Fri. Jan 21st, 2022

Relationship တစ်ခုကောင်းမွန်အောင်ကြိုးစားတည်ဆောက်ခြင်းဟာ Right Person ရှာနေခြင်းထက် ဘာကြောင့် ပိုအရေးကြီးတာလဲ

ငယ်ရွယ်စဉ်ကတည်းက အချစ်ရေးနှင့်ပတ်သတ်လာလျှင် right person ကိုရှာရန်လိုအပ်ကြောင်း ကျွန်ုပ်တို့အများစုက ကြားဖူးပါတယ်။ သို့သော်လည်း လေ့လာမှုတစ်ခုအရ ၎င်းသည် အနည်းငယ်မှားယွင်းကြောင်း တွေ့ရပါတယ်။ကျွန်ုပ်တို့၏အာရုံစူးစိုက်မှုကို “တစ်စုံတစ်‌‌ခု” ကိုရှာဖွေခြင်းထက် ရှိနေသော ဆက်ဆံရေးကို အမှန်တကယ် ကောင်းမွန်အောင်လုပ်ဆောင်ခြင်း ဆီသို့ ပြောင်းသင့်ပါတယ်။

ကျွန်ုပ်တို့၏ လက်ရှိ လက်တွဲဖော်နှင့် အကောင်းဆုံးအတူနေနိုင်ရန် ကြိုးစားသင့်ပြီး မြင်းဖြူပေါ်မှပြီးပြည့်စုံတဲ့မင်းသားတစ်ဦးကို ရှာ‌ဖွေနေခြင်းများရပ်တန့်သင့်ပါတယ်။

– နှစ်ဦးနှစ်ဖက်လုံး၏ ဆက်ဆံရေးကို ပြောင်းလဲခြင်း

ကျွန်ုပ်တို့အားလုံးတွင် အခြားသူများထက် ထူးဆန်းသည့် ကွဲပြားခြားနားသော ကိုယ်ရည်ကိုယ်သွေးများရှိပါတယ်။ သို့သော် အချစ်ရေးတစ်ခုတွင် ထိုကိုယ်ရည်ကိုယ်သွေးများက အရေးမကြီးတော့ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှစ်ဦးစလုံးအတွက် အဆင်ပြေမည့် ဆက်ဆံရေးကိုအခြေခံသော စရိုက်လက္ခဏာများကို အတူတကွဖန်တီးရမှာပဲဖြစ်ပါတယ်။ သင့်လက်တွဲဖော်အတွက် သင့်ကိုယ်သင် ပြင်ဆင်ကာ ကြိုးစားရခြင်းမှာ right person ကို ရှာဖွေခြင်းထက် သို့မဟုတ် တစ်ယောက်တည်း လှည့်ပတ်နေခြင်းထက် ပိုကောင်းသည့်ရွေးချယ်မှုဖြစ်ပါလိမ့်မယ်။

ထိုအခါမှာ အချစ်ရေးတစ်ခုက သင်နဲ့ သင့်လက်တွဲဖော် ကို ဘယ်လောက်ပျော်ရွှင်စေတယ်ဆိုတာ နားလည်လာပြီး ကတိကဝတ်များကို အကောင်ထည်ဖော်ချင်လာပါလိမ့်မယ်။ သူတို့နဲ့ အတူရှိရတာ ကံကောင်းတယ်လို့ ခံစားရပြီး သင့်ရဲ့ ပဋိပက္ခအားလုံးကို ရင်ဆိုင်ဖို့ခွန်အားရှိလာပါလိမ့်မယ်။

– ကွဲပြားသောစရိုက်လက္ခဏာများက ပိုမိုရင်ခုန်စေပါတယ်

ကျွန်ုပ်တို့၏ စရိုက်လက္ခဏာများ ကွာခြားချက်များက အချစ်ရေးအပေါ်ကို စိတ်လှုပ်ရှားဖွယ်၊ တက်ကြွစေပါတယ် ။ ဆန့်ကျင်ဘက်များဟာ ဆွဲဆောင်မှုရှိပါတယ်။ ဥပမာ- extrovert များနှင့် introvert များ၊ ည နောက်ကျထိနေတတ်သူများနှင့် မနက်စောစောထတတ်သူလူများ၊ အစီအစဉ်တကျဆွဲကာ သေချာစဉ်းစားတတ်သူများနှင့် စိတ်မြန်လက်မြန်သောသူများ စသည်ဖြင့် ဆွဲဆောင်မှုရှိကြပါတယ်။ စုံတွဲများစွာအတွက် ဒါဟာ စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်သော်လည်း ၎င်းတို့သည် အောင်မြင်သောဆက်ဆံရေး၏ အရေးကြီးသောကဏ္ဍများ ဖြစိပါတယ်။

စုံတွဲအချို့ဟာ တူညီသောရည်ရွယ်ချက်များအတွက် မတူညီသောနည်းလမ်းများကိုရှာဖွေပြီး အချိန်များကို အတူတကွကုန်ဆုံးလေ့ရှိကြပါတယ်။ နှစ်ဦးသားကြား တူညီမှုများ မတွေ့ဘူးဆိုရင်တောင် သင်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကို ထိန်းသိမ်းထားဖို့ အချင်းချင်းရဲ့ အားသာချက်တွေကို အသုံးချပြီး အတူနေနိုင်ပါသေးတယ်။

– Relationship တစ်ခုကြောင့် သင်ဟာယုံကြည်မှု ၊ အချစ်ခံရမှုတို့နှင့်ထိုက်တန်ကြောင်း ဆိုလိုပါတယ်

သင့်ဘေးနားတွင် တစ်စုံတစ်ဦးရှိခြင်းက သင့်အား အားပေးပံ့ပိုးပေးမည်သူ ၊ ယုံကြည်နိုင်သူတစ်ဦး ရှိသည်ဟု အဓိပ္ပါယ်ရပြီးပန်းတိုင်ကို ရောက်ရန် တွန်းအားရှိပါလိမ့်မယ်။ တစ်နှစ်ပြီးတစ်နှစ် ကျော်ဖြတ်လာသည်နှင့်အမျှ သင်တည်ဆောက်ခဲ့သော အချစ်ရေး၏အောင်မြင်မှုများကို ဆက်လက်တည်ဆောက်ဆဲဖြစ်ပါတယ်။ ရလဒ်အနေဖြင့် အချစ်များ ပိုမိုအားကောင်းလာမည်ဖြစ်ပြီး သင့် နှင့် သင့်လက်တွဲဖော်တို့ကြား အကောင်းဆုံးအရာများကို အပြန်အလှန် ရရှိခံစားနိုင်ကြမည်ဖြစ်တာကြောင့် ပျော်ရွှင်မှု၊ နွေးထွေးမှုနှင့် မျှော်လင့်ချက်တို့ကို ဖန်တီးပေးပါလိမ့်မယ်။

သင် စီစဉ်ထားသည့်အတိုင်း မဖြစ်လာလျှင်ပင် ထိုအရာများကို ပြောင်းပြန်လှန်ရန် အလွန်လွယ်ကူပါလိမ့်မယ်။ နားလည်မှုရှိသော လက်တွဲဖက်တစ်ဦးကြောင့် စိတ်အားထက်သန်မှု မြင့်မားလာမည်သာမက အခွင့်အလမ်းများ ပိုမိုပွင့်လာပါမယ်။ ထိုသို့သော နားလည်မှုပြည့်ဝသောဆက်ဆံရေးကို ရပ်တန့်ကာ right person ကိုရှာ နေခြင်းက ယုံကြည်မှု၊ အချစ်နှင့် နားလည်မှုတို့ကို ထပ်ခါတလဲလဲ အစမှပြန်တည်ဆောက်ရန် လိုအပ်နေပါလိမ့်မယ်။

– ပြသာနာအသေးအမွှား အချေအတင်လေးများဟာ ပိုမိုရင်းနှီးစေမှုကိုရှိစေပါမယ်

အသေးအမွှားရန်ပွဲများဟာ Right person ကို ရှာဖွေရန် ဟု ဆိုတာ လမ်းခွဲထားခဲ့ရမည့် အကြောင်းရင်းမဟုတ်ပါဘူး။ စုံတွဲတိုင်း ရန်ဖြစ် လေ့ရှိကြတာမို့ ဒါဟာ ပြဿနာတစ်ခုမဖြစ်သင့်ပါဘူး။ အချစ်ရေးတစ်ခုတွင် ၎င်းကို အချိန်တိုင်းကြုံတွေ့နေရသော သာမန်ကိစ္စဖြစ်ပါတယ်။

အဓိကသော့ချက်မှာ ရန်ပွဲသေးသေးလေးမှတဆင့် သင်နှစ်ဦးစလုံးအတွက် ကောင်းကျိုးတစ်ခုကို ရရှိရန်ဖြစ်ပါတယ်။ ထိုရန်ပွဲလေးများက သင်ခံစားရပုံကို ရှင်းပြရန်အခွင့်အရေး ပေးစွမ်းနိုင်ပြီး သင်တို့၏ရင်းနှီးမှု ပိုမိုအားကောင်းလာကာ သင့်လက်တွဲ‌ဖော်အကြောင်း သင်ပိုမိုသိရှိလာမည်ဖြစ်ပါတယ် ။ သို့သော် ကန့်သတ်ချက်များရှိပါတယ် ။ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုဆီသို့ ဦးတည်မသွားသင့်ကြောင်း သတိပြုရပါမယ်။

– နှစ်ဦးသား၏ ကောင်းခြင်း၊ဆိုးခြင်း များကိုနားလည်လက်ခံပေးခြင်း

အချစ်ရေးအသစ်တစ်ခုစတင်ခြင်းဆိုသည်မှာ သင့် လက်တွဲဖော်၏ ကိုယ်ရည်ကိုယ်သွေးကို စတင်လေ့လာပြီး သင် သိပ်မကြိုက်သောအရာများကို သည်းခံနိုင်စေရန် ကြိုးစားရတာဖြစ်ပါတယ် ။ သို့သော် အချစ်ရေးတစ်ခုမှာ နှစ်ဦးသား၏ ကောင်းခြင်းဆိုးခြင်း အချို့ကိုတော့ ကြိုတင်သိရှိပြီးသားဖြစ်ပါတယ် ။ ပြဿနာများကို ဖြတ်ကျော်ရချိန်တိုင်းမှာ တစ်ယောက်လက်ကို တ‌စ်ယောက် ဆုပ်ကိုင်ထားပြီး သံယောဇဉ် ၊ ရင်းနှီးမှုနှင့် ပွင့်လင်းမှုတို့ကို အချိန်အကြာကြီး တည်ဆောက်ရန် လိုအပ်ပါတယ်

သင်နှင့် သင့်ချစ်ရသူတွင် မတူညီသော ကိုယ်ရည်ကိုယ်သွေးနှင့် စရိုက်များ ရှိပါသလား။ သင့်အချစ်ရေးအတွက် သင်ကြိုးစားတည်ဆောက်နေလား ဒါမှမဟုတ် ထွက်သွားပြီး တခြားလူကို ရှာချင်နေပြီလား ။ အချစ်ရေးတစ်ခု အဆင်ပြေစေရန် ကိုင်တွယ်နည်း အကြံဉာဏ်များ ရှိပါသလား ??

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *