Mon. Dec 6th, 2021

အရွယ်တင်နုပျိုကာ အသက်ရှည်ကျန်းမာစေမည့် ဘဝနေထိုင်နည်းလျိုဝှက်ချက် (၉) ချက်

ကျွန်ုပ်တို့အားလုံးဟာ ကျွန်ုပ်တို့၏ကျန်းမာရေးနှင့် အသွင်အပြင်အတွက် ဖြစ်နိုင်သမျှ နုပျိုနေချင်ကြပါတယ်။ စမ်းသပ်မှူများအရ အသက် ၃၈ နှစ်ရှိ အမျိုးသား ၁၀၀၀ ခန့်ကို စမ်းသပ်ခဲ့ရာ အချို့မှာ အသက် ၂၀ အရွယ်များကဲ့သို့ ကြံ့ခိုင်နေကြောင်း တွေ့ရှိခဲ့ရပြီး အချို့မှာ သက်ကြီးရွယ်အိုများကဲ့သိူ့ ကျန်းမာရေးအခြေအနေများ ရှိနေပုံပေါ်ပါတယ်။ လေ့လာမှုအရ ဒါတွေဟာ မျိုးရိုးဗီဇအရ 20% ခန့်သာရှိသော်လည်း ပတ်ဝန်းကျင်နှင့် လူနေမှုပုံစံစသည့်အချက်များက ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်နေပါတယ်။

သင့်အား အသက်ပိုရှည်နိုင်ရန် ကူညီပေးလိုသည့်အတွက် ဤအံသြဖွယ်ကောင်းသော အလှအပအချက်အလက်များကို စုစည်းထားပါတယ်။

(1) စိတ်ဖိစီးမှု level ကိုထိန်းချုပ်ပါ

နိုဘယ်ဆုရှင် Elizabeth Blackburn က telomeres (ခရိုမိုဆုန်း၏အဆုံးများ) သည် ကျွန်ုပ်တို့၏ဆဲလ်များရှိ အိုမင်းရင့်ရော်မှုဖြစ်စဉ်များအတွက် တာဝန်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ကျွန်ုပ်တို့၏ telomeres တိုတောင်းလေ၊ ကျွန်ုပ်တို့ အသက်ကြီးရင့်မှုပိုမြန်လေဖြစ်ပါတယ်။ နာတာရှည်စိတ်ဖိစီးမှုက တိုတောင်းတဲ့ telomeres တွေဆီ ဦးတည်စေတဲ့အတွက်ကြောင့် သင့်စိတ်ဖိစီးမှုကို စီမံခန့်ခွဲဖို့ အရေးကြီးပါတယ်။

တရားထိုင်ခြင်းသည် သင့်စိတ်ဖိစီးမှုအဆင့်ကို လျှော့ချရန် အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး telomeres တိုတောင်းခြင်းကို ကာကွယ်ပေးပါတယ်။ ယောဂသင်တန်းမှာ စာရင်းသွင်းလိုက်ပြီး စိတ်ညစ်စရာအခြေအနေများနှင့် အတွေးများကို စွန့်လွှတ်ရန်ကြိုးးစားလိုက်ပါ။

(2) လူမှုအသိုင်းအဝိုင်း

Blackburn ၏ သုတေသနပြုချက်အရ ဘေးကင်းပြီး ဖော်ရွေသော အသိုင်းအဝိုင်းတွင် နေထိုင်သူများက telomeres ပိုရှည်ကြောင်း သက်သေပြခဲ့ပါတယ်။ ဒါကြောင့် သင့်ပတ်ဝန်းကျင်ကို ကောင်းစွာရွေးချယ်ပါ။

အခြားလေ့လာမှုတစ်ခုအရ အိမ်ထောင်သည်များနှင့် မိတ်ဟောင်းဆွေဟောင်းများကို ထိန်းသိမ်းထားနိုင်သူများသည်လည်း ပိုရှည်သော telomeres များရှိပါတယ် ၊ ဆိုလိုသည်မှာ ၎င်းတို့သည် အခြားသူများထက် အနည်းငယ်ပိုမိုနုပျိုကြောင်း ပြသခဲ့ပါတယ်။ အချို့သော သုတေသနပြုချက်များအရ ကျွန်ုပ်တို့သည် ကျန်းမာစွာနေထိုင်ရန် အသင့်တော်ဆုံးသူငယ်ချင်းအရေအတွက်မှာ 6 ဦးဖြစ်တယ်လို့ ဆိုပါတယ်။

(3) အစားလျှော့ပြီး သက်တမ်းကိုရှည်စေပါ

အခြေခံအားဖြင့်ဆိုလိုသည်မှာ အာဟာရချို့တဲ့ခြင်းမရှိဘဲ လျှော့စားခြင်းဖြင့် ကယ်လိုရီကန့်သတ်ချက်ဟာ လူ့ဇီဝဖြစ်ပျက်မှုကို နှေးကွေးစေပြီး ကျွန်ုပ်တို့ကို အသက်ပိုရှည်စေနိုင်ပါတယ်။ သုတေသီများသည် မျောက်အုပ်စုနှစ်စုကို နှစ်နှစ်ကြာ စောင့်ကြည့်လေ့လာခဲ့ပါတယ် ။ ကယ်လိုရီနည်းသော အစာစားသောမျောက်များသည် အသက်ပိုရှည်ပြီး ကျန်းမာသန်စွမ်းကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။

ပြုပြင်ထားသော တချို့ အစားအစာများတွင် phosphate များ ပါ၀င်ပြိီး အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို အရှိန်မြှင့်ပေးသောကြောင့် ပြုပြင်ပြီးသား အစားအစာ အမျိုးအစားအားလုံးကို ရှောင်ကြဉ်ပါ။ ယင်းအစား ဘလူးဘယ်ရီ၊ ချောကလက်၊ အခွံမာသီး၊ သင်္ဘောသဖန်းသီး၊ ဆော်လမွန်၊ ထောပတ်သီး၊ နနွင်း အစရှိတဲ့ သင့်အစားအစာတွေမှာ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ အစားအစာတွေ ပါအောင် ထည့်ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ပြီး သင့်အသားအရေနဲ့ အမြင်အာရုံကို ကာကွယ်ပေးပါတယ်။ မှတ်ဥာဏ်လုပ်ဆောင်ချက်ကို ပံ့ပိုးပေးပြီး အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

University of Scranton မှ မကြာသေးမီက လေ့လာမှုတစ်ခုအရ သစ်ကြားသီးတွင် အိုမင်းရင့်ရော်မှုကို ဆန့်ကျင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အများဆုံးပါဝင်ကြောင်း ပြသခဲ့ပါတယ်။ တစ်နေ့ကို သစ်ကြားသီး ၃ လုံးလောက်စားပေးရင် ပိုကျန်းမာပြီး ငယ်ရွယ်နုပျိုတဲ့ရုပ်ရည်ကို ပိုင်ဆိုင်နိုင်မှာပါ။ ထို့အပြင်သကြားစားသုံးမှုကိုကန့်သတ်ရန်နှင့် ဆိုဒါနှင့်အရက်သောက်ခြင်းကိုရပ်တန့်ရန်ကြိုးစားပါ။

(4) ဦးနှောက်လေ့ကျင့်ခန်း

လေ့ကျင့်ခန်းလုပ်ဖို့ အရေးကြီးပေမယ့် ဦးနှောက်ကို လေ့ကျင့်ဖို့ မမေ့ပါနဲ့။ စာအုပ်ဖတ်ပါ၊ နိုင်ငံခြားဘာသာစကားကိုလေ့လာပါ၊ စိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုပါ၀င်သည့်ဂိမ်းများကစားပါ။ သင့်ဦးနှောက်ကို တက်ကြွစွာအလုပ်လုပ်စေခြင်းဖြင့် အိုမင်းခြင်းဖြစ်စဉ်ကို နှေးကွေးစေနိုင်ပါတယ်။ မကြာသေးမီက လေ့လာမှုများအရ သင်ယူခြင်းသည် ဦးနှောက်ကို ငယ်ရွယ်နုပျိုစေရန် ကူညီပေးသည့် neuron အရေအတွက်ကို တိုးမြင့်စေကြောင်း ပြသခဲ့ပါတယ်။

(5) သဘာဝအလှကုန်များကိုသုံးပါ

အလှကုန်များတွင်အသုံးပြုသော parabens ဟာ အီစထရိုဂျင်ကို နှောင့်ယှက်နိုင်ပြီး ပုံမှန်အမျိုးသမီးများကို အရွယ်မတိုင်မီ အိုမင်းစေသောကြောင့် မိတ်ကပ်လျှော့လိမ်းပါ။ အဲဒီအစား သဘာဝအလှကုန်တွေကို ပိုသုံးလို့ရပါတယ်။ သင်ဟာ မိတ်ကပ်ကြိုက်တဲ့ ခရေဇီတစ်ယောက်ဖြစ်ပြီး မိတ်ကပ်မလျှော့နိုင်ဘူးဆိုရင်‌တောင် မျက်နှာကို နေ့တိုင်း သေချာသန့်စင်ပေးပါ။

(6) နေ့စဉ် 15 မိနစ်ခန့်နေပူဆာလှုံပါ

 

ယနေ့ခေတ် အမျိုးသမီးမဂ္ဂဇင်းများအားလုံးသည် မျက်နှာပေါ်တွင် SPF ကိုအသုံးပြုခြင်းကို ဥပေက္ခာမပြုနိုင်ကြပါဘူး။ Cancer Research UK မှ အကြံပြုထားချက်အရ ကျွန်ုပ်တို့သည် နေရောင်ကာခရင်မ်မပါဘဲ နေ့ခင်းဘက်တွင် 15 မိနစ်ခန့် နေသင့်ပါတယ် ။ ဒါမှ အရေပြားကင်ဆာဖြစ်နိုင်ခြေမရှိဘဲ ဗီတာမင် D ကို ရရှိနိုင်မှာပါ။

(7) လွတ်လပ်စွာကခုန်ပါ

လေ့လာမှုအသစ်တစ်ခုအရ အကသည် အသက်အရွယ်ကြီးရင့်မှုဖြစ်စဉ်ကို ပြောင်းပြန်လှန်နိုင်သည့် အထိရောက်ဆုံးလေ့ကျင့်ခန်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကကွက်ကို စဉ်ဆက်မပြတ်ပြောင်းလဲ ကခုန်ခြင်းသည် hippocampus ၏လုပ်ဆောင်မှုကို အားကောင်းစေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။

(😎 အိပ်ရေးဝဝအိပ်ခြင်း

မှန်ကန်တဲ့ အိပ်စက်မှုပုံစံရှိဖို့က အရမ်းအရေးကြီးပါတယ်။ ည ၁၁ နာရီမှ နံနက် ၃ နာရီကြားတွင် ကျွန်ုပ်တို့ရရှိသော အိပ်စက်မှုသည် အာဟာရနှင့် ပြန်လည်ရှင်သန်မှုအတွက် တာဝန်ယူထားသည်ဟု ပညာရှင်များက ဆိုပါတယ် ၊၊ ထို့ကြောင့် သင်သည် ည ၁၁ နာရီ သို့မဟုတ် ထို့ထက်စောသောအချိန်တွင် အိပ်သင့်သည်ဟု ပညာရှင်များက ဆိုပါတယ်။ အကောင်းဆုံးကတော့ လူတစ်ယောက်ဟာ တစ်ညကို 7-8 နာရီ အိပ်သင့်ပါတယ်။ နာတာရှည် အိပ်ရေးပျက်ခြင်းသည် ကျွန်ုပ်တို့၏ ခံစားချက်ကိုသာမက ကျွန်ုပ်တို့၏ အသွင်အပြင်ကိုပါ ထိခိုက်စေပါတယ်။

ဟားဗတ်ဆေးကျောင်းမှ သုတေသနပြုချက်များအရ အများအားဖြင့် အိပ်ချိန် ၇ နာရီအောက်သာရှိသူထက် တစ်နာရီစောပြီး အိပ်ရာဝင်သူများဟာ သွေးပေါင်ချိန် ပိုမို ကောင်းမွန်ကြောင်း တွေ့ရှိခဲ့ရပါတယ် ။ လေဖြတ်ခြင်းနှင့် နှလုံးဖောက်နိုင်ခြေကို လျှော့ချရန် ကူညီပေးပါတယ်။

(9) ဗီတာမင်ဓာတ်များပိုမိုစားသုံးပါ

Antioxidants ဟာ နေရောင်ကြောင့် ပျက်စီးခြင်း သို့မဟုတ် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဖရီးရယ်ဒီကယ်များက ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကို မထိခိုက်စေရန် ကာကွယ်ပေးပါတယ်။ ဒီလိုလုပ်ဖို့ နည်းလမ်းတစ်ခုကတော့ Antioxidants ပါတဲ့ မျက်နှာလိမ်းခရင်မ်ကို သုံးပါ။ နောက်တစ်နည်းကတော့ သူတို့ကို ပါးစပ်ကတဆင့် ယူဖို့ပါပဲ။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေသော အစွမ်းထက်ဆုံး antioxidants များမှာ ဆီလီနီယမ်၊ ဗီတာမင် E နှင့် ဗီတာမင် C တို့ဖြစ်ပါတယ်။

ငါးကြီးဆီ သို့မဟုတ် အခြားရောင်ရမ်းမှု လျော့စေသည့် ဖြည့်စွက်စာများကို အစားအစာတွင် ထည့်စဉ်းစားပါ။ ငါးကြီးဆီတွင် အိုမီဂါ-၃ အက်ဆစ်များ ကြွယ်ဝစွာပါဝင်ပြီး နှလုံးလုပ်ဆောင်ချက်ကို ကောင်းမွန်စေကာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ဆံပင်ကြီးထွားမှုကို ကောင်းမွန်စေပါတယ် ။ Omega-3 သည် ငယ်ရွယ်နုပျိုသော အသားအရေကို ထိန်းသိမ်းရန်အတွက်လည်း ကောင်းမွန်ပါတယ် ။

သင့်ကျန်းမာရေးနဲ့ အသွင်အပြင်ကို ထိန်းသိမ်းဖို့အတွက် ဒီအချက်တွေကို သင်ဘယ်လိုထင်လဲ။ သင့်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်များ နေ့စဥ်ပုံမှန်ရှိပါသလား။ သင့်ထင်မြင်ယူဆချက်များကို အောက်ပါမှတ်ချက်များတွင် ကျွန်ုပ်တို့နှင့် မျှဝေခဲ့ပေးပါ။

SourceBrightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *