Mon. Nov 29th, 2021

ဦးခေါင်းပြာ ၊ အဝါရောင်ဝမ်းဗိုက် ၊ ရင်ဘတ်အနီတို့ဖြင့် သေးငယ်သော ပန်းရည်စုပ်ရင်နီ ငှက်မျိုးစိတ်

ကျွန်ုပ်တို့လူသားများဟာ သေးငယ်သောငှက် လေးများ၏ ချစ်စဖွယ်ကောင်းမှုကို အလုံးစုံမသိနိုင်ပါဘူး။ ဒီလို ချစ်စရာကောင်းတဲ့ သတ္တဝါလေးတွေဟာ ထူးထူးခြားခြား လှပတဲ့ အရောင်အဆင်း သွင်ပြင်များကြောင့်ပဲ နေရာတိုင်းမှာ စတား ဖြစ်နေကြပါတယ်။

ပန်းရည်စုပ်ရင်နီငှက်သည် ထူးခြားသောငှက်များထဲမှ တစ်ကောင်ဖြစ်ပြီး ၎င်းတွင် တောက်ပသော အပြာရောင်-အနက်ရောင်စပ်ထားသော အပေါ်ပိုင်း အစိတ်အပိုင်းများ၊ တောက်ပသော အနီရောင် ရင်ဘတ်နှင့်အနက်ရောင် အစင်းနှင့် အဝါရောင် ဝမ်းဗိုက်တစ်ခု ရှိပါတယ်။

သူတို့၏ အအမွေးအမှင်များသည် ဤမျိုးစိတ်များကို ငှက်ကမ္ဘာတွင် အထင်အရှား ဖြစ်စေပါတယ်။

သူတို့၏ Video ကို ကြည့်ကြည့်ပါ။

အခြားငှက်မျိုးစိတ်များကဲ့သို့ပင် ယင်းငှက်မျိုးစိတ် အမများသည် အထီးများထက် ပိုမို အရောင့်ဖျော့ပါတယ်။

ဤ ပန်းရည်စုပ်ရင်နီငှက်ဟာ ဟိမဝန္တာဒေသခွဲတစ်လျှောက် နေထိုင်ပါတယ် ။ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ အရှေ့တောင်အာရှ၊ အင်ဒိုနီးရှား၊ လာအို၊ ထိုင်းဗီယက်နမ်၊ ထိုင်ဝမ်၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် တွေ့ရှိနိုင်ပါတယ်။

ဤငှက်သည် အမြင့်မီတာ ၁၀၀၀ မြင့်သော တောင်များတွင် နေထိုင်ပါတယ်။

အစားအစာများနှင့် ပတ်သက်၍ ထို ပန်းရည်စုပ်ငှက်များသည် ဝတ်ရည်ကို အဓိကအားဖြင့် စားကြပါတယ်။ သို့သော် ၎င်းတို့သည် သေးငယ်သော ဘယ်ရီသီးများ၊ အင်းဆက်များနှင့် ပင့်ကူများကို စားကြပါတယ်။

ဤလှပသောငှက်ကလေး၏မျိုးပွားရာသီသည် ဇွန်လမှ ဇူလိုင်လအထိဖြစ်ပါတယ်။ အဖော်ရှာပြီးနောက်၊ ငှက်မလေးတွေဟာ သူတို့ရဲ့ ပါးလွှာတဲ့ အသိုက်ကို တည်ဆောက်ကြပါတယ်။ ဤအသိုက်များကို ကျီးပေါင်း၊ ရေညှိများ ၊ မြက်ပျော့များဖြင့် ပြုလုပ်ထားပါတယ်။

ထို့နောက် ၎င်းတို့သည် ၎င်းတို့၏ အသိုက်တွင် ဥ ၂-၃ လုံးခန့် သားဖောက်ပြီး အကောင်ပေါက်သည်အထိ စောင့်ရှောက်ကြပါတယ်။

ဒီလို လှပတဲ့ငှက်လေးတွေကို ချစ်ရင် သင့်မိသားစုနဲ့ သူငယ်ချင်းတွေကို မျှဝေလိုက်ပါ။

 

Source Aubtu.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *