Mon. Jan 24th, 2022

အကောင်လေးတွေရဲ့ တစ်ကိုယ်တည်း အချိန်တွေကို လှပစွာ ရိုက်ကူးထားတဲ့ ဓာတ်ပုံများ

Julian Rad က အသက် ၂၉ နှစ်အရွယ် ဩစတြီးယားမှ ဆုရ တောရိုင်းတိရစ္ဆာန် ဓာတ်ပုံဆရာတစ်ဦးဖြစ်ပါတယ်။သဘာဝနေရင်းနေရာရှိ ရှဥ့်များ၊ ယုန်များ၊ သစ်သားကြွက်များ၊ ဟမ်းစတာများနှင့် အခြားတိရစ္ဆာန်ငယ်များ၏ ချစ်စရာကောင်းသော ဓာတ်ပုံများကို ရိုက်ကူးပေးခဲ့ပါတယ်။

အထူးသဖြင့် အသေးငယ်ဆုံးသော တိရစ္ဆာန်လေးတွေရဲ့ ကမ္ဘာငယ်လေးများ သဘာဝ၏ မှော်ဆန်သော အခိုက်အတန့်များကို လက်လွှတ်လိုက်ဖို့ကလွယ်ကူပါတယ်။ ထို့ကြောင့် Julian ကဲ့သို့သော တောရိုင်းတိရစ္ဆာန် ဓာတ်ပုံဆရာများက သဘာဝရှိ ဤတိရိစ္ဆာန်လေးများ၏ ထူးထူးခြားခြား ရိုက်ချက်များကို ရိုက်ကူးရန်လုပ်ဆောင်ကြပါတယ်။ ကျွမ်းကျင်မှု၊ စိတ်ရှည်မှုနှင့် တိကျမှု‌ေတွနှင့် Julian ၏ ဓာတ်ပုံများက ရှားပါးပြီး ဤ အနုစိတ်မှုဖြင့် ချစ်စရာကောင်းသော သတ္တဝါများကို ပြသပုံ‌ေဖာ်ထားခဲ့ပါတယ်။

တောရိုင်းတိရိစ္ဆာန်ဓာတ်ပုံရိုက်ရာတွင် စိတ်ရှည်သည်းခံမှုများစွာလိုအပ်ပြီး Julianက ထိုအံ့သြဖွယ်ကောင်းသောဓာတ်ပုံများကို ရိုက်ကူးနိုင်ရန် နာရီပေါင်းများစွာ ငြိမ်ငြိမ်ထိုင်နေရတာ ဖြစ်နိုင်ပါတယ်လို့ ဆိုခဲ့ပါတယ်။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

25

26

27

28

29

30

31

32

 

ကဲ Julianကတော့ တကယ်ကို ငယ်ရွယ်ပြီး အရည်အချင်း ပြည့်ဝတဲ့ ဓာတ်ပုံဆရာ တစ်ဦးဖြစ်ပါတယ်။ အကယ်၍ သင်က သူ့ဓာတ်ပုံတွေကို ဆက်လက်ကြည့်ရှုချင်သေးတယ် ဆိုရင်တော့ သူ့ရဲ့ အင်စတာဂရမ်ပေ့ခ်ျမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ နောင်လည်း ယခုလို ဗဟုသုတရစရာများကို ရှာဖွေတင်ဆက်ပေးသွားမီာ ဖြစ်လို့ ကျွန်တော်တို့ပေ့ခ်ျလေးကို Like & Followပြုလုပ်ထားဖို့ မမေ့ပါနဲ့နော်

Source 121clicks.com

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *