Fri. Jan 21st, 2022

မျိုးစိတ်မတူညီသော်လည်း ချစ်ခြင်းမေတ္တာနှင့် ခင်မင်ရင်းနှီးမှုဟာ နယ်နိမိတ်မရှိကြောင်း ပြသနေသည့် အမိုက်စားဓာတ်ပုံများ

သဘာဝကမ္ဘာကြီးသည် တိရိစ္ဆာန်များနှင့် ၎င်းတို့၏ ဆင့်ကဲဖြစ်စဉ်အံ့ဖွယ်များများဖြင့် ပြည့်နှက်နေပါတယ်။ ဤတိရစ္ဆာန်များသည် ၎င်းတို့၏လှပသောအသွင်အပြင် ၊ ၎င်းတို့၏ထူးခြားသောစရိုက်များဖြင့် ကျွန်ုပ်တို့၏နှလုံးသားများကို သိမ်းပိုက်ရုံသာမက၊ တစ်ခါတစ်ရံတွင် သူတို့အချင်းချင်းပြသသည့် ချစ်ခြင်းမေတ္တာကိုလည်း တွေ့ရတတ်ပါတယ်။ အချို့သောကိစ္စများတွင်၊ မျိုးစိတ်အမျိုးမျိုးမှ မတူညီသော တိရစ္ဆာန်များသည် ကျွန်ုပ်တို့အား အားကျအတုယူဖွယ် အပြန်အလှန်ရင်းနှီးမှုဆက်ဆံရေးများကို ပြသတတ်ကြပါတယ်။

မကြာသေးမီက၊ Zaheer Ali ဟုခေါ်သော တောတွင်းလမ်းပြဓာတ်ပုံဆရာတစ်ဦးသည် ၎င်း၏ ခရီးစဉ်မှတဆင့် ချိုမြိန်သောမြင်ကွင်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ကြံ့တစ်ကောင်ကို တောင်အာဖရိက oxpecker မျိုးစိတ် ငှက်သူငယ်ချင်းလေးများက ဝိုင်းရံထားပါတယ် ။ ဤမျိုးစိတ်နှစ်ခုဟာ တူညီသော Sub-Saharan African savanna ဒေသမှာနေထိုင်ကြသောကြောင့် ဒါဟာ ရှားပါးသောမြင်ကွင်းတစ်ခု တော့မဟုတ်ပါဘူး။ သို့သော်လည်း Ali သည် ကြံ့အကြီးကြီးနှင့် ၎င်း၏ သူငယ်ချင်း သေးသေးလေးအကြားက အလွန်နူးညံ့သည့် အခိုက်အတန့်ကို တွေ့လိုက်သောအခါ အချိုမြိန်ဆုံးမြင်ကွင်းအဖြစ်‌ပုံဖမ်းယူခဲ့ပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း၊ red-billed oxpecker ငှက်ဟာ ကြံ့ချိုပေါ်မှာ ညင်သာစွာထိုင်ပြီး သူ့သူငယ်ချင်းကို အချိုသာဆုံးပွေ့ဖက်ထားပါတယ်။ Ali သည် ၎င်းတို့၏ ခင်မင်ရင်းနှီးမှုကို သဘောကျခဲ့ပြီး သူ၏ Instagram တွင် “တစ်ခါတစ်လေ မင်းလိုအပ်တာက ပွေ့ဖက်ခြင်းပဲ !” ဆိုတဲ့ ခေါင်းစဉ်နဲ့ မျှဝေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါက မိခင်သဘာဝတရားက ပေးထားတဲ့ ချစ်စရာကောင်းတဲ့ မြင်ကွင်းတွေထဲက တစ်ခုလို့ လူတိုင်းက သဘောတူပါတယ်။ ချစ်ခြင်းမေတ္တာနှင့် ခင်မင်ရင်းနှီးမှုသည် နယ်နိမိတ်မရှိ ကြောင်း ကမ္ဘာကို သက်သေပြလိုက်သော သူငယ်ချင်းနှစ်ယောက်ပဲဖြစ်ပါတယ်။

” ကြံ့ဦးချိုပေါ်မှာ သူ့ရဲ့နှုတ်သီးကို ချွန်နေတဲ့ ဒီငှက်လေးကို ငါကြည့်နေခဲ့ပြီး ဒါဟာ ငါတစ်ခါမှ မမြင်ဖူးတဲ့အရာတစ်ခုပါပဲ” ဟု အလီက Zali Safari ဘလော့ဂ်ပို့စ်တွင် ရေးသားခဲ့ပါတယ်။ “ ကင်မရာကို ကိုင်ကာ အချိန်ကို စောင့်ဆိုင်းခဲ့ပြီး ကြံ့ဦးချိုပေါ်မှာ ငှက်လှဲနေချိန်တွေကို ရိုက်ကူးခဲ့ပါတယ်” လို့ ဆက်ပြောပြပါတယ်။

အများအားဖြင့်၊ ငှက်နှင့် ကြံ့တို့သည် အကျိုးပြုသော ဆက်ဆံရေးရှိပါတယ်။ သေးငယ်သော ငှက်သည် ကြံ့ကို အခမဲ့ သန့်စင်ပေးသည့်သ‌ ဘောဖြင့် နှာခေါင်းပေါက်နှင့် အခြားနေရာများမှ ကပ်ပါးပိုးများကို စားပါတယ် ။ ဆွာဟီလီဘာသာစကားတွင် Red-billed oxpecker ငှက်ကို “ကြံ့စောင့်” ဟု အဓိပ္ပါယ်ရသော Askari wa kifaru ဟုခေါ်ပါတယ်။ ဤငှက်များသည် မြင်းကျား၊ နွားထီး သို့မဟုတ် တောရိုင်းပျားများကဲ့သို့ အာဖရိက ဆာဗားနားရှိ အခြားသော တိရစ္ဆာန်များနှင့်လည်း နှစ်ဦးနှစ်ဖက်အကျိုးပြူသော ဆက်ဆံရေးကို တည်ဆောက်နိုင်စွမ်းရှိကြပါတယ်။

ကျေးဇူးပြု၍ ဤအမိုက်စားဓာတ်ပုံများကို သင့်သူငယ်ချင်းများနှင့် မိသားစုဝင်များ၏နေ့စဉ်သာယာမှုကိုဖန်တီးပေးရန် မျှဝေပေးလိုက်ပါ။

Source Aubtu.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *