Mon. Dec 6th, 2021

အမြင်အာရုံဆိုင်ရာ ကုသနည်းဟုပင် အမည်ပေးထားသည့် လိမ္မော်ရောင်ကိုယ်ထည် အပြာကောင်ခေါင်းစွပ်နှင့် ရင်သပ်ရှူမောဖွယ် Euphonia ငှက်

ရင်သပ်ရှုမောဖွယ် ငှက်တွေအများကြီးရှိပါတယ်။ သူတို့သည် ထူးထူးခြားခြား လှပသော အရောင်အဆင်း သ‌ဏ္ဍာန်များဖြင့် လူအုပ်ကြားမှ ထင်ရှားပေါ်လွင်စေပါတယ်။ ၎င်းတို့၏ အမွေးအမှင်များသည် အရောင်အဆင်းများ၏ စံနှုန်းဖြစ်လာပြီး ဒဏ္ဍာရီလာ ပုံပြင်ငှက်များလို့ တချို့က ထင်ကြပေမယ့် သဘာဝထဲမှာ အမှန်တကယ် ရှိနေကြပါတယ်။

Blue-hood Euphonia သည် ဤထူးခြားသောငှက်များထဲမှ တစ်ကောင်ဖြစ်ပါတယ်။ တောက်ပသောအပြာရောင်ဦး‌ခေါင်း၊ လိမ္မော်ရောင်ဝမ်းဗိုက် ၊ တောက်ပသောအပြာရောင်-အနက်ရောင် စပ်ထားသော မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ပိုင်းများ‌ ကြောင့်လည်း ဤသို့အမည်တွင်လာပါတယ်။

ဤအသွင်အပြင်များက ငှက်အထီးများကို ထင်ရှားစေပါတယ် ။

ဤ Euphonia ၏ သိပ္ပံအမည်မှာ euphonia elegantissima ဖြစ်ပါတယ် “elegantissima” ဟူသော စကားလုံးသည် ဤငှက်၏ စစ်မှန်လှပသော ကျက်သရေရှိမှုကို ရည်ညွှန်းပါတယ်။

အခြားငှက်မျိုးစိတ်များစွာကဲ့သို့ပင် Euphonia ငှက် အမများသည် အထီးများထက် ပို အရောင်မှုန်ပါတယ်။

ဒီငှက်တို့ရဲ့ ဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Euphonia သည် ကော်စတာရီကာ၊ ဘေလီဇ်၊ အယ်လ်ဆာဗေးဒေါ၊ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်၊ မက္ကဆီကို၊ နီကာရာဂွာနှင့် ပနားမားတို့တွင် အများအပြား ဖြန့်ကျက်နေထိုင်ပါတယ်။

၎င်းတို့၏ နေထိုင်ရာများသည် အပူပိုင်းဒေသ၊ သို့မဟုတ် စိုစွတ်သော မွန်တန်သစ်တောများ ဖြစ်သလို ယခင်က သစ်တောဧရိယာများ ကိုလည်း ပျက်စီးစေပါတယ်

ဤငှက်များသည် အဓိကအားဖြင့် Mistletoe ဘယ်ရီသီးများဖြစ်သော အသီးအနှံများကို စားကြပါတယ်။

မျိုးပွားရာသီစတင်သောအခါတွင် ငှက်မများသည် ကမ်းပါးများ တွင် ၎င်းတို့၏ အသိုက်များကို ဆောက်ကြပါတယ်။ ဤအသိုက်များကို အရွက်များ၊ အမြစ်ငယ်များ၊ ရေညှိများနှင့် လီချန်တို့ဖြင့် ပြုလုပ်ထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာက အသိုက်ဆောက်ရာမှာ အထီးတွေက အမတွေ နဲ့ အတူပေါင်း ဆောက်ကြပါတယ်။

လောလောဆယ်တွင် Euphonia ငှက်များ၏ဦးရေသည်အတော်လေးတည်ငြိမ်နေပါသေးတယ်။

ဒီလို ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ငှက်တွေကို မြင်သူ‌တိုင်း မျက်တောင်မခတ်နိုင်အောင်ကြည့်မိသွားမှာပါ ဤဆောင်းပါးကို သင့်မိသားစု၊ သူငယ်ချင်းများကို မျှဝေပေးလိုက်ပါ

 

Source Aubtu.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *