လူတယောက်ကို တသက်လုံးချစ်သွားဖို့ဟာ ပထမဆုံးအမြင်လိုပါတယ်တဲ့။ ဒီအချက်ကိုသက်သေထားပြီး၊ ပထမဆုံးဒိတ်လုပ်ကြချိန်မှာ ဝတ်ကောင်းစားလှတွေ၊ လန်းလန်းဆန်းဆန်းတွေပြင်ဆင်တွေ့ကြပေမဲ့ တကယ်အရေးကြီးတဲ့အချက်တခုကျန်ပါသေးတယ်။
ပထမဆုံးဒိတ်မှာတင် ကိုယ့်ပါတနာဖြစ်လာအောင် မေးခွန်းတွေမေးဖို့ပါပဲ။ ဒီအကြောင်းကို အာအက်စ်ကျွမ်းကျင်ပညာရှင် ဂျိန်းသောမတ်စ်ကနေ ဆိုက်ကိုစစ်ဆေးမှုနဲ့ မေးခွန်း ၇ ခုလုပ်ပေးထားပြီး၊ လက်တွဲဖော်ကို ထာဝရကိုင်နိုင်ဖို့ အခုလိုဖော်ပြပေးထားပါတယ်။

Photo Credit
(၁)Relax လုပ်ဖို့ အကြိုက်ဆုံးနည်းလမ်းကဘာလဲ။ သီချင်းနားထောင်၊ စာဖတ်တာမျိုးတခုခုဖြေပါလိမ့်မယ်။ ကိုယ်ကြိုက်တာတခုနဲ့သွားတူရင်ဝင်လုံးလို့ရပါပြီ။ (၂) နောက်ဆုံး ကြည့်ခဲ့တာ ဘာဇတ်ကားလဲ။ အက်ရှင်၊ သရဲကား၊ ဂျပန်ကာတွန်းဘယ်တခုပဲဖြေဖြေ ကိုယ်ကနားမလည်ထားရင်တော့ ချုပ်ဖို့မလွယ်ပါဘူး။

Photo Credit
(၃)ဘာတွေသင်ချင်လဲ၊ ဘာသင်တန်းတွေတက်ချင်လဲ။ ဂျပန်စာ၊ ကိုရီးယားစာ ဘာညာနဲ့ဖြေရင် အခြေအနေကောင်းပါတယ်။ ကိုယ်လိုက်လုပ်ဖို့လွယ်တဲ့ နယ်ပယ်မလို့ပါ။ (၄)ဟင်းတွေဘာတွေထဲ အချက်ချင်ဆုံး၊ ဒါမှမဟုတ် အချက်တတ်ဆုံးရှိလား။ ကြက်ဉပဲကြော်တတ်တာဆိုရင် ဝင်လုံးဖို့လွယ်သွားပါပြီ။

Photo Credit
(၅)ကမ္ဘာကြီးမနက်ဖြန်နှစ်ခြမ်းကွဲ (ပျက်စီး)မယ်ဆိုရင် ဘာလုပ်ဖြစ်မလဲ။ တကယ်ကတော့ ပေါကြောင်ကြောင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုဒီဇိုင်းခပ်ဆင်ဆင်လေးတွေ ကိုယ့်ဟာကိုယ်ထွင်မေးတတ်ရင်တော့ ပိုကောင်းမှာပါ။ ဉရောပအမြင်နဲ့ မြန်မာအမြင်ကွာခြားနိုင်တဲ့အတွက်ကြောင့်ပါ။

Photo Credit
(၆)ဒီတပတ်ထဲ ကိုယ့်အတွက်အကောင်းဆုံးကြုံခဲ့ရတာ ဘာဖြစ်မလဲ။ အလုပ်ရတာ၊ ဖုန်းအသစ်ရတာ၊ စတဲ့ဘယ်တခုပဲဖြေဖြေ၊ ကျွန်တော်ကတော့ ခင်ဗျားနဲ့အခုလိုဒိတ်ခွင့်ရတာအကောင်းဆုံးဖြစ်မှာပါလို့သာ ချုပ်လိုက်ပါ။ ထာဝရထက်တရက်ပိုသွားနိုင်ပါတယ်။

Photo Credit
(၇)အွန်လိုင်းကနေဝယ်ဖူးလား၊ ဝယ်ဖူးလို့အပြင်မှာတွေ့လိုက်ရရင် စိတ်တိုင်းကျလား။ သူဝယ်ဖူးတာတွေ လျှောက်ပြောတာကို နားထောင်ပြီးသွားရင် ကျွန်တော်ကတော့ အပြင်မှာတွေ့ဖူးသမျှထဲ မင်းလေးဟာ ထင်ထားတာထက်ပိုတယ်ဘာညာနဲ့ချုပ်လိုက်ပါ။ ပထမဆုံးဒိတ်မှာတင် လက်ထပ်ဖို့ထိတွေးသွားနိုင်ပါတယ်။
Ref:Mirror