Roger Williams Park Zoo တွင်အထူးဧည့်သည်တော်အဖြစ် ပြသခဲ့သည့်ရှားပါး Albino American ခေါင်းတိုမိကျောင်းဖြူ
တောရိုင်းတိရိစ္ဆာန်အများစုသည် ၎င်းတို့၏ဘဝကို ချို့ယွင်းချက်ကင်းစွာ နေထိုင်ကြသော်လည်း မလိုလားအပ်သော မွေးရာပါချို့ယွင်းချက်အချို့ကြောင့် အသက်ရှင်ရပ်တည်နိုင်ရန် အကူအညီလိုအပ်သော အကောင်များလည်းရှိပါတယ်။ ဥပမာ- albino ဟုခေါ်သော အရောင်ခြယ်ပစ္စည်း ချို့ယွင်းချက်များဖြစ်ပါတယ်။ အခြား အကောင်များကဲ့သို့ ပုံမှန်အသွင်အပြင်မရှိဘဲ ထိုအကောင်များသည် အသက်အန္တရာယ်များသော သတ္တဝါများဖြစ်ပါတယ်။
ဤ albino American မိကျောင်းခေါင်းတိုဟာထူးခြားသော သတ္တဝါများထဲမှ တစ်ကောင်ဖြစ်ပြီး သူမအား ဖလော်ရီဒါရှိ ပန်းခြံတစ်ခုတွင် ကယ်တင်ပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားနိုင်ခဲ့ပါတယ်။။ ကြီးကျယ်ခမ်းနားသော သူမအား Disney ဇာတ်ကားရိုက်ကူးမှု “Frozen” မှ နာမည်ကြီးဘုရင်မကိုအစွဲပြုကာ Elsa ဟု အမည်ပေးထားပြီး Disney ဇယတ်ကားမှ Elsa တွင်လည်း ရင်သပ်ရှုမောဖွယ်ကောင်းသော အဖြူရောင်ဆံကေသာများပါရှိသောကြောင့် ၎င်းအမည်သည် သူမနှင့် အလွန်လိုက်ဖက်ပါတယ်။
ထူးခြားသော သူမကို မကြာသေးမီက Rhode Island၊ Roger Williams Park တိရစ္ဆာန်ရုံသို့ ယာယီပြပွဲတစ်ခု ပြုလုပ်ရန် သယ်ဆောင်လာခဲ့ပြီး ပရိသတ်များသည်လည်း ထိုကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ရာ တိရိစ္ဆာန်ကို လေ့လာကြည့်ရှူရန် စိတ်ဝင်စားနေကြပါတယ်။
Albinism သည် ၎င်း၏ လုံခြုံရေးများအတွက် ပြဿနာများစွာကို ဖြစ်စေပါတယ် ။ မိကျောင်းများသည် နှစ်သန်းပေါင်း 150 ကျော် ရှင်သန်ရန် ကိုယ်ရောင်ဖျောက်ပုန်းကွယ်ခြင်းများကို မှီခိုအားထားနေရသော်လည်း ကံမကောင်းစွာဖြင့် အဲလ်ဆာသည် Melanin (ပုံမှန်အားဖြင့် တိရစ္ဆာန်နှင့် လူတို့ကို အရောင်ပေးသည့် အရောင်ခြယ်ပစ္စည်း) ချို့တဲ့သော သူမ၏ ရှားပါးအခြေအနေကြောင့် သူမ၏ ဆွေမျိုးမိကျောင်းများကဲ့သို့
ပုန်းကွယ်ထားရန် မဖြစ်နိုင်တော့ပေ။
သူမဟာ အလွန်ထင်ရှားသောကြောင့် အန္တရာယ်ပြုခံရရန် အလားအလာပိုများသလို သူ့လို albino တိရိစ္ဆာန်တွေဟာ နေလောင်ခံရခြင်းအပေါ်လဲ အန္တရာယ်ရှိကြပါတယ်။
” သူတောရိုင်းထဲမှာနေရင် အဆင်ပြေမှာ မဟုတ်ဘူး” ဟု Roger Williams Park Zoo ၏ ပြောရေးဆိုခွင့်ရှိသူ Corrie Ignagni က ပြောကြားခဲ့ပါတယ်။ “သူတို့မွေးကာစမှာ လက်မအနည်းငယ်သာရှိတာကြောင့် ပိုကြီးတဲ့ အကောင်ကြီးတစ်ကောင်က သူ့ကို သားကောင်အဖြစ်ဖမ်းယူပါလိမ့်မယ် ” လို့ဆိုပါတယ်
အဆိုပါအထူးဧည့်သည်တော်၏ ဘေးကင်းမှုအတွက် တိရစ္ဆာန်ရုံစောင့်များသည် ပြုပြင်မွမ်းမံထားသော ဖန်လုံအိမ် ယာယီပြခန်းကို “သဘာဝအရိပ်” ဟုအမည်ပေးကာ သူမအတွက် အကာအရံတစ်ခု ဖန်တီးထားပါတယ်။
Elsa သည် ထိုနေရာတွင် တည်းခိုရသည်ကို အလွန်နှစ်သက်ပုံရပါတယ်။ တက်ကြွလှုပ်ရှားနေသော သူမဟာ တစ်ရေးတစ်မော ပင် မအိပ်ဘဲ ကျောက်ဆောင်များပေါ်၌ ရေကူးပြီး တောင်တက် နေပါတယ်။ ဒါက သူမအကြိုက်ဆုံး လှုပ်ရှားမှုတစ်ခုဖြစ်သည်။
ချစ်စရာကောင်းသော ဤမိကျောင်းဖြူသည် ဆောင်းဦးရာသီမှာတော့ ဖလော်ရီဒါသို့ ပြန်သွားတော့မည် ဖြစ်ပါတယ်။ထို့ကြောင့် သင်လည်း Roger Williams Park Zoo သို့ သွားလည်ပြီး အံ့သြဖွယ်ကောင်းသော သူမကို အမြန်ဆုံး။သွားကြည့်လိုက်ပါ။
Source Aubtu.biz
Written One Daily Media