Mon. Aug 15th, 2022

ခိုလှုံရာအိမ်ကို ဘယ်လိုဆောက်ရမလဲဆိုတာ ကောင်းကောင်းသိကြတဲ့ ငှက်ကလေးများ

လူသားတွေက အိမ်‌ေတွနှင့် အဆောက်အဦးများကို တည်ဆောက်နိုင်သည့် တစ်ခုတည်းသော မျိုးစိတ်မဟုတ်ပါဘူး။ ကျွန်ုပ်တို့ကဲ့သို့ပင် တိရစ္ဆာန်လေးတွေကလည်း ၎င်းတို့၏ မိသားစုကို ပြုစုပျိုးထောင်ရန် လုံခြုံပြီး နွေးထွေးတဲ့နေရာတစ်ခု လိုအပ်ပါတယ်။ ထို့ကြောင့်ရာသီဥတုဒဏ်ကို ကာကွယ်ရန်နှင့် သားရဲကောင်များထံမှ ပုန်းအောင်းနိုင်ရန် တိရစ္ဆာန်‌ေလးများတည်ဆောက်ထားသည့် အံ့သြဖွယ်ကောင်းတဲ့ အဆောက်အအုံများ ပြည့်နှက်နေသည်မှာ အံ့သြစရာမဟုတ်‌ေတာ့ပါ။

 

ယခုအခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ နေစရာအိမ်ဆောက်လုပ်နိုင်တဲ့ ငှက်လေးတွေအကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Bianca Caroline Soares က Paraguayan သဘာဝဘေးမဲ့တောရဲ့ ထိန်းသိမ်းရေးအရာရှိတစ်ဦးဖြစ်တဲ့အတွက်ကြောင့် သူမရဲ့အိမ်အနီးမှာရှိတဲ့ တောရိုင်းအကိုင်းအခက်များတွင် ခိုနေသောငှက်အသိုက်များကို မြင်တွေ့ရခြင်းက မထူးဆန်းတော့ပါ။ ရဒါပေမယ့် ပြီးခဲ့တဲ့ နွေဦးရာသီမှာ လမ်းလျှောက်ရင်း သူမကို စိတ်လှုပ်ရှားစေမယ့် အလွန်ထူးခြားတဲ့ အရာတစ်ခုကို တွေ့ခဲ့ပါတယ်။ဘာလဲဆိုတော့ အမိုးပါသော ငှက်သိုက်ကို သူမတွေ့လိုက်ရခြင်း ဖြစ်ပါတယ်။

ဤလိမ္မာပါးနပ်တဲ့ ဟမ်မင်းငှက်မိခင်က သူမရဲ့နေအိမ်ကို ပိုမိုထူးခြားပြီး သက်တောင့်သက်သာဖြစ်စေဖို့အတွက် အမိုးပါတဲ့ အိမ်တစ်လုံးဆောက်ဖို့ သစ်ပင်သစ်ကိုင်းကို ကြံကြံဖန်ဖန် ရွေးချယ်ခဲ့ပါတယ်။ ပြောစရာမလို‌ေလာက်အောင် ဒီအိမ်ဟာ ပျော်ရွှင်ပြီး နွေးထွေးတဲ့ မိသားစုကို စတင်ဖို့ အကောင်းဆုံးနေရာပါ။

နောက်ရက်သတ္တပတ်မှာ Soares က ထိုထူးခြားတဲ့ငှက်ရဲ့အသိုက်ကို တစ်ဖန်သွားရောက်ခဲ့ပြီး မိခင်မှာ ဟမ်မင်ငှက်ကလေးနှစ်ကောင်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ သေချာပါတယ်၊ အမေရဲ့ တွေးခေါ်မှုဟာ သူ့မိသားစုငယ်လေးကို သေချာပေါက် ကူညီပေးခဲ့ပါတယ်။ အရွက်နှင့် အမိုးမှ ပေးတဲ့ အရိပ်ကြောင့် အပူဆုံးသောနေ့များတွင်ပင် သူမ၏ ကလေးငယ်များကို သက်တောင့်သက်သာ ထားနိုင်ခဲ့ပါတယ် ။

ကဲ မိခင်မေတ္တာကတော့ အနှိုင်းမဲ့ပါပဲနော်။ သူ့သားသမီးတွေအတွက် ‌ေ‌တွးပေးတဲ့စိတ်ဓာတ်ကတော့ တကယ်လေးစားစရာပါပဲ။ နောင်လည်း ယခုလိုအကြောင်းအရာများကို ရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ပေ့ခ်ျလေးကို Like & Followပြုလုပ်ထားဖို့ မမေ့ပါနဲ့နော်

 

Source aubut.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published.