Mon. Nov 29th, 2021

ရည်းစားဟောင်းကို အဆုံးရှူံးမခံလိုသူများသတိပြုသင့်သည့်အချက် (၅) ချက်

ပြတ်စဲရသော စုံတွဲများအနက် အချို့ဟာ ပြန်လည်ပြေလည်ဖို့ရာအခြားစုံတွဲများထက် အချိန်ပိုယူရတတ်ပါတယ်။အများအားဖြင့်ကတော့ အချိန်တိုအတွင်း မစွန့်လွှတ်နိုင်သေးသော သို့မဟုတ် မကြာခဏပြတ်စဲလေ့မရှိသောာအမျိုးသမီးများကို အမျိုးသားများက ရက်ပိုင်းအတွင်း သို့မဟုတ် လပိုင်းအတွင်း ပြန်လည်ချော့မော့နိုင်ကြပါတယ်။ထို့ကြောင့် ပြသာနာအတိမ်အနက်ပေါ်မူတည်ပြီး ရက်ပိုင်း ၊ လပိုင်းအတွင်း ပြန်လည်အဆင်ပြေဖို့ ကြိုးစားနိုင်ပါတယ်။ဘယ်လောက်မြန်မြန် ပြန်အဆင်ပြေနိုင်မယ် ဆိုတာကတော့ သင့်ရဲ့ကြိုးစားအားထုတ်ပုံ ၊ ပြသာနာ၏ ပြင်းအား တို့အပေါ်လဲ မူတည်ပါသေးတယ်။ ချစ်သူဟောင်းကို ပြန်လည်ကြိုးစားရခြင်းဟာ အမှန်တကယ်ကို ခက်ခဲသော အလုပ်တစ်ခုဖြစ်သလို ကြိုးစား‌ နေစဥ်မှာလည်း အမှားအယွင်းအလွန်နည်းဖို့လိုပါတယ်။ ဒါကြောင့် ချစ်သူကိုအမှန်တကယ် အဆုံးရှုံးမခံနိုင်သူများအတွက် အ‌သုံးဝင်စေမယ့် ၊ အမှားနည်းစေမယ့် အချက်အလက် (၅) ချက် ကိုဖော်ပြပေးလိုပါတယ်။

ချစ်သူဟောင်းကိုပြန်လည်ကြိုးစားရာမှာ လုပ်မိလေ့ရှိသောအမှားအချို့

(၁) အလွန်အကျွံပြိုလဲခြင်း –

အသည်းကွဲရချိန်မှာဒါဟာဖြစ်လေ့ရှိပါတယ်။ဒါဟာ သနားခံရတာထက် ပိုဆိုးသွားနိုင်ချေပဲ ပိုများပါတယ်။စိတ်ဓာတ်ပြိုလဲနေသူတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်အတွက် ဆွဲဆောင်မှုရှိနေဖို့မလွယ်ပါဘူး။ စိတ်ဓာတ်ကျနေတဲ့သင်ဟာ အမှားအမှန်ခွဲခြားနိုင်စွမ်းတွေ ၊ အပြုသဘောဆောင်တဲ့ အပြုအမူ အတွေးအခေါ်တွေနဲ့ ကင်းကွာနေပါလိမ့်မယ်။သင့်ချစ်သူဟာ သူ့အနားမှာပျော်စရာတွေ ဝန်းရံပေးမယ့်လူမျိုးကိုသာ စိတ်ယိုင်မယ်ဆိုတာ သတိပြုရပါမယ်။

(၂) အဆက်သွယ်မလုပ်ပဲစမ်းသပ်ခြင်း

– အများစုဟာ ဒီနည်းကို စမ်းသပ်တတ်ကြပါတယ်။ ဒါရဲ့အကျိုးဆက်ကိုကတော့ မျှော်လင့်ထားသလိုအမြဲတမ်းဖြစ်မလာနိုင်ပါဘူး။အဆက်အသွယ်ဖြတ်၍စမ်းသပ်ရန် ကျိုးအကြောင်းဆီလျော်မှုနဲ့ မည်မျှအလုပ်ဖြစ်နိုင်မည်တို့ကို ကြိုတင်စဉ်းစားရပါမယ်။အချို့သော သုတေသနများအရ အဆက်အသွယ်မလုပ်ပဲ ရက် ၂၀-၆၀ အထိစောင့်ကြည့်လို့မှ သင့်ချစ်သူထံမှ တုံ့ပြန်မှုမရှိဘူးလို့ လက်လွှတ်လိုက်မယ့်သဘောပါပဲ။သို့‌ သော် အချို့ကလဲ နောက်ထပ်ရက် ၃၀ ထပ်စောင့်ကြည့်ပြီးမှ ဆက်သွယ်သင့်ကြောင့်ဆိုကြပြန်ပါတယ်။အမှန်တကယ်တော့ ဒီနည်းလမ်းဟာ အလွန်မှားပါတယ်။အဆက်အသွယ်မလုပ်ခြင်းဟာ ပြန်လည်ပေါင်းစည်းခြင်းရဲ့လမ်းစဖြစ်မလာပါဘူး။သိူ့သော်သင်ဟာ မိန်းကလေးဆိုပါက ဒီလို အဆက်အသွယ်မလုပ်ခြင်းနည်းလမ်းဟာ သင့်ချစ်သူအမျိုးသားကို ပြန်လာဖို့အတွကိ အသုံးဝင်ကောင်းဝင်နိုင်ပါတယ်။ သင်က ယောကျာ်းလေးဆိုရင်တော့ သင့်ချစ်သူမိန်းကလေးကို ပြန်မရသည့်အပြင် အပြီးတိုင်လက်လွှတ်ရပါလိမ့်မယ်။

(၃) အလောတကြီးဆုံးဖြတ်ချက်ချခြင်း –

လမ်းခွဲပြီးနောက် ဆုံးဖြတ်ချက်အမှားများကို အလောတကြီးချတတ်ကြပါတယ်။ဥပမာ သင့်ချစ်သူကို အလွန်အကျွံအပြစ်တင်ဝေဖန်ခြင်း ၊ မြင်ဖူးသမျှထဲအဆိုးဆုံးလက်တွဲဖော်အဖြစ် အရွဲ့တိုက်ပြောဆိုခြင်း၊ သင့်မှာအမှားမရှိပဲ တစ်ဖက်သားအပြစ်ကိုသာ လိုက်ရှာနေမိခြင်း အစရှိသည့် အလောသုံးဆယ် ဆုံးဖြတ်ခြင်းများက သင့်ချစ်သူနဲ့ပြန်လည်ပေါင်းထုပ်ရေးကို အကြီးအကျယ်တားဆီးပါလိမ့်မယ်။ထို့ကြောင့် ‌အလောတကြီး နိဂုံးချုပ်ရန်ဆုံးဖြတ်ခြင်းဟာ ခူအများစု ခြေချော်သည့်ပြသာနာပင်ဖြစ်ပါတယ်။ အကောင်းဆုံးကတော့အရာအားလုံးတည်ငြိမ်ပြီး စိတ်ကိုထိန်းချုပ်နိုင်သည်အထိ အချိန်ကယလတစ်ခုကို ခေတ္တခဏဖန်တီးပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ ခံစားချက်များ မြင့်တက်လာလေ ၊ အတွေးအခေါ်များနိမ့်ကျလာလေ ဖြစ်တတ်ပါတယ်။

(၄) နောက်တစ်ကြိမ်အခွင့်အရေးပေးရန် သစ္စာပြုကျိန်ဆိုပြခြင်း –

ချစ်သူကြောင့် စိတ်ပျက်ရဖူးသူတိုင်းဟာ ထိုအခိုက်အတန့်မှာတော့ အသက်ရှင်စရာအကြောင်းအရင်းပင်မကျန်ဟု တွေးထင်မှတ်တတ်ကြပါတယ်။ဒါဟာ အလွန်နာကျင်ခံစားရပြီး လူအများစုက အခွင့်အရေးသစ်ပေးရန် တောင်းပန်ခြင်း ၊ သစ္စာဆိုခြင်းများ ပြုလုပ်မိတတ်ကြပါတယ်။ ဒါဟာ စိတ်ဓာတ်သန်မာတဲ့ လက်တွဲဖော်မျိုး လိုချင်သူများအတွက် စိတ်ပျက်စရာလုပ်ရပ်ပါပဲ။ တောင်းပန် သစ္စာဆိုခြင်းများက သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်ချက်နှင့် စိတ်ပိုင်းဆိုင်ရာ အားနည်းမှုကို ထင်ရှားစေပါတယ်။သိူ့သော် သင်ဒါမျိုးလုပ်မိထားပြီးဖြစ်နေပါကလဲ စိတ်မပူပါနဲ့။ ဒါဟာ ခွင့်လွတ်ပေးနိုင်တဲ့အမှားမျိုးပါ။ပြတ်စဲမှုပြသာနာများအကြား (၂-၃) ရက်ခန့် ရှောင်နေလိုက်ခြင်းက တဖက်သားကို လေးစားရာကျစေသလို မိမိကိုယ်ကိုပြန်လည်သုံးသပ်ကာ အမှားများပြင်ဆင်တိုးတက်လာပြီဖြစ်ကြောင်းသက်သေပြရာလဲ သက်ရောက်ပါတယ်။

(၅) မိမိကိုယ်ကို တန်ဖိုးမထားမိခြင်း –

သင်လုပ်သင့်သည့်နောက်တစ်ချက်ကတော့ လမ်းခွဲပြတ်စဲမှုပြသာနာများရင်ဆိုင်နေရချိန်မှာ သင့်ချစ်သူရဲ့မျက်စိထဲတွင် သင်ဟာ တန်ဖိုးရှိသူတစ်ယောက်အဖြစ် မြင်သာအောင်ကြိုးစားပြရပါမယ်။သင့်အပေါ်စိတ်လည်လာစေရန် သင့်အရည်အချင်းများကို မြင်သာဖို့က အရေးကြီးပါတယ်။သင့်ကိုယ်သင် အကောင်းဆုံးပုံစံတစ်ခုမှာ ရှိနေကြောင်းပြသနိုင်ရန် အာရုံစိုက်သင့်ပါတယ်။ ဆိုရှယ်မီဒီယာများအသုံးပြုပြီး ကမ္ဘာကြီးနှင့်သင် မည်မျှ အသားကျ အဆင်ပြေနေကြောင်းကိုဖော်ထုတ်ပြပြီး သင့်တန်ဖိုးကို မြှင့်တင်ပါ။

 

Source amazinglovequotes.org

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *