Mon. Nov 29th, 2021

သင့်ဆီက သင့်လက်တွဲဖော် အကြားချင်‌ဆုံးစကား(၅)ခွန်း

ဆက်ဆံရေး တစ်ခုမှာ အမျိုးသားတွေက အမျိုးသမီးတွေလောက် မပွင့်လင်းကြတာတော့ အမှန်ပါပဲ။ အမျိုးသားတွေက သူတို့စိတ်ထဲမှာ ရှိနေပေမယ့် ထိုအရာကို ထုတ်ပြောဖို့ တွန့်ဆုတ်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားတွေ အနေနဲ့ သူတို့သာ သူတို့လိုချင်တဲ့ အရာတိုင်းကို ထုတ်ပြောနေမယ်ဆိုရင် သူတို့ရဲ့ လက်တွဲဖော်က စိတ်ကုန်သွားမှာပဲဟု တွေးထင်နေကြပါတယ်။

ယခုအခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ သင့်လက်တွဲဖော် ထုတ်မပြောပေမယ့် သင်သိသင့်နေတဲ့ သူတို့ကြားချင်တဲ့ စကားတွေကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) နေကောင်းရဲ့လား

အမျိုးသားတွေက ခန့်မှန့်ရလွယ်တဲ့ သူမျိုးတော့မဟုတ်ပါဘူး။။ဘာလို့လဲဆိုရင် တစ်ခါတလေကျရင် သူတို့လိုချင်တာ ဘာလဲဆိုတာတောင် သူတို့ကိုယ်တိုင် မသိပါဘူး။ သူ့ကို ‌မကြာခဏ နေကောင်းရဲ့လားလို့ မေးပေးခြင်းအားဖြင့် သူက သင့်အတွက် အရေးပါတဲ့သူတစ်ယောက်ဆိုတာ မြင်ပါစေ။ထိုအခါမှ သူက သူ့ရဲ့ မကောင်းတဲ့ အချက်တွေ အားလုံးကို ပြောပြနိုင်ပြီး သင့်အပေါ် ပွင့်လင်းလာမှာ ဖြစ်ပါတယ်။

(၂) နင်နဲ့ ရှိနေရင် လုံခြုံတယ်လို့ ခံစားရတယ်

ဒီစကားလေးတွေက သင့်ကို ကြည်နူးကာစ အတွဲတွေလို ခံစားရစေပါတယ်။ အမျိုးသားတွေက သူတို့ရဲ့ လက်တွဲဖော်အပေါ် ကာကွယ်မှု အပြည့်နဲ့ လုံခြုံမှုတွေ ပေးချင်ကြတာပါ။ သင်သာ သူ့ကို ထိုကဲ့သို့ တီတီတာတာ စကားလေးတွေ ပြောပေးမယ်ဆိုရင် သင့်အပေါ် အချစ်တိုးစေမှာ အမှန်ပါပဲ။ ‌

(၃) ငါနင့်ကို ယုံပြီးသား

လေးစားမှုနဲ့ ယုံကြည်မှုကတော့ အမျိုးသားတွေ အလိုချင်‌ဆုံး ဆက်ဆံရေးတစ်ခုရဲ့ ရိုးရှင်းတဲ့ အချက်တွေပါပဲ။သူတို့ အလုပ်မှာပဲ ဖြစ်ဖြစ် အိမ်မှာပဲ ဖြစ်ဖြစ် ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ ဖေးမဖို့က သင့်ရဲ့ တာဝန်ပါပဲ။ သင့်ရဲ့ ထိုစကားတစ်ခွန်းက သူ့အတွက် အားဖြစ်စေနိုင်ပါတယ်။ ထိုအရာ အမျိုးသားတွေ အတွက်မှ မဟုတ်ပါဘူး။ လူတိုင်းအတွက် အရေးပါ ပါတယ်။

(၄) နင်က လုံးဝငါ့ရဲ့ စတိုင်ပဲ

ထိုစကားက သူဟာ သင်အလိုချင်ဆုံး လူတစ်ယောက်ဆိုတာ သူ့ကို မြင်သာအောင် တွန်းပို့ပေးပါတယ်။ အမျိုးသားတွေဟာ ထုတ်မပြောတတ်ကြပေမယ့် တစ်ချိန်ချိန်မှာ သူတို့ အထားခံခဲ့ရမှာကို စိုးရိမ်နေတတ်ကြပါတယ်။ ဘယ်လိုမျိုး ကိစ္စသေးသေးလေးတွေနဲ့ပဲ ဖြစ်ဖြစ် သူ့ကို စိတ်လုံခြုံမှု ခံစားရအောင် လုပ်ဆောင်ပေးပါ။

(၅) အပြင်သွားကြရအောင်

ဒီစကားက ယောင်္ကျားလေးတွေက မိန်းကလေးတွေကို ပြောနေကျ စကားဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ထိုစကားကို မိန်းကလေးတွေက ပြောတဲ့အခါမှာ ဘယ်လောက်တောင် ဆွဲဆောင်မှုရှိတယ်ဆိုတာ သင်သိသင့်ပါတယ်။ ထိုအခါမှာ ယောင်္ကျားလေးဘက်က သင်ဟာ သူနဲ့ အချိန်ဖြုန်းရတာကို ဘယ်လောက်တောင် ကြိုက်နှစ်သက်တယ်ဆိုတာ ပေါ်လွင်စေပါတယ်။ တစ်လမှာ တစ်ခါလောက်တော့ သူနဲ့အပြင်ထွက်လည်ခြင်းကြောင်း ပြောပြပေးပါ။

ကဲ ထိုစာလေးတွေကို ဖတ်ပြီးပြီဆိုရင်တော့ သင့်လက်တွဲဖော်နဲ့ အချိန်အကြာကြီး လက်တွဲသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ် ရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။

Source amazing lovequotes.org

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *