Mon. Nov 29th, 2021

သင့်ကောင်လေးက သင့်ကိုအူတိုပြီး အချစ်ပိုစေမယ့် နည်းလမ်း (၇) သွယ်

သင့်ကောင်လေးဟာ သင့်အပေါ်အနည်းငယ်စိမ်းကားနေတယ်လို့ ခံစားနေရပီလား ? ဒါဆိုရင်တော့သင့်ရဲ့တန်ဖိုးကို သင့်ချစ်သူက အမှန်သိနိုင်ဖို့လိုအပ်လာပါပြီ။ သင့်ကောင်လေးရဲ့ အာရုံစိုက်ခံရမှုကို ရရှိနိုင်မယ် နည်းလမ်းတစ်ခုကတော့ သဝန်တိုအောင် ဖန်တီးခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် သင်အထူးဂရုစိုက်ရမှာကတော့ သင့်အပေါ်စိတ်ပျက်သွားစေမယ့် အနေအထားထိမရောက်သွားဖို့လိုပါတယ်။ရက်ရက်စက်စက်လုပ်ပြရမှာမျိုးမဟုတ်ကြောင်းသတိပြုပါ။ သူမပါပဲသင်ဟာပျော်ရွှင်နေနိုင်ကြောင်း သင်ဘယ်လောက်သန်မာကြောင်း ပြသရန်သာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်က သင်နဲ့သင့်ကောင်လေးအကြား သာယာချမ်းမြေ့ရတဲ့အချစ်ရေးတစ်ခုကို ရရှိရန်သာဖြစ်ပါတယ်။ထို့ကြောင့် ယခုဖော်ပြပေးချင်တာကတော့ သင့်ကောင်လေူသင့်အပေါ် သဝန်တိုပြီး သင့်ကိုပိုမိုတန်ဖိုးထားလိုလားလာစေမယ့် နည်းလမ်း (၇) ချက်ဖြစ်ပါတယ်။

ကောင်လေးသဝန်တိုအောင်ဘာလုပ်ကြမလဲ?

(၁) သင့်အရေးပေးမှုကိုအခြားလူများနှင့်ယှဉ်ပြိင်လုယူစေပါ

– သူ့ထံမှ ဖုန်း ၊ စာတိုမက်ဆေ့ခ်ျတို့ကိုချက်ချင်းမတုံ့ပြန်ပါနဲ့။ဒီနည်းလမ်းက သြူစိတ်ထဲကို သင့်ထံမှ ဦးစားပေးမှုကို လိုချင်စိတ်မြင့်တက်လာစေမှာပါ။ ဒီနည်းလမ်းအားဖြင့်သင့်တစ်‌နေတာမှာ သူ့ထက်အရေးကြီးတာတွေ ဒါမှမဟုတ် အရေးကြီးသူတွေ ရှိနေကြောင်း အတွေးစိတ်များကို သူမခံမရပ်နိုင်ဖြစ်လာပါလိမ့်မယ်။သင့်အတွက် သူဟာ ဦး‌စားပေး မဟုတ်ပဲ ရွေးချယ်မှုတစ်ခုဖြစ်နေကြောင်းကို သူလိုချင်မှာမဟုတ်ပါဘူး။

(၂) message နှင့်စာတိုများကို လျစ်လျူရှူထားပါ –

သူဆက်သွယ်လာသော စာတို့ သို့မဟုတ် ဖုန်းခေါ်ဆိုမှုများကို တစ်ခါတစ်ရံ ဥပေက္ခာပြုထားခြင်းက သူလိုအပ်ချိန်တိုင်းသင်အမြဲရှိနေပေးလိမ့်မည်ဟူသော ဘဝမြင့်မှုကို တားဆီးပေးနိုင်ပါလိမ့်မယ်။သင့်ကိုယ်ပိုင်ဘဝနှင့် ပတ်ဝန်းကျင်အနေအထားများအကြားပျော်ရွှင်နေကြောင်းပြသပါ။ ဥပမာ သင်ဟာ social media မှာ online ဖြစ်နေပြီး အခြားသော activities များလုပ်ဆောင်နေသော်လည်း သူ့ကို ချက်ချင်းမတုံ့ပြန်ခြင်းက သူ့အတွက်သင့်ကို ပိုမိုလိုလား သဝန်တိုလာစေမှာပါ။

(၃) လျိုဝှက်ဆန်းကြယ်ပါ

 

– လျိုဝှက်ချက်မရှိသော မိန်းကလေးဟာ ကြယ်မရှိသောကောင်းကင်ကဲ့သို့ပင် ဖြစ်လိမ့်မည် ဟူသော အဆိုရှိကြပါတယ်။ထို့ကြောင့် သဝန်တိုခံချင်ရင် အနည်းငယ်လျိုဝှက်ပြလိုက်ပြီး သူ့တုံ့ပြန်မှုကို စောင့်ကြည့်ပါ။သူ့ခံစားချက်များကို ဖုံးကွယ်ထားတာမျိုးဖြစ်နိုင်သော်လည်း တစ်ချိန်ချိန်မှာ ပေါက်ကွဲထွက်လာပြီး သင့်မှာအခြားလူရှ်ိနေပြီလားဆိုတဲ့ စိတ်ပူပန်မှုတွေ ဖြစ်လာမှာပါ။သို့သော်လည်း အချို့ကတော့ သဝန်တိုမှုတွေကို ချုပ်တည်းထားတတ်ကြပါတယ်။

(၄) သူငယ်ချင်းများနဲ့လျှောက်လည်ပါ –

 

အမျိုးသားအများစုဟာ သူတို့မပါပဲ မိန်းကလေးတွေချည်း လည်ပတ်ကြတဲ့အခါ သဝန်တိုတတ်ကြပါတယ်။ သင့်ကိုယ်သင် အလှပဆုံး ဆံပင်စတိုင် ၊ အလှပဆုံးအဝတ်အစား ၊ မိတ်ကပ်များ ပြင်ဆင်လိုက်တဲ့အခါ အခြားကောင်လေးများ သဘောကျကြမည်ကိုလွန်စွာစိတ်ပူတတ်ကြပြီး။သင်အိမ်ပြန်မရောက်မချင်း အိပ်မပျော်နိုင်အောင်ထိ သဝန်တိုတတ်ကြပါတယ်။

(၅) ရည်းစားဟောင်းအကြောင်းပြောခြင်း –

နောက်ထပ်နည်းလမ်းတစ်ခုကတော့ ရည်းစားဟောင်းအကြောင်းပြောခြင်းပါ။ကောင်းခြင်းများကိုသာ အမွှန်းတင်ပြောဆိုလိုက်မယ်ဆို ဇောချွေးများပင်ပြန်လာတဲ့ထိ သဝန်တိုမှာပါ။အခြားသူများထက် ပိုမိုအသာရလိုခြင်း ၊ ယှဉ်ပြိင်လိုခြင်းဟာ အမျိုးသားများ၏ အသွေးအသားထဲမှာ ရှိနေပါတယ်။သင့်ရည်းစားဟောင်းများ၏ ကောင်းကြောင်းများ ကြားရသောအခါ အရင်လူထက်ပိုမိုသာလွန်ကောင်းမွန်ချင်ပြတတ်ပါတယ်။

(၆) အလုပ်နောက်ကျမည့်အကြောင်းပြောပါ –

သာမန်အလုပ်နောက်ကျခြင်းဟာ အကျိူသက်ရောက်မှု နည်းသော်လည်း အမျိုးသားလုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့်အတူ အချိန်ပိုဆင်းရခြင်းကတော့ အလွန်သဝန်တိုစေမှာပါ။ ဟောလိဝုဒ်ဇာတ်ကားများထဲမှ အလုပ်နောက်ကျသည်အထိ အတူအလုပ်ဆင်းရာမှ တစ်စုံတစ်ရာနီးစပ်သွားသည့် ဇာတ်ဝင်ခန်းများ သူ့ခေါင်းထဲရောက်လာပါလိမ့်မယ်။ အမှန်တကယ် သာမန် အလုပ်လုပ်နေတာဖြစ်ကြောင်း မယုံကြည်နိုင်မချင်း စိတ်သက်သာရမည်မဟုတ်ပေ။

(၇) မလိုအပ်သလိုနေပြပါ –

အမျိုးသားများဟာ သူတစ်ပါးအား ကူညီပေးရခြင်းကို အလွန်အရသာတွေ့တတ်ကြပါတယ်။ မိမိကိုယ်ကိုလည်း ဂုဏ်ယူတတ်ကြပါတယ်။ ထို့ကြောင့် သင်လိုအပ်သော အကူအညီမှန်သမျှကို သင့်ချစ်သူကိုမပြောပဲ အခြားအမျိုးသားတစ်ဦးအား အကူညီတောင်းကြည့်ပါ။ဥပမာ – သင်အိမ်ပြောင်းသည့်အခါမျိုးမှာ အခြားသူတစ်ဦးကို အကူအညီတောင်းလိုက်ပို့စေပြီး ပျော်ရွှင်ခဲ့ရကြောင်းများ ပြန်ပြောပြပါ။ သင့်အသုံးအဆောင် ပစ္စည်းများကို အခြားသူတစ်ဦးက သယ်မ ကူညီပေးကြောင်းများ ကြားတဲ့အခါ သဝန်တိုပြီး ဇောချွေးပြန်နေမယ့် သူ့မျက်နှာကို ခန့်မှန်းကြည့်ပါ။

 

Source amazinglovequotes.org

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *