Mon. Aug 15th, 2022

ငွေဖြင့်ဝယ်ယူ၍မရနိုင်သော အချစ် သို့မဟုတ် ခင်မင်ရင်းနှီးမှု

သုတေသနများအရ မိမိဘဝအောင်မြင်မှုကို ငွေကြေးအောင်မြင်မှုနှင့်တိုင်းတာတတ်သူအများစုဟာ ဘဝမှာအထီးကျန်နေတတ်ကြပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းများကို Buffalo University နှင့် Harvard ကျောင်းများမှ လေ့လာမှုများပြုလုပ်ခဲ့ပါတယ်။

University of Buffalo မှ စိတ်ပညာပါမောက္ခ Lora Park က ” လူတစ်ယောက်ဟာ ဘဝကိုငွေကြေးအောင်မြင်မှုအပေါ်ကိုသာ အခြေခံလိုက်တဲ့အခါ စိတ်ဖိအားများ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်များ ဆုံးရှုံးကာ လူမှုဆက်ဆံရေးပြသာနာများပိုမိုရင်ဆိုင်ရမှာပါ ” လို့ဆိုပါတယ်။

အချစ် နှင့် ခင်မင်ရင်းနှီးမှုကို ဘာကြောင့်ငွေနဲ့ဝယ်လို့မရနိုင်တာလဲ ???

” ငွေကြေးအောင်မြင်မှု ပန်းတိုင်တစ်ခုစီသို့ ရုန်းကန်ကြိုးစားရင်းဖြင့်ရရှိလာသော စိတ်ဖိအားများကြောင့် ကျွန်ုပ်တို့အနားနှာရှိသောလူများကို အချိန်ပေးရန် ပျက်ကွက်လာပြီး အထီးကျန်ခြင်း ၊ အဆက်အသွယ်ပြတ်တောက်ခြင်းများကြုံတွေ့ရတာပဲ ဖြစ်ပါတယ်” လို့ University of Buffalo စိတ်ပညာဌာနအဖွဲ့ဝင်နှင့် ဘွဲ့ရကျောင်းသားတစ်ဦးဖြစ်သူ Deborah Ward ကပြောပါတယ်။ Deborah က Havard business School မှလက်ထောက်ပါမောက္ခ Ashley Whillian , University of Westerm Australia မှ Kristin Naragon-Gainey , University of Buffalo မှဘွဲ့ရခဲ့သူ Hang Yung Jung တို့နှင့်အတူ လေ့လာရေး teamတစ်ခုဖွဲ့ကာ သုတေသနလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါလေ့လာမှု၏ ရလဒ်များကိုတော့ Personality and Social Psychology Bulletin မှာ ဖော်ပြခဲ့ပြီး အထူးသဖြင့် အခက်အခဲများကြုံတွေ့နေရချိန် သို့မဟုတ် အောင်မြင်မှုကို ရုန်းကန်ရှာဖွေနေရချိန်များ လိုအပ်သော လူမှုဆက်ဆံရေးနယ်ပယ် နှင့် စိတ်ကျန်းမာရေးများအတွက် လိုအပ်သော ဆက်သွယ်ချက်များ၏ အခန်းက‌ဏ္ဍကိုကို အထူးပြုဖော်ပြထားပါတယ်။

” စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်ခြင်းများဟာ တစ်သီးတစ်သန့်ဖြစ်စေပါတယ်။အခုလို ကိုဗစ်-၁၉ ကပ်ရောဂါဘေးကာလာမျိုးမှာဆို သူင်ူချင်းတွေနဲ့တောင်မတွေ့နိုင်တဲ့ သီးခြားနေထိုင်မှုများကိုခက်ခဲစွာကျော်ဖြတ်နေရမှာပါ” လို့ Ward ကပြောပါတယ်။ “လူမှုဆက်ဆံရေးဝန်းကျင်တစ်ခုဟာ အရေးကြီးပါတယ်။လူတစ်ဦး၏ မိမိကိုယ်ကိုယုံကြည်မှု၊ စိတ်ကျန်းမာပျော်ရွှင်မှုများအတွက်လိုအပ်ပါတယ်။ စီးပွားရေးဆိုင်ရာအောင်မြင်မှု ၊ ဘဝအောင်မြင်မှုများဟာလည်း မိသားစု နှင့် သူငယ်ချင်းဝန်းရံနေသည့် ပျော်ရွှင်စရာ နယ်ပယ်တစ်ခုဆီကနေလာတာပဲများပါတယ်” လို့သူကဆက်ပြောပြပါတယ်

ပြသာနာတွေများနေမယ် ၊ လူမှုပတ်ဝန်းကျင်နဲ့ဝေးကွာနေမယ်ဆို ငွေကြေးအောင်မြင်မှုဆီလည်း မရောက်နိုင်ပါဘူးး။မိမိကိုယ်ကိုတန်ဖိုးထားမှုကို ငွေကြေးအောင်မြင်မှုနဲ့ ယှဉ်ထိုးကြည့်တဲ့အခါမှာ မိမိကိုယ်ကိုဘယ်လောက်ထိ စိတ်ကျေနပ်မှုရှိနိုင်လဲ ၊ မိမိဘယ်လိုကြိုးစားခဲ့ရလဲ ဆိုတာတွေကို မြင်ကြည့်ပါ။ သာမန်အားဖြင့်တော့ ငွေကြေးအောင်မြင်မှုများအတွက် ခံစားချက်ကောင်းများခံစားရပြီး ငွေကြေးမအောင်မြင်လျှင် မိမိကိုယ်ကိုတန်ဖိုးမရှိဘူး ဟုခံစားရပါလိမ့်မယ်။

သုတေသနတွင် ပါဝင်သူ လူပေါင်း 2500 သည် မတူညီသော လေ့လာမှုငါးခုတွင် ပါဝင်ခဲ့ပြီး မိမိကိုယ်ကို တန်ဖိုးရှိခြင်းအတွက် ငွေကြေးဆိုင်ရာ စိတ်ချရမှုနှင့် အချို့သော ပြောင်းလဲမှုများကြား ဆက်စပ်မှုကို ရှာဖွေခဲ့ပါတယ် ၊ ဥပမာ – အထီးကျန်မှု ၊ အခြားသူများနှင့် ထိတွေ့ဆက်ဆံချိန် ၊ အဆက်သွယ်ပြတ်တောက်မှုစသည်တို့ကဲ့သို့သော အရာများပါဝင်ပါတယ်။ဒီလေ့လာမှုကို နှစ်ပတ်ကြာမျှ နေ့စဥ်ပြုလုပ်ခဲ့ပြီး ပါဝင်သူများအနေနဲ့ ငွေ၏အရေးကြီးမှု နှင့် လူမှုရေးနယ်ပယ်ကြား အားနည်းပြတ်တောက်မှုတို့အ ပေါ် မည်သို့ခံစားရသည်ကို ဖော်ပြစေခဲ့ပါတယ်။

“ကျွနိုပ်တို့ဟာ ငွေကိုအ‌လေးထားမှုနဲ့ လူမှုဆက်ဆံရေးနယ်ပယ်အားနည်းမှု တို့အကြား ခိုင်မာသော ဆက်နွယ်မှုတစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါတွေက ဘာလို့လဲဆိုတာ မေးစရာဖြစ်လာပါတယ် ” ဟု Ward ကပြောပါတယ်။ ” မိမိကိုယ်ကို တန်ဖိုးထားမှုကို ငွေကြေးကြွယ်ဝမှုအပေါ်အခြေခံတဲ့ လူများဟာ ဖိအားများစွာခံစားရလေ့ရှိပြီး လူမှုဆက်ဆံရေး အရည်အသွေးများ ကျဆင်းသွားတတ်ကြတာကို ဒီသုတေသနရဲ့ ရလဒ် သက်သေအဖြစ်မြင်ခဲ့ကြရပါတယ်” လို့ Ward ကဆက်လက်ပြောကြားပါတယ်။

ထို့အပြင် Ward က ဒီသုတေသနဟာ မိမိ ကိုယ်ပိုင်တန်ဖိုးကို ငွေကြေးဆိုင်ရာ အခြေအနေ ဖြင့် တိုင်းတာနေခြင်းများကို ဖော်ထုတ်ရန် ကြိုးပမ်းမှုစတင်ခြင်းအတွက် ကိုယ်စားပြုတယ်လို့လညိး ဆိုပါသေးတယ်။

Ward က ” ဒီလေ့လာမှုများဟာ ငွေကြေးတန်ဖိုးနှင့် လူမှုရေးဆိုင်ရာလစ်ဟင်းမှုများကြားဆက်နွယ်ချက်ကို ဖော်ထုတ်ပေးမယ့် လေ့လာတစ်ခုဖြစ်လာ ဖို့မျှော်လင့်ပါတယ်လို့” ဆိုခဲ့ပြီး ” ကျွန်တော်တို့ နောက်ဆုံးအဖြေတစ်ခုကိုတော့မရသေးပေမယ့် သက်ရောက်နေတဲ့ ဖိအားများစွာကိုတော့ မြင်တွေ့လိုက်ရပါပြီ” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

 

zawgyi













 

Leave a Reply

Your email address will not be published.