Mon. Nov 29th, 2021

လွန်ခဲ့သော နှစ် 50 မှ 100 အတွင်း ရိုက်ထားခဲ့ပြီးအချိန်နှင့်အမျှ ပြောင်းလဲနေသော ပုံ (၃၀)

ကျွန်ုပ်တို့ အမြဲသတိမထားမိသော်လည်း၊ အချိန်များသည် မယုံနိုင်လောက်အောင် လျင်မြန်စွာ ကုန်ဆုံးသွားကာ ကျွန်ုပ်တို့၏ပုံဟောင်းများကို ပြန်ကြည့်သည့်အခါတွင်မှ မည်မျှပြောင်းလဲနေသည်ကို သတိပြုမိရပါတယ်။ ဤပုံဟောင်းများအတွက် သိမ်းဆည်းထားနိုင်မည့် အွန်လိုင်းအသိုင်းအဝိုင်းတစ်ခု ရှိခြင်းကလဲ ကျေးဇူးတင်စရာကောင်းပါတယ်။

ထို အွန်လိုင်းအသိုက်အဝန်းကို The Way We Were ဟုခေါ်ပြီး ၎င်း၏ 529k နီးပါးအဖွဲ့ဝင်များသည် ယခင်နေ့စဉ်ဘဝ၏ ခေတ်ဟောင်းပုံများကို ပုံမှန်မျှဝေကြပြီး သမိုင်းတစ်လျှောက် အချို့အရာများမည်မျှပြောင်းလဲသွားသည်ကို ထူးခြားစွာမြင်တွေ့စေပါတယ်။ လွန်ခဲ့သော နှစ် 50၊ 100 သို့မဟုတ် နှစ်ပေါင်းများစွာက ရိုက်ကူးခဲ့သော စိတ်ဝင်စားစရာအကောင်းဆုံး ဓာတ်ပုံအချို့ကိုဖော်ပြပေးလိုပါတယ်။

ဓာတ်ပုံအားလုံးကို လင့်ခ်ချိတ်ထားပြီး ၎င်းတို့ရိုက်ထားခဲ့သော အရင်းအမြစ်များဆီသို့ ဦးတည်ထားပါတယ်။ ဤဓာတ်ပုံဆရာများ၏ နောက်ထပ်လက်ရာများကို ၎င်းတို့၏စုဆောင်းမှု album များ သို့မဟုတ် ၎င်းတို့၏ကိုယ်ရေးကိုယ်တာဆိုက်များတွင် လွတ်လပ်စွာရှာဖွေနိုင်ပါတယ်။

(၁) ၁၉၄၀ ခုနှစ်များအစောပိုင်းက ဆွဲဆောင်မှုရှိသော အဖိုးအဖွားများ

(၂) ၁၉၅၄၊ ကယ်လီဖိုးနီးယား၊ Fresno ရှိ Arch Badertscher ၏နို့ထွက်ခြံတွင် Blackie နှင့် Brownie ဟူသော ကြောင်လေးများကို နို့တိုက်နေစဉ်

(၃) ၁၈၉၀ ခုနှစ်က ကျွန်ုပ်၏အဖွား

(၄) ၁၉၃၅ ခုနှစ်က မက္ကဆီကိုနိုင်ငံ ရဲစခန်းတွင် လိင်တူချစ်သူအမျိုးသားများ ဖမ်းဆီးခံရစဉ်

(၅) Mary Wallace , Chicago Transit Authority အတွက် ပထမဆုံး အမျိုးသမီးယာဉ်မောင်း (၁၉၇၄)

(၆) အိုကလာဟိုးမား၊ Kiowa မျိုးနွယ်စုမှ အမေရိကန်မိန်းကလေး၊ 1894

(၇) 1955 ကရိုက်ခဲ့သော Walter Chandoha ၏အကျော်ကြားဆုံးရိုက်ချက်တစ်ခုဖြစ်ပါတယ်။ “ငါ့သမီး Paula နဲ့ ကြောင်ကလေး နှစ်ယောက်လုံး ကင်မရာရှေ့ ပြိုင်တူပြုံးနေခဲ့တာဖြစ်ပါတယ်။ …ဒါပေမယ့် အမှန်က ကြောင်ကပြုံးတာမဟုတ်ပဲ Meow ဟုအော်နေတာဖြစ်ပါတယ်”

(၈) မိန်းကလေးများအတွက် ဘောင်းဘီတိုများကို တားမြစ်ထားသည့် အထက်တန်းကျောင်းဝတ်စုံကို ကန့်ကွက်ဆန္ဒပြခြင်း၊ Brooklyn C.1940

(၉) ၁၉၄၀ ခုနှစ်မှ သင်္ဘောသားတစ်ဦး၏ ပင်လယ်ပြင်၌ ဆယ့်လေးလကြာပြီးနောက် ပထမဆုံးအကြိမ် မိသားစုဆီအပြန်

(၁၀) 1950 ခုနှစ်စကတ်ဆင်တူညီအစ်မနှစ်ဦး

(၁၁) (၁၉၂၀)ခုနှစ်၏ ပို့စ်ပေးပုံ

(၁၂) 1951 Novemberလက အမေ့မင်္ဂလာဆောင်

(၁၃) 1945 – အဖေ အိမ်ပြန်ရောက်တဲ့နေ့။ Gunner Hector Murdoch ဟာ လေးနှစ်ကျော်ကြာ ပျောက်ဆုံးနေခဲ့ပြီး သူ၏ဇနီး Rosina နှင့် သားဖြစ်သူ John တို့မှာ သူ အသက်ရှင်ခြင်းရှိမရှိကိုပါ မသိခဲ့ကြပဲ သူ့မွေးနေ့မှာ အိမ်ပြန်ရောက်လာပါတယ်

(၁၄) စစ္စလီကျွန်းတွင် နေထိုင်ပြီး ဝတ်စုံတစ်ထည်သာ ရှိသည့် ဆင်းရဲလွန်းသော ကျွန်ုပ်၏အဘိုးသည် ကတ်ထူပြားရှေ့ရပ်ကာ ပုံရိုက်ခဲ့ရသည့် ၁၉၃၀ ခုနှစ်များ၊

(၁၅) 1974 ခုနှစ်ဝန်းကျင်မှ ကျွန်ုပ်၏အဖွားနှင့်အမေ ။ အဖွားသည် ကျွန်ုပ်၏မိခင်အားအမျိုးသားဥယျာဉ်များသို့ ခေါ်ဆောင်သွားကာ ရိုက်ကူးခဲ့ပုံ

(၁၆) ၁၉၃၈ ခုနှစ်က Micheal

(၁၇) ဩစတေးလျနိုင်ငံ ၊ Melbourne တွင် သမီးငယ်လေးအား အံ့အားသင့်ဖွယ်အရည်အချင်းကိုပြသခဲ့သည့် ဖခင်, ၁၉၄၀ ခုနှစ်

(၁၈) လန်ဒန်၏ ပထမဆုံး လူမည်းရဲအရာရှိ (1968)

(၁၉) မိဘများ၏မင်္ဂလာဆောင် ၁၉၆၄

(၂၀) ၁၉၁၈ ခုနှစ် ကျွန်ုပ်၏အဖိုး နှင့် အဖွား

(၂၁) ဒီဓာတ်ပုံကို ဒီမှာတင်ထားတာ တွေ့လိုက်ရပြီး အဲဒီနေ့က အဖွားရိုက်‌ပေးတဲ့ ဓာတ်ပုံတစ်ပုံ က ကျွန်ုပ်မှာရှိနေပါတယ် (လွန်ခဲ့သည့်နှစ်များက Phx တွင် ရှေးဟောင်းပစ္စည်းဆိုင်တွင် ဝယ်ယူစဉ်)

(၂၂) ၁၉၀၀ ပြည့်နှစ်များက ကျွန်ုပ်၏အဖွား

(၂၃) ဒါက အဖွား Dorothy ပါ။ သူမဟာအသက် 50 နှစ်များအတွင်း ဂါဝန်ဒီဇိုင်နာတစ်ယောက်ဖြစ်ခဲ့ပြီး ဤဓာတ်ပုံက အနည်းငယ် ရယ်စရာကောင်းစေခဲ့ပါတယ်။ အသက် 89 နှစ်တွင် ကွယ်လွန်သွားခဲ့ပြီးဘဝတစ်ခုကို ကောင်းမွန်စွာ နေထိုင်ခဲ့ရပါတယ်။

(၂၄) ကိုးရီးယားစစ်ပွဲအတွင်း ကျွန်ုပ်၏အဘိုး (ဘယ်ဘက်) နှင့် သူ၏သူငယ်ချင်း ဝီလီဟောလ်

(၂၅) 1954ခုနှစ် အမေနဲ့ဆင်တူပွဲတက်ဝတ်စုံ’

(၂၆) အသက် ၁၀၀ ထိနေခဲ့သူ အဖွားနှင့် အဖိုးတို့၏ ၁၉၃၇ ခုနှစ်ကဓာတ်ပုံ

(၂၇) ယောက္ခမဖြစ်သူ Hazel (1916)

(၂၈) 1940 ပြည့်လွန်နှစ်များက Buffalo မြစ်တွင်မနစ်မြုပ်မီ ကျွန်ုပ်၏ဦးလေး Kennith ၏နောက်ဆုံးပုံ။ အဘိုးကို ကယ်တင်ပြီး သူ့အသက်ကို ပေးခဲ့သူဖြစ်ပါတယ်

(၂၉) ကျွန်ုပ်နဲ့ Rocky တို့ TV အတူကြည့်နေစဉ် (1959)

(၃၀) အရေးပေါ်လှေကား (၁၉၄၆)

Source 121clicks.com

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *