Amazing

ခွေးလေးကိုပြန်တွေ့မယ် ယုံကြည့်ချက်နဲ့ နှစ်နှစ်ကျော်တီဗီကြည့်ခဲ့တဲ့ အမျိုးသမီး၊ ခွေးလေးနဲ့ပြန်တွေ့

လွန်ခဲ့တဲ့နှစ်နှစ်လောက်က ပျောက်သွားတဲ့ ခွေးလေးတကောင်ကို အွန်လိုင်းတီဗီအစီအစဉ်တခုရဲ့ကောင်းမှုနဲ့ ပိုင်ရှင်ဖြစ်သူဟာ ပြန်တွေ့ခဲ့ပါတယ်။ ပျောက်ဆုံးခွေးလေးတွေကို ပိုင်ရှင်မှန်နဲ့ပြန်တွေ့လို တွေ့ငြား ဓာတ်ပုံရိုက်တင်ဆက်ပေးနေတဲ့အစီအစဉ်တခုကနေပါ။

ခွေးလေးနဲ့ပိုင်ရှင် မတွေ့တော့တာက ၂၀၁၉ခုနှစ်မှာလို့ သိရပါတယ်။ ကားတစီးက အိမ်နောက်ဖေးခြံစည်းရိုးကို အားနဲ့ဝင်တိုက်ခဲ့ချိန်မှာ အနောက်မှာချည်ထားတဲ့ခွေးလေး လွတ်သွားခဲ့ပါတယ်။ ကြောက်ကြောက်နဲ့ အိမ်ကနေထွက်ပြေးသွားခဲ့ကာ ပြန်ကိုမလာဖြစ်တော့ပါဘူး။

Photo Credit

ခွေးလေးကို လူခိုးသွားမှန်းမသိ၊ သေသွားမှန်းမသိဘဲ ၂နှစ်လောက် နေ့တိုင်းလိုလို ရှာနေခဲ့ပါတယ်။ အစပိုင်းမှာ အားစိုက်ရှာခဲ့ပေမဲ့ မတွေ့တော့တဲ့အဆုံးမှာ ခွေးပျောက်ပြန်ရှာပေးတဲ့ ချန်နယ်ကိုပဲ နေ့တိုင်းထိုင်ကြည့်နေခဲ့ပါတယ်။

Photo Credit

မျှော်လင့်ချက်နဲ့ ယုံကြည်ချက်အားကောင်းတဲ့ ပိုင်ရှင်အမျိုးသမီး ကော့ဗ်ဟာ နှစ်နှစ်လုံးတီဗီအစီအစဉ်ကို တရက်မှအကြည့်မပျက်ခဲ့ပါဘူး။ တရက်မှာတော့ ကံတရားက ကော့ဗ်ဖက်ကိုဖေးမလာခဲ့ပြီး၊ ပျောက်သွားတဲ့ခွေးလေးရဲ့ပုံ ပါလာခဲ့ပါတယ်။

Photo Credit

ခွေးလေးကိုမြင်တာနဲ့မှတ်မိလိုက်တဲ့ ကော့ဗ်ဟာ ချက်ချင်းလိုက်ခေါ်ဖို့ပြင်လိုက်ချိန်၊ ရုတ်တရက်အတွေးတခုတော့ ရခဲ့ပါသေးတယ်။ သူ့ကို မှတ်မိပါ့မလားဆိုတာကိုပါ။ သစ္စာရှိတဲ့ခွေးလေးတွေရဲ့ထုံးစံအတိုင်း သခင်ကို ဘယ်နှစ်နှစ်ပဲကြာကြာ မှတ်မိနေတဲ့အချက်က ကော့ဗ်ဟာသူ့သခင်မှန်းတန်းသိခဲ့ပါတယ်။

Photo Credit

နောက်ဆုံးမှာတော့ ပြန်ပေါင်းစည်းနိုင်ခဲ့ပြီး၊ အခုဆိုအိမ်ကိုပြန်ခေါ်သွားပြီလို့ ခွေးပျောက်ကြော်ငြာပေးတဲ့ Humane Society အွန်လိုင်းပေ့ချ်ကနေ ကြေညာပေးခဲ့ပါတယ်။

Ref:Humane Society

Leave a Comment