Mon. Jan 24th, 2022

ဂျပန်လူမျိုးတို့၏ အသက်ရှည်ကျန်းမားရခြင်းလျို့ဝှက်ချက် (၆) ချက်

ကမ္ဘာပေါ်မှာ ဂျပန်လူမျိုုးများဟာ အခြားလူမျိုးများထက် အသက်ရှည်လေ့ရှိကြကြောင်း လူသိများပါတယ်။ ယေဘုယျအားဖြင့် ဂျပန်လူမျိုးများဟာ ပျှမ်းမျှအသက် (၈၅.၃)နှစ်ထိ ရှိကြပြီး အမေရိကန်လူမျိုးများဟာတော့ မျှမ်းမျှ (၈၀)နှစ်သက်တမ်းရှိကြပါတယ်။

ထို့ကြောင့်အသက်ရှည်ကျန်းမာရခြင်းရဲ့ လျို့ဝှက်ချက်ကို စူးစမ်းလေ့လာပြီး သိရှိရသမျှကို ဖော်ပြတင်ဆင်ပေးလိုပါတယ်။ သင့် အနေနဲ့ မှတ်စုစာအုပ်တစ်အုပ်နဲ့ လိုက်မှတ်ထားသင့်ပါတယ်။

(၁) ကျန်းမာရေးနှင့်ညီညွတ်မျှတသော ဂျပန်ရိုးရာအစားအသောက်များ

ပုံမှန်ဂျပန်အစားအစာများတွင်အစေ့အဆန်များနှင့်ဟင်းသီးဟင်းရွက်များပါ ၀ င်ပြီး အသားကိုအမေရိကန်နှင့်အနောက်ဥရောပကဲ့သို့မစားကြချေ။ အသားများဟာ ငါးထက်ပင် ကိုလက်စ်ထရော ပိုများပြီး နှလုံးရောဂါနှင့်လေဖြတ်ခြင်းတို့ကိုဖြစ်နိုင်ချေပိုမြင့်စေပါတယ်။
ဂျပန်လူမျိုးများဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့်အယ်လ်ဇိုင်းမားရောဂါဖြစ်စေနိုင်သောပြည့်ဝဆီများဖြစ်သောနို့ထွက်ပစ္စည်းများကိုများများစားစား စားလေ့မရှိပါဘူး။ကော်ဖီအစား လက်ဖက်ရည် သို့မဟုတ် ရေနွေးကြမ်းများ သောက်လေ့ရှိပါတယ်။

(၂) မိသားစုဖြင့်အချိန်ဖြုန်းခြင်း

သက်ကြီးရွယ်အို မိသားစုဝင်များကို ဂရုစိုက်ခြင်းနှင့်အိမ်ပတ်၀န်းကျင်ကို ကူညီခြင်းတို့ဟာ ဂျပန်နိုင်ငံ၏ အစဉ်အလာတစ်ခုဖြစ်ပါတယ်။ ဂျပန်တွင် မျိုးဆက် အဆက်ဆက် မိသားစုများလည်းရှိပါတယ် ၊ ဆိုလိုသည်မှာ မျိုးဆက် ၂ ခုသို့မဟုတ် ထို့ထက်ပိုသော မျိုးဆက်များဟာ တစ်မိသားစုထဲ တွင်အတူနေထိုင်လျက်ရှိပါတယ်။ထို့ကြောင့် မိသားစုနှင့်အတူရှိနေသောအချိန်များဟာ သက်ကြီးရွယ်အိုများအတွက် ပျော်ရွှင်ကျန်းမာစေရန် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ အားပေးမှုတစ်ခုလဲ ဖြစ်ပါတယ်။

(၃) ” Ikigai ” :နေ့စဉ်နိုးထလာခြင်းရဲ့အကြောင်းပြချက်

Ikigai ဆိုသည်ကတော့ “ ရှင်သန်ရခြင်းအကြောင်းရင်း” ကိုဆိုလိုပါတယ်။ ၎င်း စကားလုံးဟာ ဂျပန်နိုင်ငံတွင် စတင်အရင်းပြုခဲ့ပြီးယခုကမ္ဘာတစ်ဝှမ်းတွင်လူကြိုက်များလာသည့် ဘ ၀ ၌ ဦး တည်ချက်ရည်ရွယ်ချက်ရှိ စေရေး အယူအဆတစ်ခုဖြစ်ပါတယ်။ဂျပန်စိတ်ပညာရှင် Michiko Kumano က ikigai ဟာ နှစ်သက်သောအရာများအားပြီးမြောက်အောင်မြင်ခြင်းကိုဖော်ပြသည် ဟုဆိုပါတယ်။
Tohoku တက္ကသိုလ်မှသုတေသီများက ikigai အကြောင်းသိပြီး နားလည်လေ့ကျင့်ထားသောသူများဟာ နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေပြီး အသက်ပိုရှည်စေကြောင်းတွေ့ရှိခဲ့ကြပါတယ်။

(၄) သန့်ရှင်းသပ်ရပ်သောဂျပန်

ဂျပန်ကျောင်းသားများ သူတို့၏ ကျောင်းများကိုသန့်ရှင်းရေးလုပ်သောဗွီဒီယိုများကို လူတိုင်းသိကြမှာပါ ။ ဂျပန်ဟာ ကမ္ဘာပေါ်မှာအသန့်ရှင်းဆုံးနိုင်ငံများစာရင်းတွင်တစ်ခုအပါအ၀င်ဖြစ်ပြီး သန့်ရှင်းမှုက ကျန်းမာရေးကောင်းစေတယ်ဆိုတာကို သက်သေပြစရာလိုမယ်တောင်မထင်ပါဘူး။(ဂျပန်ရှိကပ်ဘေးများဟာ ဥရောပတိုက်နှင့်နှိုင်းယှဉ်လျှင်သိသာစွာ‌ လျော့နည်းပါတယ်)
နေ့စဉ်လက်ဆေးခြင်းနှင့်ရေချိုးခြင်းဟာ ကမ္ဘာ့ယဉ်ကျေးမှုထုံးစံတစ်ခု ဖြစ်လာပြီး သန့်ရှင်းမှုရှိခြင်းသည်ရောဂါများ (အထူးသဖြင့်သင်အသက်ကြီးသောအခါ) ကိုရှောင်ရှားရန်ကူညီပေးပြီး ဖျားနာခြင်းကိုကာကွယ်နိုင်ပါတယ်။

(၅) အလွန်အကျွံ အစားစားခြင်းကိုရှောင်ရှားရန်“ hara hachi bu” နည်းလမ်း

၁၀ပုံ ပုံ ၈ပုံ စားပါ၊ သင်စားနိုင်စွမ်း၏ ၈၀ ရာခိုင်နှုန်းထိသာ စားခြင်းဟာ အ၀လွန်ခြင်းကိုရှောင်ကြဥ်နိုင်‌သော ကွန်ဖြူးရှပ် အတွေးအခေါ်တစ်ခုဖြစ်ပါတယ် ။ The Okinawa Program : World’s Longest-People People Achieve Everlasting Health and How You Can Too ၏ စာရေးဆရာများဖြစ်သူ Bradley and Craig Wilcox and Makoto Suzuki တို့က အဆိုပါနည်းလမ်းသည် ကယ်လိုရီစားသုံးမှုကိုကန့်သတ်ပေးပြီး သက်ကြီးရွယ်အိုများ၏ သက်တမ်းကိုရှည်စေနိုင်သည်ဟု အကြံပြုကြပါတယ်။

(၆) လမ်းလျှောက်ဝါသနာရှင်များ

ဂျပန်လူမျိုးတော်တော်များများဟာ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်တာတင်မကဘဲ ပုံမှန်လမ်းလျှောက်ခြင်းကိုပါ လုပ်ကြပါတယ်။ ဂျပန်လူမျိုးများ အထူးသဖြင့်သက်ကြီးရွယ်အိုများဟာ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ အလုပ်သွားရန် ကားအစား ရထားစီးခြင်းများ ပြုလေ့ရှိကြပါတယ် ။ ဂျပန်နိုင်ငံတွင် ကားများဟာ အမှန်တကယ် လူကြိုက်မများပဲ သင်သွားလိုသည့်နေရာတိုင်းသို့ လွယ်ကူစွာသွားလာနိုင်သော အလွန်ကောင်းမွန်သည့် ရထားစနစ်များ ထားရှိထားကြပါတယ်။

ယခုတင်ပြခဲ့တဲ့အပေါ် သင့်အမြင်နှင့် ဝေဖန်အကြံပြုလိုသည်များကိုလည်း comment မှာ ရေးသားထားခဲ့နိုင်ပါတယ်။

 

SourceBrightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *