Mon. Dec 6th, 2021

ဩစတြေးလျတောမီးများအကြား ရှားရှားပါးပါးအသက်ရှင်ကျန်ရစ်သော Pygmy possum

ဩစတေးလျနိုင်ငံ၊ Kangaroo ကျွန်းရှိ လူများသည် ပြီးခဲ့သည့် နွေရာသီက ကျွန်းတစ်ဝက်နီးပါး လောင်ကျွမ်းခဲ့သော ကြောက်မက်ဖွယ် တောမီးများကို မေ့နိုင်မည်မဟုတ်ပါဘူး။ ကံကောင်းထောက်မစွာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့သည် ကျွန်းတစ်ဝိုက်တွင် သွားလာ၍ မီးလောင်ကျွမ်းပြီးနောက် ဒေသအလိုက် မျိုးသုဉ်းသွားသည်ဟု ယူဆရသည့် Pygmy possum ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Kangaroo Island Land for Wildlife သည် မီးမလောင်ရသေးသော တောရိုင်းတိရစ္ဆာန်များကို စစ်တမ်းကောက်ယူနေစဉ် ဤအသက်ရှင်ကျန်ရစ်သူလေးကို တွေ့ရှိခဲ့ပြီး အံ့အားသင့်သွားခဲ့ပါတယ်။

Tasmanian pygmy possum (သေးငယ်သော pygmy possum ဟုလည်းလူသိများပါတယ်) သည် ကမ္ဘာပေါ်တွင် အသေးငယ်ဆုံး possum ဖြစ်ပါတယ်။ ထို့ကြောင့် ထိုကလေးငယ်သည် ဤကဲ့သို့သော ဆိုးရွားသောကပ်ဘေးကို မည်သို့ဖြတ်ကျော်နိုင်သည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပါတယ်။ မိုးကြိုးလျှပ်စီးတစ်ခုကြောင့် စတင်လောင်ကျွမ်းခဲ့သော အဆိုပါ တောမီး မတိုင်မှီကပင် အဆိုပါ သေးငယ်သော possum လေးများကို အလွန်ရှားပါးစွာ တွေ့ခဲ့ရပါတယ်။

ထို့ကြောင့် Kangaroo ကျွန်းရှိ Pygmy possum (Cercartetus lepidus) ၏ အခြေအနေကို 2020 ခုနှစ် တောမီးမတိုင်မီထိ ကောင်းစွာမသိခဲ့ရပါဘူး။ ” တောရိုင်းတိရိစ္ဆာန်များ၏ နေအိမ်စားကျက် အများစု ပြင်းထန်စွာ လောင်ကျွမ်းခံရပြီး‌နောက် မပျက်စီးမထိခိုက်ပဲကျန်ခဲ့သော ဤမျိုးစိတ်များကို ပထမဆုံးအကြိမ် တွေ့ရှိရခြင်းအတွက် ပျော်ရွှင်မိပါသည်” ဟု တိရစ္ဆာန်ဂေဟဗေဒပညာရှင် Pat Hodgens က ၎င်း၏တွစ်တာတွင် အံ့သြဖွယ်ရာ ပြန်လည်ရှာဖွေတွေ့ရှိမှုအကြောင်း မျှဝေခဲ့ပါတယ်။

အပေါ်ကပုံမှာမြင်ရတဲ့အတိုင်း၊ သူတို့တွေ့ရှိတဲ့ Pygmy possum (ညာဘက်) ဟာ Western pygmy possum (ဘယ်ဘက်) ထက်တောင် သေးငယ်ပြီး အလေးချိန် 0.25 အောင်စ (7 ဂရမ်) သာရှိပါတယ်။

“တကယ်တော့ မျိုးစိတ်တွေရဲ့ တရားဝင် မှတ်တမ်းကို ၁၁၃ ခုပဲ Kangaroo ကျွန်းမှာ ရှိဖူး ပါတယ် ။ ဒါကြောင့် သိပ်ပြီး တွေ့မြင်နေကျ မျိုးစိတ်များ မဟုတ်ပါဘူး။ တောမီးတွေဟာ ဤ မျိုးစိတ်တွေရှိတဲ့နေရာတော်တော်များများမှာ လောင်ကျွမ်းနေပေမယ့်လည်း သူတို့ကို တွေ့နိုင်မယ်လို့ ကျနော်တို့ သေချာပေါက် မျှော်လင့်ထားခဲ့ပါတယ်” ဟု Pat Hodgens က ABC နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ပါတယ်။

ဧရိယာ 1,701 စတုရန်းမိုင် ကျယ်ဝန်းသော ကျွန်းပေါ်တွင် အသက်ရှင်ကျန်ခဲ့သော မျိုးစိတ်အားလုံးကို ရှာဖွေရန်နှင့် ကာကွယ်ရန် ကြီးမားသော စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အဆိုပါ Pygmy possum ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။၎င်းတို့၏ ဇွဲလုံ့လဖြင့် ကြိုးစားအားထုတ်မှုကြောင့် Bibrons လိပ်တစ်ကောင်၊ အညိုရောင် bandicoot နှင့် tammar wallaby အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်မျိုးစိတ် 20 ကျော်ကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ပါ‌သေးတယ်။

ဒါဟာ တော်တော်လေး အရေးကြီးတဲ့ အချိန်ဖြစ်လို့ သူတို့ကို အကာအကွယ်ပေးဖို့ တတ်နိုင်သမျှ လုပ်မှာပါ” လို့ Pat Hodgens က ဆက်ပြောပါတယ်။ “အခုအချိန်မှာ အရမ်းအရေးကြီးတာက ဒီမျိုးစိတ်တွေ အများကြီးအတွက် နောက်ဆုံးခိုလှုံရာတစ်ခုပါပဲ၊ ဘာကြောင့်လဲဆိုတော့ သူတိူ့ဟာ မလောင်ကျွမ်းသေးတဲ့ အသီးအရွက်တွေကိုမှီခိုနေရလို့ပါ။” လို့ ဆိုပါတယ်။

ဤအံ့သြဖွယ်သတင်းကို သင့်ချစ်ခင်သူများထံ မျှဝေပေးလိုက်နိုင်ပါတယ်။

 

Source Aubtu.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *