Mon. Dec 6th, 2021

သင့်ချစ်သူမိန်းကလေး၏ယုံကြည်မှုကို ရရှိလာနိုင်စေမယ့်နည်းလမ်း (၁၁) ချက်

အချစ်ရေးနဲ့ပတ်သတ်လာရင် အတိတ်မှာ သစ္စာဖောက်ခံရသူ အမျိုးသမီးတိုင်းဟာ နောက်တစ်ကြိမ်ထပ်ချစ်ရန် ခက်ခဲကြပါတယ် ဒါမှမဟုတ် သင်ဟာသင့်ချစ်သူကို ယခင်က အခါခါလိမ်ညာခဲ့ဖူးသူတစ်ယောက်ဆိုရင် လက်ရှိအချိန်မှာ သင့်အပေါ်သံသယများနေတဲ့သင့်ချစ်သူကိုအပြစ်တင်လို့မရနိုင်ပါဘူး။

ဤသို့ကြုံတွေ့ရပါက သင့်ချစ်သူရဲ့ယုံကြည်ကိုးစားမှုကို နောက်တစ်ကြိမ်ကြိုးစားရယူနိုင်မည့် နည်းလမ်း (၁၁) ချက်ကို စာရင်းပြုစုပေးထားပါတယ်။ ဒါတွေဟာ ရိုးရှင်းသော်လည်း မလွယ်ကူပါဘူး။ သင်သာ ကြိုးစားလုပ်ဆောင်နိုင်မယ်ဆိုရင် သင့်ချစ်သူရဲ့ ယုံကြည်စိတ်ချမှုနှင့်အတူ သာယာသောအနာဂတ်ကို တစ်ဖန်ပြန်ဖန်တီးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုရရှိမှာပါ။

ချစ်သူရဲ့ယုံကြည်မှုရရှိအောင်ဘယ်လိုလုပ်ကြမလဲ ??

(၁) သင်ကိုယ်တိုင်စတင်အားထုတ်ပါ –

 

ပထမဦးစွာသူများကို မယုံခိုင်းခင် သင့်ကိုယ်သင်အရင်ယုံကြည်ပါ။အပြုအမူကောင်းတစ်ခုကို ပြုမူနိုင်မယ်လို့ သင့်ကိုယ်သင်အရင်ယုံကြည်ချက်ထားပါ။သင့်ကိုယ်သင်ကောင်းစွာပြုမူကျင့်ကြံနိုင်ရင် သူမကလဲတဖြေးဖြေးသင့်အပေါ် ယုံကြည်လာပါလိမ့်မယ်။ ပတ်ဝန်းကျင်ရဲ့အပြောအဆိုတွေအောက်မှာ စိတ်အာရုံအလွင့်မခံပဲ သစ္စာရှိပါ ကြင်နာပါ။

(၂) ရိုးသားပွင့်လင်းပါ –

လူမှုဆက်ဆံရေးရဲ့အဓိကသော့ချက်က ရိုးသားပွင်းလင်းမှုပါပဲ။ထို့ကြောင့် သင် ရိုးသားပွင့်လင်းလေလေ သင့်ချစ်သူ၏ယုံကြည်မှုကို ရရှိလေလေဖြစ်ပါလိမ့်မယ်။သင့်လိုအပ်ချက် သင့်အမြင် များကို ရိုးသားစွာပြောဆိုပြီး လျိုဝှက်ချက်နဲ့သံသယ ကင်းရှင်းသော ဆက်ဆံရေးတစ်ခုတည်ဆောက်ပါ။

(၃) သူမကိုချီးကျူးအသိအမှတ်ပြုပါ –

မိန်းကလေးတစ်ဦး၏ ယုံကြည်မှုကို တည်ဆောက်သည့်အခါ ချီးကျူးအသိအမှတ်ပြုပေးခြင်းက အတော်ခရီးရောက်စေပါတယ်။သူမ၏လက်ရှိဖြစ်တည်မှုကို အသိမှတ်ပြုသဘောကျတဲ့သူမျိုးဟာ သူမအတွက်အယုံကြည်ရဆုံးသူဖြစ်လာပါလိမ့်မယ်။

(၄) သူမကိုယုံကြည်ပေးပါ –

အချစ်ရေးတစ်ခုမှာ ယုံကြည်မှုဟာ နှစ်ဦးနှစ်ဖက်လုံးအတွက်အရေးကြီးပါတယ်။သူမအပေါ်ယုံကြည်ပေးခြင်းက သူမ၏ယုံကြည်မှုကိုလည်း ပြန်လည်ရရှိစေပါလိမ့်မယ်။ထို့ကြောင့် ဖြစ်နိုင်သမျှ အကြောင်းအရင်းမရှိပဲ သူမအပေါ်သံသယမထားပါနဲ့။

(၅) မစွက်ဖက်ပါနဲ့ –

သူမ၏ action တိုင်းအတွက် ဝေဖန်ခြင်း ဝင်ရောက်စွက်ဖက်ခြင်း မလုပ်ပါနဲ့။ ဒါမှသာ သူမရဲ့ အတွင်းရေးများအတွက် သင့်အပေါ်ယုံကြည်အားကိုးလာမှာဖြစ်ပါတယ်။ထိုအစား ကိုယ်ချင်းစာပေးပါ ၊ နားထောင်ပေးပါ ၊ အကူညီရစေမည့် ဖြေးရှင်းနည်းများကိုသာ အကြံပေးပါ။

(၆) ရိုးသားပါ –

ယောကျာ်းလေးအများစုမေ့နေတတ်ကြတဲ့အချက်ပါပဲ။သင်ညဘက် အပြင်ထွက်လိုတဲ့အခါ သင့်ချစ်သူကိုအမှန်တိုင်းပြောပြပါ။ ရုံးနောက်ကျမယ်လို့မညာပါ။ လူတွေအပေါ် အထူးသဖြင့် သင့်ချစ်သူအပေါ် ကိုရိုးသားမှ ယုံကြည်မှုပြန်ရမယ်ဆိုတာ မမေ့ပါနဲ့။

(၇) ကိုယ်ပိုင်ရပ်တည်ပါ –

အခြားလူတစ်ဦးကဲ့သို့ မဖြစ်ချင်ပါနဲ့ ။ ကိုယ်ပိုင်ရပ်တည်မှုဖြင့်ချစ်သူကို ပျော်အောင်ထားပါ။ ကိုယ်ပိုင်ပုံစံဖြင့်မဟုတ်ဘဲ ဟန်ဆောင်မှုများရှိပါက ယုံကြည်နိုင်စရာလူ ဘယ်သောအခါမှ ဖြစ်လာနိုင်မည်မဟုတ်ပါ။ သင့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုဖြင့် ပြောဆိုသောစကား ၊ အမူအရာ ၊ ပုံပန်းသဏ္ဍာန်များကသာ သင့်ကိုယ်ပိုင်အစွမ်းအစ‌အပေါ် ယုံကြည်မှုရရှိစေမှာပါ။

(၈) ဖြောင့်မတ်ပါ –

အပြောနဲ့အလုပ်ကိုက်ညီခြင်းက ယုံကြည်မှုတည်ဆောက်ရာမှာ အခရာကျပါတယ်။ဥပမာ – ၅ နာရီမှာစာပို့မယ်ပြောထားရင် ပို့ဖြစ်အောင်ပို့ပါ။အလုပ်ကနေအိမ်တန်းပြန်မယ် ပြောထားပြီးရင် အိမ်တန်းပြန်ပါ။ သင့်စကားနဲ့ သင့်လုပ်ရပ်ထပ်တူညီခြင်းက သင့်ချစ်ကို သက်တောင့်သက်သာဖြစ်စေပြီး သံသယနှင့် စိုးရိမ်စိတ်များကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

(၉) စမတ်ကျစွာဆုံးဖြတ်ပါ –

သင့်ချစ်သူနှင့် လျှောက်လည်သည့်အခါမျိုးမှာ သင်ကြိုက်နှစ်သက်တဲ့ဆိုင်မျိုးထက် သူမကြိုက်နှစ်သက်သည့် ဆိုင်မျိုးကို ရွေးချယ်တတ်ပါစေ။ သူမစိတ်နှင့် သင့်ဆုံးဖြတ်ချက် ကိုက်ညီခြင်းဖြင့် သင်ဟာ အားကိုးရသော ၊ ယုံကြည်ရသော ၊ အထောက်အပံ့ပေးနိုင်သော ၊ အတွေးအခေါ်ကြယ်ဝသော သူတစ်ဦးအဖြစ်အထင်ကြီးခံရစေမှာပါ။

(၁၀) သူမအတွက်အချိန်ပေးပါ –

သူမနှင့်အချိန်များများပေးလေလေ သင်တို့ကြား ယုံကြည်မှုပိုမိုခိုင်မာလေပါပဲ ။အကြောင်းမှာ သင်နဲ့အတူရှိနေရခြင်းက သူမအတွက်စိတ်သက်သာစေနိုင်ကြောင်းသက်သေပြရပါမယ်။သူမအပေါ်ပွင့်လင်းရိုးသားပြီး သူမ မမြင်နိုင်တဲ့သင့်ရဲ့အခြားတစ်ဖက်ခြမ်းများကိုပါ ရိုးသားစွာချပြပါ။

(၁၁) စိတ်ရှည်ပါ –

ယုံကြည်မှုတည်ဆောက်တာဟာ အချိန်ယူရပါတယ်။သင်ကောင်းစွာ ကြိုးစားပြုမူနေသည့်တိုင်အောင် သူမကိုအတင်းဖိအားပေးလို့မဖြစ်ပါဘူး။တစ်ခါတစ်ရံမှာ စောင့်ဆိုင်းပေးခြင်းဟာ လုပ်သင့်တဲ့အရာပါပဲ။ စိတ်ရှည်မှု၏အကျိုးကိုခံစားရမှာပါ။

 

Source amzinglovequotes.org

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *