Mon. Nov 29th, 2021

သင့်ကောင်မလေးသင့်ကို မချစ်တော့ကြောင်း သိသာထင်ရှားစေမယ့် အချက် (၈) ချက်

လူတိုင်းက ဘဝကိုပျော်ရွှင်စွာဖြတ်သန်းလိုကြပါတယ်။သင့်စိတ်ကူးယဉ်အိပ်မက်ထဲ မိန်းကလေးမျိုး တွေ့ကြုံလာရချိန်မှာလည်း တစ်သက်တာလုံးအတူနေရမယ် အလျင်စလို မမျှော်လင့်လိုက်ပါနဲ့။။အချစ်ခရီးလမ်းတစ်ခုဟာ မထင်မှတ်ထားတဲ့ အကြောင်းအရာတွေ ၊ ကံတရားရဲ့ မျက်နှာသာမပေးမှုတွေ မျိုးစုံရင်ဆိုင်ရတတ်တာကြောင့် အချို့သော ကတိများအပေါ် အလွန်အကျွံ မ‌မျော်လင့်မိပါစေနဲ့။ မည်သိူ့သော မယုံနိုင်ဖွယ်ရာလမ်းခွဲမှုပြတ်ဆဲမှုများ ကြုံရပါစေ ၊ အမြဲ ခေါင်းမော့ထားနိုင်ဖို့ ပြင်ဆင်ပါ။ အများစုတွေ့ရလေ့ရှိတာ‌ကတော့ သင့်အပေါ်ဆက်ချစ်ပြီးအတူရှိနေပေးဖို့ စိတ်မပါတော့တဲ့ အမျိုးသမီးများပဲဖြစ်ပါတယ်။ သူတို့ဟာ လမ်းခွဲဖို့ဆုံးဖြတ်ပြီးချိန်မှာတောင်ချက်ချင်းထုတ်မပြောသေးပဲ သင့်ကိုအချက်ပြမယ့် အချိန်အနည်းငယ်ယူတတ်ကြပါတယ်။ဒါဟာ နှစ်ဦးသားအတွက် အကြေအလည်ဆွေးနွေးရမယ့် အရေးအကြီးဆုံး အချိန်ဖြစ်ပါတယ်။ထို့ကြောင့်သင့်ချစ်သူက သင့်ကို လမ်းခွဲချင်နေပြီလားဆိုတာကို ရိပ်မိနိုင်မယ့် အချက် (၈) ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

သင့်ကိုမချစ်တော့ကြောင်းသိသာစေမယ့်စတိုင်များ

(၁) စွန့်လွှတ်ခြင်း –

 

ချစ်သူချင်းရန်ဖြစ်ရတာကို ဘယ်သူမှ မနှစ်သက်ကြပါဘူး။အော်ဟစ်သံတွေ၊ အိပ်ခန်းထဲက ငြင်းခုံသံတွေက စိတ်ပျက်စရာများကို တွေ့ရပါလိမ့်မယ်။ ကိုယ်ယုံကြည်မှုနဲ့ကို မှန်တယ်လို့ ယူဆကြပြီး အလျှော့ပေးခြင်းမျိုးတွေလည်း ရှိမှာမဟုတ်ပါဘူး။အနာဂတ်အတွက်ထည့်သွင်းစဉ်းစားခြင်းမျိုးတွေမရှိတော့ပဲ အချစ်ရေးတစ်ခုလုံးကို စွန့်လွှတ်လိုက်ဖို့ထိ ဝန်မလေးတဲ့ ပြသာနာများကို ရင်ဆိုင်လာရတဲ့အခါ ဒါဟာ သင့်အပေါ် ဆက်လက်လက်တွဲလိုစိတ် ကုန်ဆုံးလာခြင်း ရဲ့အမူအကျင့်တွေပဲဖြစ်ပါတယ်။

(၂) လျိုဝှက်ချက်များလာသောသူမ –

မိသားစုပါတီများ ၊ သူငယ်ချင်းများနှင့်တွေ့ဆုံပွဲများကဲ့သို့သော သူမ၏အနီးစပ်ဆုံးသူများနှင့်အချိန်ဖြုန်းချိန်များမှာ သင်မပါဝင်တော့တဲ့အခါ ၊ သင်မသိလိုက်ရသော သူမရဲ့ လုပ်ဆောင်ချက်များ ရှိလာသောအခါ ဒါဟာ သင့်အပေါ်သူမရဲ့ အလေးထားမှု လျော့နည်းလာခြင်း သိူ့မဟုတ် သင်နဲ့ရေရှည်လက်တွဲရန် စိတ်ကူးမရှိခြင်းမျိူတို့ရဲ့ အချက်ပြမှုများပဲဖြစ်ပါတယ်။

(၃) သင်ဘာလုပ်လုပ်အပြစ်ရှာဝေဖန်နေခြင်း

– မိန်းကလေးတစ်ယောက်ဟာ အချစ်ရေးတစ်ခုကို အဆုံးသတ်လ်ိုလာတဲ့အခါ သင့်လုပ်သမျှ အရာရာအပေါ် အပြုသဘောမဆောင်တဲ့ ဝေဖန်အပြစ်တင်သံများဖြင့်သာ ပြည့်နှက်လာတတ်ပါတယ်။ကံ‌မကောင်းစွာပဲ ဒါဟာ သင့်ကိုမချစ်တော့တဲ့ အချက်ပြမှုသာမကပဲ သူမရဲ့ဘဝထဲမှာသင့်ကို မလိုလားတော့တဲ့ အပြုအမူမျိုးပါ ဖြစ်ပါတယ်။ပြစ်တင်ဝေဖန်မှုများဟာ မသိစိတ်ကနေပင် အလိုလိုစိတ်တိုင်းမကျခြင်းများဆီမှ စတင်လာတာဖြစ်ပါတယ်။ဒါတွေဟာ သင့်ရဲ့စိတ်နှလုံးအေးချမ်းမှု ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုနှင့် သင်တို့ရဲ့အချစ်ရေးကိုပါ ဖျက်စီးပစ်နိုင်တဲ့ ဗျူဟာများပါပဲ။

(၄) တွေ့ဆုံစကားပြောချိန်များနည်းလာခြင်း –

သင့်ဆီကိုလာလည်ခြင်းမျိုးများ ရှားပါးလာပြီး အစပိုင်းမသိသာသော်လည်း တဖြေးဖြေး သူမရဲ့အချိန်ဇယားထဲတွင်သင်မပါဝင်သော schedule များဖြင့်သာ ပြည့်နှက်လာခြင်းက သေချာပေါက်သင်မပါဝင်သော ဘဝတစ်ခုကို တည်ဆောက်နေခြင်းရဲ့သင်္ကေတပါပဲ။ကျွန်ုပ်တို့ချစ်ရသူနဲ့ ချိန်းဆိုတွေ့ဆုံမှုများဟာ အချစ်ကိုခံစားလိုခြင်း ၊ ပျော်ရွှငိမှုအရင်းအမြစ်ကို ခံစားလိုခြင်း အစရှိသည့်အချစ်အခြေပြုမျှော်လင့်ချက်များနဲ့ဖြစ်ပါတယ်။ သင့်လက်တွဲဖော်က ဒီလိုခံစားမှုမျိုးများမလိုလားနေသောအခါ သင့်အပေါ် အချစ်မရှိသောကိုယ်ပိုင်ရှင်သန်မှုတစ်ခုကိုဦးတည်နေခြင်းဟာဖြစ်ပါလိမ့်မယ်။

(၅) စိတ်ပိုင်းဆိုင်ရာဝေးကွာခြင်း –

ရုပ်ပိုင်းဆိုင်ရာကွာဝေးမှုများဟာ အလွန်နာကျင်ရသော်လည်း စိတ်ပိုင်းဆိုင်ရာခံစားချက်များပါ အေးစက်စွာပြုမူခံရခြင်းဟာ နှိုင်းယှဉ်စရာမရှိအောင် နာကျင်ခံစားရပါတယ်။သင့်အား စိတ်ဝင်စားမှုများမရှိတော့တဲ့အခါ အမျိုးသမီးများဟာ သင်အပါအဝင် သင့်ပတ်ဝန်းကျင်ကနေရှောင်ဖယ်သွားပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်အလှမ်းဝေးခြင်းများမှာ ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။ အချို့က သူမ၏ချစ်စဖွယ်အပြူအမူများ ပျောက်ဆုံးသွားတတ်ကြသလို အချို့က သင့်အပေါ် စိတ်ဝင်စားမှု အလေးထားမှုများကို ရပ်တန့်သွားကြပါလိမ့်မယ်။တကယ်တော့ ဒါဟာ ခန့်မှန်းရခက်ခဲတဲ့ အပြူအမူမျိုးတစ်ခုပဲဖြစ်ပါတယ်။။

(၆) သင့်ကိုအသိအမှတ်ပြုမှုများမရှိတော့ခြင်း –

 

