Mon. Nov 29th, 2021

မေမေတွေရဲ့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဖန်တီးထားတဲ့ Hair styleများ

ကျစ်ဆံမြီးပုံစံ‌‌ေတွကို အာဖရိကရှိ လူမျိုးစုဓလေ့ထုံးစံ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှေးရှေးယခင်တုန်းက ရှေးဦးစွာအသုံးပြုခဲ့ပါတယ်။ ထိုကျစ်ဆံမြီးတွေက လူတစ်ဦး၏အသိုင်းအဝိုင်း၊ အသက်၊ အိမ်ထောင်ရေးအခြေအနေ၊ ချမ်းသာမှု၊ ပါဝါနှင့် လူမှုရေးရာထူးတို့ကို ညွှန်ပြနိုင်ပါတယ်။ အချို့ကိစ္စများတွင်မူ၊ ကျစ်ဆံမြီးများသည် ရှင်သန်မှုပုံစံတစ်ခုဖြစ်ပါတယ်။ မိန်းကလေး ၂ ဦး၏ မိခင်ဖြစ်သော မာရီယာ ဘောရွိုင်က‌ေတာ့ ထိုအနုပညာကို အစွဲအလမ်းကြီးလာကာ သူမ သမီးငယ်တွေရဲ့ ဆံပင်‌ေတွကို တကယ့်လက်ရာအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ယခုအခါမှာတော့ ကျွန်တော်တို့ ပေ့ခ်ျကနေ မာရီယာဖန်တီးထားတဲ့ ဆံပင်ပုံစံတွေကို ပရိတ်သတ်တွေအတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

သာမန်ဆံပင်ပုံစံတွေကို ငြီးငွေ့လာတာမှ စတင်လာပါတယ်

 

 

မာရီယာတွင် သမီး ၂ ဦး ဖြစ်သော 8နှစ်အရွယ် ဘရီယာနာ နှင့် အသက် 6 နှစ်အရွယ်Ariana ဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်။ ငယ်ရွယ်တဲ့ မိခင်တစ်ယောက်ဖြစ်သည့်အလျောက် ကလေးငယ်များ၏ ဆံပင်ပေါ်တွင် ချစ်စရာတစ်ခုခုကို ပြုလုပ်လိုပြီး ရိုးရိုးဆံပင်ပုံစံ တွေကို ငြီးငွေ့လာပါတယ်။

ကျစ်ဆံမြီး ကျစ်တာက သူမထင်ထားသလောက် မခက်ခဲကြောင်း သူမသဘောပေါက်လာသည်

 

ပထမမှာတော့ မာရီယာနေနဲ့ ထိုကျစ်ဆံမြီးများကို ပြုလုပ်ရန် ၁ နာရီခန့်ကြာခဲ့ပါတယ်။ ယခုအခါမှာ‌ေတာ့ အချိန်နှင့် လေ့ကျင့်မှုကြောင့် ပိုမိုလွယ်ကူလာကြောင်း သူမ ဝန်ခံခဲ့ပါတယ်။ စတိုင်တစ်ခုလျှင် 10မိနစ်မှ -20 မိနစ်အထိ ကြာတတ်ပါတယ်။

ဆံပင်စတိုင်တွေက မိန်းကလေး‌ေတွရဲ့ နေ့စဉ်ဘဝအတွက် များစွာအထောက်အကူပြုပါတယ်

 

အင်တာဗျူးတစ်ခုတွင် သူမက သူတို့သွားရာတိုင်းတွင် ချီးကျူးစကားများစွာကို ရရှိခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ မာရီယာကိုယ်တိုင် လုပ်ပေးခဲ့တယ်ဆိုသောကြောင့် လူအများက အံ့သြသွားပုံရပြီး ကျစ်ဆံမြီးထိုးနည်းကို သင်ပေးရန် တောင်းဆိုခဲ့ပါတယ်။ထိုအချက်ကပဲ သူတို့ကဲ့ ကိုယ်ပိုင် YouTube ချန်နယ်ကို စတင်ရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

ကဲ ထိုပုံတွေထဲမှာ ဘယ်ပုံကို အကြိုက်ဆုံးဖြစ်ကြမလဲ။ သင့်မှာ သမီးငယ်လေး‌တွေရှိတယ်ဆိုရင်တော့ သူမရဲ့ YouTubeချန်နယ်ကို သွားပြီး အစမ်းလိုက်လုပ်သင့်ပါတယ်နော်။ နောင်လည်း ယခုလို အကြောင်းအရာများကို ဖော်ပြပေးသွားမှာ ဖြစ်လို့ ကျွန်တော်တို့ပေ့ခ်ျလေးကို Like & Followလုပ်ထားဖို့ မမေ့ပါနဲ့နော်။

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *