခံစားလိုက်ပါ။

SourceBrightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ
‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *