Tue. Nov 30th, 2021

အာဟာရချို့တဲ့မှု ၊ အခြားဒဏ်ရာများဖြင့် ရောက်ရှိလာပြီး Vancouver ကျွန်းမှာ ပြုစုစောင့်ရှောက်မှုခံယူခဲ့သည့် ကျီးဖြူတစ်ကောင်

ကနေဒါနိုင်ငံ၊ ဗန်ကူးဗားကျွန်းရှိ North Island တောရိုင်းတိရစ္ဆာန်များ ပြန်လည်ထူထောင်ရေးစင်တာမှ ဝန်ထမ်းများအတွက် ယခုနွေရာသီကတော့ အထူးဧည့်သည်တော်အဖြစ် “မြင့်မြတ်သောကျီးဖြူ” ဟုအမည်ပေးထားသော ငယ်ရွယ်သောငှက်တစ်ကောင်ကို လက်ခံကျင်းပခွင့်ရသည့်အတွက် မမေ့နိုင်ဖွယ်ဖြစ်ခဲ့ရပါတယ်။ အဆိုပါ အကောင်ငယ်လေးကို ပင်လယ်ပြင်တွင် မေလက တွေ့ရှိခဲ့ပြီး ကြင်နာတတ်သော နိုင်ငံသားတစ်ဦးမှ ဂေဟာသို့ ပို့ဆောင်ခဲ့ပါတယ်။

သနားစရာကောင်းတဲ့ ကျီးလေးဟာ အဲဒီတုန်းက တကယ်ကို ဆိုးရွားလှပါတယ်။ အာဟာရချို့တဲ့မှုအပြင် အခြားဒဏ်ရာများရရှိခဲ့ပြီး ပျံသန်းနိုင်ခြင်း မရှိခဲ့ပေ။

၎င်း၏တိုက်ရိုက်ပြုစုစောင့်ရှောက်ပေးသူ – တိရစ္ဆာန်စောင့်ရှောက်ရေးပညာရှင် Derek Downes ၏အဆိုအရ၊ ဤငှက်သည် albino အစစ်မဟုတ်ပေ။ ၎င်းဟာ melanin အနည်းငယ်သာ ပါသော ကျီးဖြူတစ်မျိုးသာဖြစ်ပါတယ်။

သို့သော်လည်း မယ်လနင် ချို့တဲ့မှုသည် ငှက်များ၏ ကျန်းမာရေး၊ အထူးသဖြင့် ၎င်းတို့၏ ခုခံအားစနစ်များကို ပြင်းထန်စွာ ထိခိုက်‌မှာ ဖြစ်ပြီး ၎င်းတို့သည် ပုံမှန်အားဖြင့် တောထဲတွင် ကြာရှည်မခံနိုင်ပါဘူး။

၎င်းသည် အလွန်ရှားပါးသော ဗီဇပြောင်းလဲမှုတစ်ခုဖြစ်ပြီး၊ အထူးသဖြင့် (Parksville Qualicum Beach) ဧရိယာတွင် တွေ့ရသောကြောင့် ၎င်းတို့အား မြင့်မြတ်သောကျီးဖြူဟုခေါ်ဆိုရခြင်းဖြစ်သည်” ဟု Downes မှ ပြောကြားခဲ့သည်။ “

 

ပုံမှန်အားဖြင့်တော့ သူတို့က နေသိပ်ကောင်းလေ့မရှိပါဘူး။ ၎င်းတို့တွင် ခုခံအားစနစ်များ ယိုယွင်းနေသောကြောင့် ကျွန်ုပ်တို့က အမှန်တကယ်ပင် ကြိုးစားအားထုတ်နေရပါတယ်။ ၎င်းတို့ကိုကူညီရန် ကျွန်ုပ်တို့လုပ်ဆောင်နိုင်သည့်အရာများမှန်သမျှကို လေ့လာခဲ့ပြီး အောင်မြင်မှုတစ်ခုရရှိမည်ဟု မျှော်လင့်ပါတယ်” လို့ပြောပါတယ်။

Downes ၏ အဆိုမရ ၎င်းကျီးဖြူသည် ကိုယ်တိုင် အစာမစားသောကြောင့် လောလောဆယ်တွင် ငှက်ကို အထူးကြပ်မတ် အစာကျွေးနေပါတယ် ။ ပဋိဇီဝဆေးများအပြင် လိုအပ်သော ဖြည့်စွက်စာများနှင့် ဗီတာမင်စီများ ပေးဆောင်ကာ ရှင်သန်ရန် ကူညီပေးသည့် ခုခံအားစနစ်ကို မြှင့်တင်ရန် မျှော်လင့်ထားကြပါတယ်။

Downes သည် ကျီးတစ်ကောင်ကို ပြုစုစောင့်ရှောက်ဖူးသည့် ပထမဆုံး အကြိမ်ဖြစ်ပြီး ဤအတွေ့အကြုံကို “တကယ်မှော်ဆန်သော အရာ” အဖြစ်ယူဆထားပါတယ်။ ကံကောင်းထောက်မစွာ Downes နှင့်သူ၏လုပ်ဖော်ကိုင်ဖက်များ၏စောင့်ရှောက်မှုအောက်တွင် ထိုကျီးဖြူလေးမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။

” ကျီးဖြူ‌လေးက တော်တော်တိုးတက်လာနေတယ်” ဟု ပြောပါတယ်။ “ ဒုတိယမြောက် ပဋိဇီဝဆေးကုထုံးကို ပြီးမြောက်ခဲ့ပြီး အံ့သြဖွယ်တုံ့ပြန်ခဲ့မှုရှိပါတယ်။ ရောဂါပိုးအားလုံး ကင်းစင်သွားပါပြီ။

၎င်းသည် ကြာရှည်မယ့် လုပ်ငန်းစဉ်ဖြစ်သော်လည်း ကျီးဖြူသည် မကြာမီ ၎င်း၏ သဘာဝနေရင်းနေရာသို့ ပြန်လည်ရောက်ရှိရန် လုံလောက်စွာ ကြံ့ခိုင်လာလိမ့်မည်ဟု မျှော်လင့်နေကြဆဲဖြစ်ပါတယ်။

ကျေးဇူးပြုပြီး ဒီစိတ်လှုပ်ရှားစရာသတင်းကို သင့်ချစ်ရသူတွေကို မျှဝေပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *