Amazing

လမ်းမကြီးပေါ်မှာ ပျက်သွားတဲ့ကားတစ်စီးအား အလုပ်အနောက်ကျခံကာ သဘောထားကြီးစွာ အနောက်ကနေ တစ်ကိုယ်တည်းတွန်းပို့ပေးနေခဲ့တဲ့ ဆိုင်ကယ်သမားတစ်ဦး

ယာဉ်မတော်တဆမှုတစ်ခုအပြင် ကားမောင်းသမားတွေအတွက် နောက်ထပ်သောအိပ်မက်ဆိုးတစ်ခုကတော့ လမ်းလယ်မှာ ကားပျက်ခြင်းဘဲ ဖြစ်ပါတယ်။လမ်းလယ်မှာ ကားပျက်သွားတဲ့အခါ ကိုယ့်ရဲ့နောက်ကကားအတွက် အဆင်မပြေဖြစ်တဲ့အပြင် အကူအညီခေါ်ဖို့အတွက်လည်း အခက်အခဲများရှိနေတတ်ပါတယ်။သို့သော် လမ်းလယ်မှာ ကားပျက်သွားခဲ့တဲ့ယာဉ်မောင်းသူတစ်ဦးကတော့ အကူအညီပေးလိုတဲ့ဆိုင်ကယ်သမားတစ်ဦးက ရပ်သွားတဲ့သူ့ရဲ့ကားကို တွန်းပေးဖို့ကြိုးစားနေခဲ့တာကြောင့် သူဟာ ကံကောင်းသွားခဲ့ပါတယ်။အဆိုပါဆိုင်ကယ်သမားရဲ့ကြင်နာမှုအတွက် အင်တာနက်မှချီးကျူးမှုများစွာကို ရရှိခဲ့ပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာအဖြစ်အပျက်တစ်ခုကို ကြာသပတေးနေ့ (သြဂုတ် ၁၂) တွင် netizen တစ်ဦးမှ ROADS.sg Facebook စာမျက်နှာသို့ ဝေမျှခဲ့ပါတယ်။အဆိုပါ netizenရဲ့အဆိုအရ ၎င်းဟာ စင်္ကာပူနိုင်ငံရှိ Bedok Green အလယ်တန်းကျောင်းရှေ့၌ ဖြစ်ပျက်ခဲ့ပါတယ်။

၎င်းကားဟာ Panok Island Expressway (PIE) ခုံးကျော်တံတားအနီး New Bed Chang North Avenue 3 လမ်းမကြီးမှာ ဖြစ်ပျက်ခဲ့ပုံရပါတယ်။၎င်းကားမှာ Toyota Corolla Altis ဖြစ်ပြီး အစပိုင်းမှာတော့ ၎င်းရဲ့ယာဉ်မောင်းက သူ့ကားကို တစ်ကိုယ်တည်းတွန်းနေပါတယ်။

သို့ပေမဲ့ ကားက ရုတ်တရက်စက်ရပ်သွားတဲ့အခါ ယာဉ်မောင်းသူအနေနဲ့ ဂီယာအား ထိန်းချုပ်ရန်အတွက် ကားထိုင်ခုံမှာသာရှိနေသင့်ပြီး အခြားသောလူတစ်ဦးက အနောက်ကနေကားကို တွန်းပေးဖို့ လိုတာကြောင့် ၎င်းယာဉ်မောင်းအနေနဲ့ သူ့အား ကူညီပေးဖို့ လူတစ်ယောက်ကို လိုအပ်နေခဲ့ပါတယ်။

ထို့ကြောင့် လမ်းကြုံနေတဲ့ အဆိုပါဆိုင်ကယ်သမားဟာ သွားနေရင်းရပ်လိုက်ပြီး အကူအညီပေးခဲ့တာကြောင့် သူဟာ ယာဉ်မောင်းသူရဲ့ ကယ်တင်ရှင်ဖြစ်သွားခဲ့ပါတယ်။စိတ်ထားပြည့်ဝတဲ့ဆိုင်ကယ်သမားဟာ ကားကိုမောင်းသူက ထိန်းချုပ်ဖို့လိုတာကြောင့် သူက ကားကိုအနောက်ကနေ တစ်ကိုယ်တည်းတွန်းပေးခဲ့ပါတယ်။

ဓာတ်ပုံများအရ ဆိုင်ကယ်သမားဟာ တွန်းတဲ့အရှိန်ကိုမြှင့်တင်ရန် သူ့ရဲ့ခါးကို ၄၅ ဒီဂရီကိုင်းညွှန့်ကာ တွန်းပို့ကေးနေခဲ့ပါတယ်။နောက်ဆုံးမှာ အဆိုပါဆိုင်ကယ်သမားဟာ ကားကို ရွေ့စေကာ မောင်းလို့ရသွားအောင် တွန်းပေးနိုင်ခဲ့ပါတယ်။

အင်တာနက်သုံးစွဲသူများက အဆိုပါဆိုင်ကယ်သမားရဲ့မွန်မြတ်တဲ့စိတ်ထားကို လေးစားချီးကျူးခဲ့ကြပြီး အချို့ကလည်း အဆိုပါဆိုင်ကယ်သမားဟာ ယခင်ကလည်း အခြားလူတစ်ဦးကို ကူညီခဲ့ဖူးကြောင်းနှင့် သူဟာ Singapore Power ကုမ္ပဏီမှာ အလုပ်လုပ်သလို ဓာတ်လှေကားများပြင်တဲ့အလုပ်လည်း လုပ်ကြောင်း ပြောပြခဲ့ကြပါတယ်။

သူ့ရဲ့ကောင်းမွန်တဲ့လုပ်ရပ်အတွက် စိတ်သဘောထားပြည့်ဝတဲ့ဆိုင်ကယ်သမားအား ကျေးဇူးတင်မိပါတယ်။သူကူညီပေးလိုက်တဲ့ယာဉ်မောင်းသူကလည်း သူ့ရဲ့ကျေးဇူးတင်ခြင်းကိုပြန်လည်ပြသလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ။

Mia (Mckzone Daily)

Source : mustsharenews

Leave a Comment