Amazing

ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူထားအိပ်ရင် ဘာဖြစ်လာမလဲ

ကျမတို့တွေ သိထားတာက ကြက်သွန်ဖြူကို နေမကောင်းဖြစ်နေတဲ့အချိန်တို့ ဗန်ပါယာအန္တရာယ်တွေကနေ ကာကွယ်ဖို့အခါကျရင် သုံးကြပါတယ်။ ဗန်ပါယာရန်ကကာကွယ်ဖို့ဆိုတာကလည်း ဇာတ်ကားတွေထဲမှာပါလို့ သိရတာပါ။ တကယ်အပြင်မှာ ဟုတ်မဟုတ်တော့ မသိပါဘူး။ နောက်ပြီး ကြက်သွန်ဖြူက စားပြီးရင်လည်း အခြားတစ်ယောက်နဲ့ စကားသွားပြောဖို့က အဆင်မပြေပြန်ပါဘူး။ ဒါမယ့်လည်း ဟင်းချက်တဲ့အခါမှာတော့ ကြက်သွန်ဖြူက မရှိမဖြစ်ပါနေနဲ့ အရာတစ်ခုဖြစ်နေပြန်ပါတယ်။ ဒီကနေ့ပြောပြပေးသွားမှာကတော့ ကြက်သွန်ဖြူနဲ့ပတ်သတ်ပြီး သင်မသိသေးတဲ့အရာတွေအကြောင်းပဲဖြစ်ပါတယ်။ ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူကိုထားအိပ်ရင် ဘာဖြစ်မလဲဆိုတာလည်း ပြောပြပေးသွားမှာဖြစ်လို့ ဒီစာလေးကို အဆုံးထိ ဖတ်လိုက်ပါနော်။

ပရိသတ်တို့ သိချင်တဲ့ ကျန်းမာရေး အကြောင်းအရာတွေကိုလည်း ကွန်းမန့်မှာ လာရောက်တောင်းဆိုနိုင်ပါတယ်နော်။

1. ဝက်ခြံပျောက်စေတယ်

ကြက်သွန်ဖြူက ဝင်ခြံနဲ့ ဆက်စပ်နေတဲ့ ဘတ်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ အလုပ်ကိစ္စအရေးကြီးမီတင်သွားတွေ့ရမယ့်အချိန်တို့ Crush နဲ့ ပထမဆုံးတွေ့မယ့်အချိန်တို့မှာ ဝက်ခြံပေါက်တာက ဘယ်လောက်ထိစိတ်တိုဖို့ကောင်းတယ်ဆိုတာ ကျမတို့တွေသိထားပြီးသားပါ။ နောက်ပြီး ဝက်ခြံမထွက်အောင် သွေးကို သန့်စင်အောင်လုပ်တဲ့နည်းကိုလည်း ရှိပါသေးတယ်။ ဒါကတော့ ကြက်သွန်ဖြူ နှစ်စိတ်ကို ရေနွေးနဲ့ မနက်တိုင်းသောက်ပေးမယ်ဆိုရင် သွေးကိုသန့်ရှင်းပေးပြီးတော့ ဝက်ခြံတွေကိုလည်း ရှင်းလင်းပေးပါလိမ့်မယ်။ သံပုရာသီးလေးပါညစ်ထည့်ပြီး သောက်လိုက်မယ်ဆိုရင် ပါးစပ်လည်း ထင်သလောက် နံ့တော့မှာမဟုတ်ပါဘူး။ ဝက်ခြံထွက်လာခဲ့ရင်လည်း ကြက်သွန်ဖြူလေးနဲ့ ဝက်ခြံကို ပွတ်သတ်ပေးကြည့်ပါ။ အဲ့နည်းလမ်းတွေ သုံးပေးမယ်ဆိုရင် ဝက်ခြံရန်မှ လွတ်မြောက်လာပါလိမ့်မယ်။

2. ဆံပင်ကို သန်မာစေတယ်

ကြက်သွန်ဖြူကို အုန်းဆီတို့ ပျားရည်တို့နဲ့ ရောနယ်ပြီးတော့ ဆံပင်ကို သုတ်လိမ်းပေးထားမယ်ဆိုရင် သင်တို့ရဲ့ ဆံပင်တွေကို သန်မာလာစေပြီး ဆံပင်ကျွတ်ခြင်းကနေလည်း ကာကွယ်ပေးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကြက်သွန်ဖြူမှာ ဆာဖာနဲ့ ဆယ်လီနီယမ်ဓာတ်တွေ ပါဝင်တာကြောင့်ပဲဖြစ်ပါတယ်။

3. ခြင်တွေရန်က ကာကွယ်ပေးပါတယ်

ခြင်တွေက ဗန်ပါယာတွေလိုပဲ ကြက်သွန်ဖြူကို မုန်းကြပါတယ်။ သင်တို့ရဲ့ အရေပြားပေါ်ကို ကြက်သွန်ဖြူလိမ်းတာပဲဖြစ်ဖြစ် ကြက်သွန်ဖြူကို အနားမှာ ထားထားတာပဲဖြစ်ဖြစ် လုပ်လိုက်ရင်တော့ ခြင်နဲ့ အခြားပိုးမွှားတွေက သင့်ကို ရှောင်သွားကြပါလိမ့်မယ်။

4. အစာအဆိပ်သင့်ခြင်းမှ ကာကွယ်ပေးတယ်

ရှာဖွေတွေ့ရှိမှုတွေအရ လတ်ဆတ်တဲ့ကြက်သွန်ဖြူတွေက အစာအဆိပ်သင့်ခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူက အီးကိုလိုင်းနဲ့ အခြား ဘတ်တီးရီးယားတွေကို သတ်ပေးနိုင်ပါတယ်။ အစာစားရင် ကြက်သွန်ဖြူစားပေးတာက သင့်တို့ရဲ့ အစာအိမ်ကို ခုလိုအစာအဆိပ်သင့်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

5. နှလုံးကို ကောင်းမွန်စေတယ်

နေ့တိုင်းလိုလို ကြက်သွန်ဖြူစားပေးတာက ခန္ဓာကိုယ်ထဲက ကိုလတ်စထော level ကို လျော့ချပေးပါတယ်။ ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ဓာတ်တွေက ခန္ဓာကိုယ်ရဲ့ သွေးဖိအားနဲ့ သကြား level ကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ ဒါမယ့် တစ်ခုသိထားရမှာက နှလုံးအတွက်ကောင်းကျိုးပေးနိုင်ဖို့ဆိုရင် ကြက်သွန်ဖြူက အစိမ်း ဒါမှမဟုတ် မကျက်တကျက်ဖြစ်နေဖို့တော့ စားပေးဖို့ လိုပါတယ်နော်။ ချက်လိုက်ရင်တော့ သူ့ရဲ့ ဓာတ်တွေ လျော့နည်းသွားမှာပဲဖြစ်ပါတယ်။

6. ခေါင်းအုံးအောက်မှာ ထားရင် ဘာဖြစ်မလဲ

နောက်ဆုံးအနေနဲ့ ပရိသတ်တို့ သိချင်နေတဲ့ အကြောင်းအရာလေးကို ဖြေသွားပေးပါမယ်။ ကြက်သွန်ဖြူက အိပ်ပျော်ဖို့ခက်ခဲတဲ့သူတွေအတွက် ဖြေဆေးတစ်ခုလို့ ရာစုနှစ်ပေါင်းများစွာကတည်းက ယုံကြည်လာကြပါတယ်။ ဘာလို့လဲဆိုတော့ ကြက်သွန်ဖြူမှာပါတဲ့ ဆာဖာဓာတ်က ကျမတို့သိပြီးသားဖြစ်တဲ့ ပြင်းထန်တဲ့ အနံ့ကို ပေးပါတယ်။ ပထမတော့ အဲ့အနံ့ကို မခံနိုင်ပေမယ့် နောက်ပိုင်းကျရင် ကျင့်သားရသွားပါလိမ့်မယ်။ အဲ့ဒါက သင့်ရဲ့စိတ်ကို ငြိမ်သွားစေပြီး ကောင်းကောင်းအိပ်မောကျစေမှာ အမှန်ပါပဲ။ နောက်နေ့အလုပ်သွားရင်လည်း သင့်ကို လန်းစန်းတက်ကြွစေနေမှာဖြစ်လို့ အလုပ်မှာလည်း ကောင်းကောင်းအာရုံစိုက်လာနိုင်မှာ အသေအချာပါပဲ။

ခုလို စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင်တော့  Shwe Nyan Shin page ကို Like လုပ်ထားကြပါနော်

Leave a Comment