Mon. Aug 15th, 2022

တောတောင်ကမ္ဘာ၏ နီလာဖြစ်သည့် စွဲမက်ဖွယ်ကောင်းသော ကိုဘော့အပြာရောင်ကိုယ်ထည် ၊ စိမ်းပြာရောင်သရဖူတို့ဖြင့် ခြေထောက်နီပျားငှက်

တောတောင် ကမ္ဘာသစ်တစ်ခုကို အလည်အပတ်ရောက်ချိန်မှာ လေထဲပျံနေတဲ့ နီလာကို မတော်တဆတွေ့လိုက်ရရင် သင်ဟာ ဒီကမ္ဘာပေါ်မှာ အထူးခြားဆုံးငှက်တွေထဲကတစ်ကောင်ဖြစ်တဲ့ ခြေထောက်နီပျားငှက်ကို တစ်နည်းအားဖြင့် Cyanerpes cyaneus လို့ခေါ်တဲ့ငှက်ကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ လှပသော အပြာရောင် အပေါ်ယံကိုယ်ထည်ဖြင့် ဤထူးခြားသောငှက်ကလေး၏အလှကို တစ်ကြိမ်နှစ်သက်ခံစားခွင့်ရရုံဖြင့် မေ့ပျောက်ရန်ခဲယဉ်းပါလိမ့်မယ်။

ခြေထောက်နီပျားငှက်သည် Thraupidae မိသားစု ( tanager မိသားစု ) မှ တေးသီငှက်မျိုးဖြစ်ပါတယ်။ 1766 ခုနှစ်တွင် ဆွီဒင်သဘာဝပညာရှင် Carl Linnaeus မှ ပထမဆုံးဖော်ပြခဲ့သော ဤငှက်ငယ်လေးသည် ပျမ်းမျှအားဖြင့် 4.8 လက်မရှည်ပြီး တစ်ကောင်လျှင် 14 g ခန့်သာအလေးချိန်ရှိပါတယ်။

ထိုငှက် အထီးများတွင် စွဲမက်ဖွယ်ကောင်းသော ကိုဘော့ အပြာရောင်အမွေးအတောင်များ၊ အနက်ရောင်နောက်ကျော၊ အတောင်ပံများနှင့် အမြီးများ၊ ချစ်စဖွယ် စိမ်းပြာရောင်သရဖူနှင့် မျက်စိကိုဖမ်းစားနေသော အနီရောင် ခြေထောက်များရှိပါတယ် ။ ထို့အပြင် ပျံသန်းစဉ်တွင်သာ မြင်နိုင်မည့် ချစ်စရာကောင်းသော သံပုရာဝါရောင် အတောင်ပံအောက်ခံများကိုလည်း ပိုင်ဆိုင်ထားပါတယ်။

သို့သော် ထိုအမသည် သံလွင်စိမ်းရောင်ကိုယ်ထည်၊ နီညိုရောင်ခြေထောက်များဖြင့် အနည်းငယ်ပို၍ မည်းမှောင်နေပြီး ၎င်း၏ဝမ်းဗိုက်တွင် အစင်းကြောင်းများ ဖျော့ဖျော့ပါရှိပါတယ်။

အရွယ်မရောက်သေးသူများသည် ၎င်းတို့၏မိခင်နှင့် ဆင်တူလေ့ရှိကြပြီး အထီးများသည် ၎င်းတို့၏အောက်ပိုင်းများတွင် ထင်ရှားသောအပြာရောင်အကွက်အချို့ရှိကြပါတယ်။

အထက်ဖော်ပြပါ ဤတေးသီငှက်မျိုးစိတ်များကို ကမ္ဘာ၏ အပူပိုင်းဒေသသစ်တောများ၊ မြက်ခင်းပြင်များနှင့် အလယ်အလတ်သစ်တောများ၊ မက္ကဆီကိုတောင်ဘက်မှ ပီရူး၊ ဘိုလီးဗီးယား၊ ဘရာဇီး၊ ထရီနီဒက်၊ တိုဘာဂိုနှင့် ကျူးဘားအထိ အများဆုံးတွေ့ရှိရပါတယ်။

ဤငှက်ငယ်လေးများသည် အနည်းငယ်မှစတင်ကာ အကောင် 20 အထိ အတူတကွနေထိုင်ရန် အုပ်စုငယ်များဖွဲ့စည်းလေ့ရှိပါတယ်။

၎င်းတို့သည် ဝတ်ရည်နှင့် ဘယ်ရီသီးများကို အဓိက စားသော်လည်း အရွက်ကြားတွင် ကျက်စားနေချိန် ၎င်းတို့ကို အနီးနား ရောက်ရှိလာ‌သော အခြားသစ်သီးများ သို့မဟုတ် အင်းဆက်ပိုးမွှားအချို့ကို လည်း ဖမ်းယူစားသောက်ရန် မတုံ့ဆိုင်းပါဘူး။

ငှက်မျိုးပွားရာသီသည် ဧပြီလတွင် စတင်ပြီး ဇွန်လတွင် ကုန်ဆုံးလေ့ရှိပါတယ်။ မိတ်လိုက်ပြီးနောက် အမသည် ခွက်ပုံသဏ္ဍာန်အသိုက်ကို တည်ဆောက်ပြီး ၎င်း၏ဥများကို ၁၂ ရက်မှ ၁၃ ရက်ခန့်အထိ သားဖောက်ပါတယ် ။ ဥများပေါက်ပြီးနောက်တွင် အထီးသည် ငှက်ပေါက်များကိုယ်တိုင် ပျံသန်းနိုင်လောက်အောင် သန်မာလာမည့် နောက်နှစ်ပတ်အထိ အကောင်ပေါက်များကို အစာကျွေးရန် ကူညီပေးပါတယ်။

ခြေထောက်နီပျားငှက်သည် ရှားပါးငှက်မဟုတ်သလို ၎င်း၏ ဦးရေသည် တည်ငြိမ်နေဆဲဖြစ်ပါတယ်

ဒီဆွဲဆောင်မှုရှိတဲ့ အကောင်လေးများကို အောက်ပါ ဗီဒီယိုတွင် ကြည့်ကြည့်လိုက်ပါ။
b

 

Source Aubtu.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published.