နဖူးအဖြူ ၊ အတောင်ဖြူတို့နှင့်အတူ အနက်ရောင်နှလုံးသားရှိသော ထင်းရှာငှက်လေးများ
သဘာဝမှာ အမြင်မမှားနိုင်တဲ့ ငှက်တွေ အများကြီးရှိတယ်လို့ ယုံကြည်ပါတယ်။ ၎င်းတို့သည် တစ်မျိုးတည်းသော အမွေးအတောင်များ ၊ ထူးထူးခြားခြား အသွင်အပြင်များဖြင့် နှစ်ခြိုက်စရာ ကောင်းပါတယ် ။ နောက်ပြီး ဒါတွေက သူတို့ကို လူစုလူဝေးကြားမှာ ပေါ်လွင်အောင် အမြဲကူညီပေးပါတယ်။
heart-spotted woodpecker ငှက်ဟာ ဤအံ့မခန်းငှက်များထဲမှတစ်ကောင်ဖြစ်ပါတယ်။ နာမည်အရတော့ ဒီမျိုးစိတ်ဟာ အဖြူရောင်တောင်ပံပခုံးပေါ်မှာ အနက်ရောင်နှလုံးသားရှိပါတယ်။ ၎င်း၏အတောင်ပံများ၏ အခြားအစိတ်အပိုင်းများဟာ အနက်ရောင်ဖြစ်ပါတယ်။
ဒီသစ်ခေါက်ငှက်ဟာ အဝေးကပင် ထင်ရှားပေါ်လွင်တဲ့ ခေါင်းဖြူဖြူကြီးတစ်ခုရှိပါတယ် ။ ဤအသွင်အပြင်သည် အဖြူရောင်လည်ပင်းနှင့် သံလွင်မီးခိုးရောင်ဝမ်းဗိုက်တို့နှင့်အတူ ပျံသန်းနေသော ဂြိုလ်သားများနှင့်တူပါတယ်။
ဗီဒီယိုကိုကြည့်ပါ ။
အခြားသော ငှက်မျိုးစိတ်များနှင့် မတူဘဲ၊ အထီးနှင့် အမ တို့ဟာ အလွန်ဆင်တူပါတယ် ။ သို့သော် အထီး၏နဖူးမှာ အဖြူအမည်းဖြစ်ပြီး မိအမများက ဖြူပါတယ် ။ ဒါကလည်း အထီးထက် အမကို ပိုရင်သပ်ရှုမောဖြစ်စေပါတယ်။
ထိုငှက်သည် အိန္ဒိယ၏ဟိမဝန္တာတောအုပ်များတွင် ဖြန့်ကျက်ကာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့အထိ ဖြန့်ကျက်ရောက်ရှိနေပါပြီ။ ၎င်းတို့သည် အပူပိုင်းဒေသနှင့် စိုစွတ်သော မြေနိမ့်သစ်တောများကို နေစရာအဖြစ် ရွေးချယ်လေ့ရှိပါတယ်
ဤငှက်များသည် ပါးလွှာသော အကိုင်းအခက်များနှင့် အခေါက်အောက်တွင် အင်းဆက်များကို အစာအဖြစ် ရှာဖွေစားသောက်ပါတယ်။
မျိုးပွားရာသီစတင်သောအခါတွင် အဆိုပါထင်းကိုက်ငှက်အမများသည် ၎င်းတို့၏အသိုက်ကို အကိုင်းအခက်များ သို့မဟုတ် ခြံစည်းရိုးတိုင်များဖြင့်တည် ဆောကိပါတယ် ။ ထို့နောက် ဥ 2-3 လုံးဥပြီး အကောင်ပေါက်သည်အထိ ကျွေး မွေး စောင့်ရှောက်ကြပါတယ်။
သင် လည်း ဤထူးခြားသောငှက်ကို နှစ်သက်ပါက၊ သင့်မိသားစုနှင့်သူငယ်ချင်းများနှင့်မျှဝေလိုက်ပါ
Source Aubtu.biz
Written One Daily Media