Mon. Nov 29th, 2021

မိဘမဲ့သားပေါက်လေးနှစ်ကောင်ဖြင့် သံယောဇဉ်‌နှောင်ကြိုးတွယ်ခဲ့သူ စွန့်ပစ်ခံမြေခွေး

တောရိုင်းတိရိစ္ဆာန်တွေကြားက ချစ်ကြည်ရင်းနှီးမှုထက် ပိုမိုဖြူစင်ပြီး လှပတာ မရှိပါဘူး။ ၎င်းတို့သည် တူညီသော မိသားစုမှ ပေါက်ဖွားလာသူများ မဟုတ်သော်လည်း ခိုင်မာသော နှောင်ကြိုးကို တည်ဆောက်ဆဲဖြစ်ပါတယ် ။ ဤတိရိစ္ဆာန်များ အတူရှိနေခြင်း သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် အံ့ဩစရာတစ်ခုဖြစ်ပါတယ် ။

ဒီဆောင်းပါးကတော့ နှလုံးသားကိုနွေးထွေးစေတဲ့ ခင်မင်မှုကို ပြောပြပါလိမ့်မယ်။ စွန့်ပစ်ထားသော မြေခွေးလေး Phoebe သည် North Yorkshire ရှိ Whitby တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် မိဘမဲ့ ခွေးတူဝက်တူသားပေါက်လေးနှစ်ကောင်နှင့် အထူးနှောင်ကြိုးကို တည်ဆောက်ခဲ့ပါတယ်။ Phoebe ကို Leeds မြို့ရှိ ကတ်ထူသေတ္တာထဲတွင် တစ်ယောက်တည်း တွေ့ရှိခဲ့ပြီး West Yorkshire၊ Meltham ရှိ လမ်း၌ မိဘမဲ့ သားပေါက်လေး နှစ်ကောင် သွားလာနေသည်ကို တွေ့ခဲ့ရပါတယ်။

\၎င်းတို့ကို Whitby တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ပို့ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ့မှာ ပြဿနာတစ်ခု ကြုံခဲ့ရပါတယ်။ Phoebe နဲ့နေဖို့ တခြားမြေခွေးမရှိတော့ပါဘူး။ ဝန်ထမ်းတွေက သနားစရာ မြေခွေးလေးကို တစ်ယောက်တည်း မနေစေချင်တာကြောင့် Phoebe ကို တခြား ကယ်ဆယ်ထားတဲ့ ခွေးတူဝက်တူနှစ်ကောင်နဲ့ အတူ ထားခဲ့ပါတယ်။ ဒါဟာ အတော်လေး စိန်ခေါ်မှုဆန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ တောထဲမှာ မြေခွေးနဲ့ ခွေးတူဝက်တူတွေ မပေါင်းသင်းနိုင်လို့ပါပဲ။

“မြေခွေးတွေနဲ့ ခွေးတူဝက်တူတွေက တောရိုင်းထဲမှာ ဘယ်တော့မှ ရောနှောမှာမဟုတ်ပါဘူး . သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် သီးသန့်စီနေတတ်ကြပါတယ်” ဟု Whitby Wildlife Sanctuary ၏ အမှုဆောင်အရာရှိချုပ် Alexandra Farmer က ပြောကြားခဲ့ပါတယ်။ “ဒါပေမယ့် ဒီသုံးကောင်က သူတို့အမေမရှိတဲ့တောရိုင်းတိရိစ္ဆာန်တွေဖြစ်ကာ အရွယ်အစားတူတဲ့ တိရစ္ဆာန်တွေဖြစ်ပြီး သူတို့ကို အနီးကပ်စောင့်ကြည့်နေသရွေ့ သူတို့ကို အတူတူထားနိုင်မယ်လို့ ထင်ပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဝန်ထမ်းတွေက ထူးထူးခြားခြား သုံးယောက်ကို စောင့်ကြည့်နေရပါတယ်။ အစပိုင်းမှာတော့ တွန့်ဆုတ်မှုတွေ ရှိကောင်းရှိနိုင်ပေမယ့် ခင်မင်ရင်းနှီးမှုက ပွင့်လန်းလာခဲ့ပါတယ်။ ထူးထူးခြားခြား သူငယ်ချင်းများအဖြစ် အချင်းချင်း ပေါင်းသင်းကြပါတယ်။ သူတို့ဟာ သူငယ်ချင်းတွေနဲ့ ကစားတာ၊ ထမင်းစားတာ၊ အိပ်ချိန်တွေကို နှစ်သက်ကြပါတယ်။ အထီးကျန်စိတ်များ အားလုံးကင်းမဲ့သွားပါတယ်။ အထူးသဖြင့်၊ ချစ်စဖွယ်ကလေးငယ်သည် ၎င်း၏သူငယ်ချင်းများနှင့်အတူနေသည့်အခါ ၎င်း၏ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်‌ပဲ ရယ်မောခြင်းတွေပဲရှိပါတယ်။

သူတို့၏ အထူးနှောင်ကြိုးသည် ဌာနရှိဝန်ထမ်းများကို အံ့အားသင့်စေခဲ့ပါတယ်။ သူတို့သုံးယောက်ရဲ့ ချစ်စရာကောင်းတဲ့ ဓါတ်ပုံလေးတွေကို လူမှုကွန်ရက်မှာ မျှဝေလိုက်တဲ့အခါမှာတော့ ရေပန်းစားသွားခဲ့တာပါ။ လူတွေဟာ သူတို့ရဲ့ ချစ်စဖွယ်ကောင်းမှုကို ချစ်လျူမရှူနိုင်ကြပါဘူး။ မသေချာမရေရာတဲ့ အချိန်အတွင်းမှာ အပြုသဘောဆောင်တဲ့ အရာတစ်ခုခုကို ရှာဖွေနေတယ်ဆိုရင် ဒီဆောင်းပါးကို ကြည့်လိုက်ပါ။

Source Aubtu.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *