Mon. Dec 6th, 2021

သူ့ရဲ့ မိခင်ကို ဆုံးရှုံးခဲ့ရတဲ့ ဂေါ်ရီလာတစ်ကောင်အကြောင်း

မိဘတွေရဲ့ အချစ်လောက် သန်မာ‌တဲ့အရာ ကမ္ဘာပေါ်မှာ ရှိမယ်လို့ မထင်ပါဘူး။ ထိုအရာက လူသားတွေမှာပဲ သက်ရောက်မှုရှိတာမဟုတ်ပါဘူး။ သတ္တဝါအားလုံးနဲ့ သက်ဆိုင်ပါတယ်။ မိခင်ကို ဆုံးရှုံးရခြင်းက ကမ္ဘာပေါ်မှာ ဝမ်းနည်းစရာအကောင်းဆုံး ကိစ္စတစ်ရပ်ပါ။တောရိုင်းဓာတ်ပုံဆရာ Phil Mooreက ထိုအရာကို သက်သေပြရန် သင့်ရင်ကို ထိစေမည့် ဓာတ်ပုံအချို့ကို ရိုက်ကူးခဲ့ပါတယ်။

အမဲလိုက်ခြင်းကြောင့် မိခင်ကို ဆုံးရှုံးလိုက်ရပြီးနောက် ဤဂေါ်ရီလာ‌ေလးအတွက်ကတော့ နာကျင်မှုက မခံစားနိုင်အောင်ပင်။ ထိုအခိုက်အတန့်က အလွန်ဆိုးရွားသောကြောင့် သနားစရာသတ္တဝါလေးအပေါ်ကို ပန်းခြံ၏ရိန်းဂျားများထဲမှ တစ်ဦးဖြစ်တဲ့ Patrick Karabarangaက လွန်စွာမှ စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပြခဲ့ပါတယ်။

ဓာတ်ပုံကို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ Virunga အမျိုးသားဥယျာဉ်တွင် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဤကဲ့သို့သော မိဘမဲ့ဂေါ်ရီလာတွေအတွက်တော့ ရက်စက်ကြမ်းကြုတ်တဲ့မုဆိုးတွေဆီက နှစ်သိမ့်မှုနှင့် အကာအကွယ်ရရှိနိုင်တဲ့ ရှားပါးလှတဲ့ ရရှိသည့်နေရာတစ်‌ေနရာပဲဖြစ်ပါတယ်။

သစ်တောပြုန်းတီးမှု၏ ရလဒ်အနေဖြင့် တောင်ဂေါ်ရီလာများသည် အခြားသောမျိုးစိတ်များကဲ့သို့ပင် မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နိုင်သည့်မျိုးစိတ်များ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့သည့်နှစ်များအတွင်း ၎င်းတို့၏ အရေအတွက်က သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။

ဂေါ်ရီလာဦးရေကို ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် ကြီးစွာသောထိန်းသိမ်းမှုအချို့ကို ပြုလုပ်ထားပြီး Virunga အမျိုးသားဥယျာဉ်အနေနှင့် ဤနည်းလမ်းသည် အလွန်အပြုသဘောဆောင်တဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။

ကဲ ကမ္ဘာပေါ်မှာရှိတဲ့ ဥယျာဉ်အသီးသီးကလည်း ထိုမျိုးတုန်းပျောက်ကွယ်လုနီးပါးရှိတဲ့ အကောင်လေးတွေကို ကာကွယ်စောင့်ရှောက်သင့်ပါတယ်။ နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ် ရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။

 

Leave a Reply

Your email address will not be published. Required fields are marked *