အခြားသောသိသာစေမယ့် ကိစ္စတစ်ခုကတော့ သင့်အပေါ် အသိအမှတ်ပြုမှုများခြောက်ကပ်သွားခြင်းပါပဲ။ယခင်က အသိအမှတ်ပြုချီးကျူးပေးလေ့ရှိခဲ့သော သင့်ရဲ့ဆံပင်ပုံစံအသစ်များ ၊ မလှပသော ဆွယ်တာအင်္ကျီများ ကနေ ယခုအခါမှာ ဘာကိုမှ သတိမပြုမိတော့ပဲ ပြောင်းလဲသွားပါလိမ့်မယ်။ပိုဆိုးတာက အသိအမှတ်ပြုမချီးကျူးတော့တဲ့အပြင် ပြစ်တင်ဝေဖန်မှုများပါ ပါဝင်လာခြင်းပါပဲ။ဒါတွေဟာ ကျရှုံးသွားသော အချစ်ရေးဇာတ်လမ်းတစ်ခုရဲ့ သင်္ကေတပါပဲ။ မှော်ဆန်ဆန်ပြောင်းလဲပစ်ဖို့လဲ အတော်ခက်ပါလိမ့်မယ်။

 

၇) အခြားယောကျာ်းအကြောင်းပြောဆိုခြင်း –

အီစီကလီ ရှုပ်ပွေခြင်းများဟာ သေချာပေါက် သင့်အပေါ် မချစ်တော့ခြင်းရဲ့ အချက်ပြမှုပါပဲ။သို့သော်အချို့သောမိန်းမများကတော့ ထိုကဲ့သို့ပေါ်ပေါ်တင်တင် မဖောက်ပြန်ပဲ သူမဘဝတစ်နေ့တာအတွင်းမှာအခြားယောကျာ်းတစ်ဦးရဲ့ အစွမ်းအစများကို လိုတာထက်ပိုပြီး ချီးကျုးအမွှန်းတင်ပြောဆိုနေကြရာကစပါတယ်။ဒါဟာ သူမအတွက် အခြားသော ရွေးချယ်စရာများရှိနေပြီ ဖြစ်ကြောင်း ၊ သူမကိုလက်မလွှတ်လိုပါက သင့်အနေဖြင့်တစ်ခုခု ကြိုးစားရတော့မည်ဖြစ်ကြောင်းရဲ့ အချက်ပြမှုတစ်ခုပါပဲ။သေချာတာကတော့ အခြားလူတစ်ဦးသူမစိတ်ထဲ နေရာယူနေခြင်းကို သင်အလိုမကျကြောင်းပြောတဲ့အခါ သူမလုံးဝလက်ခံမည်မဟုတ်ပါဘူး။

(၈) သူမ၏မထီမဲ့မြင်အပြူအမူများ –

 

လူတိုင်းမှာစိတ်ခံစားမှု ဂဏာမငြိမ်မှုများဖြစ်တတ်ကြပါတယ်။ တစ်ခါတစ်ရံ အလိုလိုနေရင် စိတ်ခံစားမှုများ မြင့်လိုက်နိမ့်လိုက်လဲ ဖြစ်နေတတ်ကြပါတယ်။တခါတလေ အရမ်းနီးကပ်မှုကို ခံစားရသလို တခါတလေ ဝေးကွာနေသည်ကိုလည်း ခံစားရပါလိမ့်မယ်။သင့်လက်တွဲ‌ဖော်၏ စိတ်အပြောင်းအလဲမြန်မှုများကို တွေ့ကြုံရမည်မှာ သာမန်ကိစ္စသာဖြစ်ပါတယ်။သိူ့သော် သင့်အပေါ် အလိုမကျခြင်း ၊ ပြစ်တင်ဝေဖန်ခြင်း ၊ မလိုမုန်းတီးခြင်း နှင့် လေးစားမှုကင်းမဲ့ခြင်းများကိုသာ ဆက်တိုက်ဆိုသလို မြင်တွေ့နေရပြီဆိုပါက ဒါဟာ အဆုံးသတ်လုနီးပါး အနေအထားတစ်ခုဖြစ်နေနိုင်ကြောင်းသတိပြုပါ။

ကျွန်ုပ်တို့အားလုံးဟာ အချစ်ခံရဖို့ထိုက်တန်ပါတယ်။သင့်လက်တွဲဖော်က သင့်ကိုမချစ်တော့ပဲ သင့်ကိုစိတ်သောကများသာပေးနေပြီဆိုပါက စိတ်အေးအေးထားပြီး မိမိကိုယ်ကို ပြန်သုံးသပ်ပါ။ ဒါဟာ ခဏတဖြုတ်တော့ ဘဝရဲ့အခက်ခဲဆုံးကာလဖြစ်နိုင်ပေမယ့် မိမိတန်ဖိုးကို အလေးထားပါ။မိမိကိုယ်ကိုချစ်ပါ။ ဖြစ်ပြီးခဲ့သမျှ ကို သင်ခန်းစာယူပါ။သင့်ကိုအမြဲတမ်း အကြံကောင်းများပေးနိုင်မည့် သူငယ်ချင်းကောင်းများနှင့်တိုင်ပင်ဆွေးနွေးပြီး စိတ်သောကဝေဒနာများဆီကနေ ရုန်းထွက်နိုင်ရန် ကြိုးစားလိုက်ပါ။

Source amazinglovequotes.org

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *