Tue. Nov 30th, 2021

ရေပြင်ကနေ ၁၅ ပေအမြင့်အထိ ခုန်နိုင်ခဲ့တဲ့ အဖြူရောင်ငါးမန်းကြီး

အကယ်၍ သင်က Discovery Channel ၏ ပရိသတ်တစ်ဦးဖြစ်ပါက၊ သမုဒ္ဒရာအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော ငါးမန်းဖြူကြီးများ၏ဘဝနှင့် ကျွန်ုပ်တို့ကို သဘာတရားနှင့် ပိုမိုနီးစပ်စေမည့် စွဲမက်ဖွယ်ကောင်းတဲ့ စီးရီးတစ်ခုဖြစ်သည့် Air Jaws အကြောင်းကို သင်သိပါတယ်။ Air Jaws ကို 2001 – 2002 တွင် စတင်ထုတ်လွှင့်ခဲ့သော်လည်း 2010 ခုနှစ်‌ေလာက်အထိ အံ့သြဖွယ်ကောင်းလောက်အောင် ပြန်လည်ပြသခဲ့ပြီး ထိုအချိန်မှစ၍ ပုံမှန်ထုတ်လွှင့်ခဲ့ပါတယ်။

အဆိုပါစီးရီးက အခြေခံအားဖြင့် ပြင်းထန်တဲ့ စစ်မြေပြင်တစ်ခုဖြစ်ပြီး ငါးမန်းကျွမ်းကျင်သူများက လေထဲသို့ ဖောက်ထွင်းဝင်ရောက်လာတဲ့ အဖြူရောင်ထွားထွား‌ေကာင်များ၏ ရင်သပ်ရှုမောဖွယ်ရာ အခိုက်အတန့်များကို ဖမ်းယူရန် ယှဉ်ပြိုင်သည့် တိုက်ပွဲတစ်ခုဖြစ်ပါတယ်။ နောက်ဆုံးတွင် တောင်အာဖရိကနိုင်ငံ၊ Mossel ပင်လယ်အော်ရှိ Seal Rock တွင် ရေမှ ၁၅ ပေခန့်အကွာတွင်ရှိသော ငါးမန်းဖြူကြီးတစ်ကောင်၏ ရင်သပ်ရှုမောဖွယ်ရာ အခိုက်အတန့် တစ်ခုဖြင့် Chris Fallows ဆိုသူကအောင်နိုင်သူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ငါးမန်းက ရေထဲကနေ တဟုန်ထိုးထွက်လာတာပါ။ လေထဲမှာ သူ့ရဲ့သားကောင်ကို ဖြိုခွဲရန် ကြိုးပမ်းနေသလိုမျိုး တွန့်လိမ်လှည့်‌ေနတာကို တွေ့ခဲ့ရပါတယ်၊” လို့ Fallows က ဆိုပါတယ်။

ထိုခမ်းနားထည်ဝါတဲ့ မြင်ကွင်းက သဘာဝအတိုင်း ပေါ်လာတာမဟုတ်ဘဲ၊ Fallows နှင့် သူ၏အဖွဲ့ (အခြားအသင်းများ) က ထိုအခိုက်အတန့်ကို ရှာဖွေဖို့ သုံးလကြာ ပင်လယ်ထဲတွင် မျောပါနေခဲ့ကြရပါတယ်။ ဒီငါးမန်းကြီး ပေါ်လာတဲ့အခါ သူတို့ရဲ့ ကြိုးစားအားထုတ်မှု‌ေတွဟာ အရာထင်သွားတယ်ဆိုတာ သူတို့သိကြပါတယ်။ 10 ပေရှည်တဲ့ ထိုငါးမန်းကြီးဟာ ခွန်အားများစွာနဲ့ မုဆိုးတစ်ယောက်လို ခုန်ပေါက်သွားခဲ့ပါတယ်။

ထိုအကောင်က ဘယ်လောက်ထိ မြင့်လာတယ်ဆိုတာ မယုံနိုင်ဘူး၊ ပြီးပြည့်စုံတယ်” လို့ ဆိုကြပါတယ်။ “ဒါဟာ မယုံနိုင်စရာ ပုံရိပ်တစ်ခုပါ၊ မင်းအိပ်မက်မက်‌ေနတဲ့ ဓာတ်ပုံတစ်ပုံပါပဲ။ ပုံတစ်ပုံက စကားလုံးတစ်ထောင်တန်သည်”ဟု ဆိုကြပါတယ်။


ဒီကြောက်စရာကောင်းတဲ့ ရိုက်ချက်ကညFallowsအတွက် Air Jaws 2020 ကိုအနိုင်ရရှိစေရုံသာမက၊ စီးရီးတစ်ခုလုံး၏စံချိန်ကိုလည်းချိုးဖျက်နိုင်ခဲ့ပါတယ်။ ရိုက်ချက်က ရိုးရိုးရှင်းရှင်းပါပဲ အံ့သြစရာကောင်းပြီး ထိုအပိုင်းကို ထုတ်လွှင့်ပြီးတာနဲ့ ထိုအဖြူရောင်‌ေကာင်ကြီးဟာ သူ့အလိုလို ပျောက်ကွယ်သွားခဲ့ပါတယ်။

ကဲ ထိုအကြောင်းအရာတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ အကယ်၍ ယခုအကြောင်းအရာကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ သင့်ရဲ့မိတ်ဆွေတွေသိရအောင် sharingလုပ်သွားပါအုန်းနော်။ နောင်လည်းကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ် ရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။

Source Aubtu.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ
‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *