ဇာထိုးထားသကဲ့သို့ အံ့ဖွယ်လှပသော ဆံပင်ပုံစံများကိုဖန်တီးနိုင်သည့် ဂျာမန်ဆယ်ကျော်သက်မိန်းကလေးတစ်ဦး
Milena Diekmann သည် အသက် 17 နှစ်အရွယ် ကိုယ်တိုင်သင်ကြားလေ့လာနေသည့် ဆံပင်ညှပ်ဆရာဖြစ်ပါတယ်။ သူမသည် အတုယူမှုများစွာဖြင့် လေ့လာခဲ့ပြီး ဆံပင် ရွှေရောင် သို့မဟုတ် အနက်ရောင် သို့မဟုတ် ယူနီကွန်ရောင် စသည့်မှော်ဝင်ဆံပင်ပုံစံများကို အံ့သြဖွယ်ဖန်တီးခဲ့ပါတယ်။ သူမပြုလုပ်သောဆံပင်ပုံစံများဟာ macrame နှင့်ဆင်တူသည်၊ ခြင်းတောင်းယက်လုပ်သည့်ပုံစံများ၊ ဇာထိုးပန်းထိုးနှင့်ချည်ထားသည့်ပုံစံများလဲ ပါဝင်ပါတယ်။
ဘုရားသခင်လက်ဆောင်ပေးထားသော ပညာရှင်တစ်ဦး၏ လက်ထဲတွင် လူ့ဆံပင်၏အလှသည် တောက်ပြောင်လှပလာနိုင်မည်ဟု ကျွန်ုပ်တို့ အမှန်တကယ်ယုံကြည်ကြပြီး Milena ၏ သာမန်ဆံပင်ညှပ်စတိုင်များကို ဆန်းကြယ်စွာ ပြန်လည်အသက်သွင်းနိုင်ပုံကို ကြည့်ရှုရန် ဖိတ်ခေါ်အပ်ပါတယိ
(၁) လွယ်ကူသောဆံပင်ပုံစံများဖြင့် စတင်ခဲ့ပြီး မကြာမီ ဝါသနာတစ်ခုဖြစ်လာခဲ့ပါတယ်
အင်တာဗျူးတွင် Milena က ပြောကြားခဲ့သည့်အတိုင်း သူမသည် ဆံပင်ရှည်ခြင်းကို အမြဲနှစ်သက်ခဲ့ပြီး တစ်နေ့တွင် ရိုးရိုးကျစ်ဆံမြီးကို စတင်ပြုလုပ်ခဲ့ပါတယ်။ သို့သော် ရုတ်တရက် သူမသည် သာမန်ဆံပင်ပုံစံများကို ငြီးငွေ့လာခြင်းက ရှုပ်ထွေးပြီး ပုံမှန်မဟုတ်သော ပုံစံများကို စတင်စမ်းသပ်ရန် သူမ၏တွန်းအားဖြစ်ခဲ့ပါတယ်။
(၂) အလွန်ရှုပ်ထွေးသောသူမ၏နည်းပညာများ
Milena နှစ်သက်သောကျစ်ဆံမြီးပုံစံများကို “ကတ်ကြေးရေတံခွန်ကျစ်ဆံမြီးစတိုင်” ၊ “ခြင်းတောင်းယက်ကန်းကျစ်ဆံမြီးစတိုင်” များဟုခေါ်ပြီး သူမ၏လက်ရာ မှော်ပညာများ အပြီး ကျွန်ုပ်တို့၏ဆံပင်များဟာ ဝါးခြင်းတောင်း သို့မဟုတ် ပျားရည်စီးချောင်းများဆင်တူသည့် ဒီဇိုင်းများစွာဖြင့် ယက်လုပ်ထားသော ဖွဲ့စည်းမှုအဖြစ်သို့ ပြောင်းလဲသွားတာကို တွေ့ရမှာပါ။
(၃) မှော်ဝင်လက်ရာများအတွက် ကိုယ်တိုင်မော်ဒယ်လ်လုပ်နေသော Milena
Milena သည် သူမ၏ကျစ်ဆံမြီးကျွမ်းကျင်မှုကို သရုပ်ပြရန် ဆံပင်တုကိုအသုံးပြုကာ ပြင်ဆင်ပိးနောက် သူမကိုယ်တိုင် စမ်းသပ်ဝတ်ဆင်ပြပါတယ် ။ သူမ၏ အိပ်မက်သည် တစ်နေ့တွင် အလွန်နာမည်ကြီးလာစေရန်နှင့် ကျော်ကြားသူများ၏ ဆံပင်ကို ပြင်ဆင်ရန် သို့မဟုတ် မင်္ဂလာဆောင် stylist တစ်ဦးအဖြစ် လုပ်ဆောင်ရန်ဖြစ်ပြီး မိန်းကလေးတိုင်း၏ အထူး အရေးပါသောနေ့ကို ရင်သပ်ရှုမောဖွယ်နှင့် စတိုင်ကျသော ပွဲလမ်းသဘင်အဖြစ် ပြောင်းလဲရန်ဖြစ်ပါတယ်
(၄) သူမ၏ကြိုးစားမှုနှင့် အရည်အချင်းများကို သတိမပြုမိပဲ မနေနိုင်ပါဘူး
Instagram ပေါ်တွင် ချီးကျူးမှုနှင့် အာရုံစိုက်မှုများစွာရရှိလာပြီး နောက် ရေပန်းစားသော သြဇာလွှမ်းမိုးသူများ ၊ ကျော်ကြားသူများနှင့် အထင်ကရ အလှကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်အချို့ကပင် သူမ၏ ချစ်စဖွယ်ဆံပင်ပုံစံများကိုသဘောကျကြပါတယ် ။ အလုပ်ကြိုးစားမှု ၊ နေ့စဥ်နဲ့အမျှ စိတ်အားထက်သန်မှု၊ ကောင်းမွန်စွာအချိန်စီမံခန့်ခွဲမှု၊ အားမာန်နှင့် အလေ့အကျင့်များစွာက တစ်နေ့တာမှာ သူမအတွက် တန်ဖိုးရှိတဲ့အလုပ်တွေပဲလို့ သူမက ပြောပြပါတယ်။
(၅) သူမပြုလုပ်ခဲ့သော ဆံပင်စတိုင်များစွာအနက်မှ သူမ၏အမှတ်အသားဖြစ်လာသော စတိုင်တစ်ခု
သူမသည် ရှုပ်ထွေးသောဆံပင်ပုံစံများကို 2019 ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး တစ်နှစ်အကြာတွင်၊ 2020 ခုနှစ်တွင် သူမ၏ Instagram အကောင့်တွင် followers 30,000 ကျော်ရှိနေပြီဖြစ်ပါတယ်။ သူမ၏ စာမျက်နှာသို့ လာလည်ပြီး သူမလက်ရာများကို အားပေးနေကြသူများအား “ကျေးဇူးတင်ပါတယ်” ဟု ပြောရန်လည်း သူမက ဘယ်သောအခါမှ မမေ့ပါဘူး။
ယခုအချိန်အထိ သူမအကြိုက်ဆုံးဆံပင်ပုံစံမှာ “crisscross basket weave braid” ဟုခေါ်သောစတိုင်ဖြစ်ပြီး ၎င်း၏ Instagram စာမျက်နှာတွင်လည်း လူကြိုက်အများဆုံး ဆံပင်ပုံစံများထဲမှ တစ်ခုဖြစ်ကာ ယခုအချိန်အထိ နှစ်သက်သူပေါင်း20,000 ကျော်နှင့် ပြန်လည်မျှဝေသူများစွာရှိပါတယ်။
(၆) အခြားသူများအားလည်း လက်ဆင့်ကမ်းသင်ကြားပေးတတ်သော Milena
Milena သည် အိမ်မှာပင် အလုပ်လုပ်ပြီး သူမ၏စတူဒီယိုသည် သူမ၏အိပ်ခန်းဖြစ်ပါတယ်။ ဒါဟာ နည်းစနစ်များကို ကိုယ်တိုင်စမ်းကြည့်လိုသူများအတွက် ဗီဒီယိုသင်ခန်းစာများ ပြုလုပ်ရာတွင် သူ့အတွက် အတားအဆီးတစ်ခုမဟုတ်ခဲ့ပေ။ သူမ၏ဗီဒီယိုအချို့သည် ကြည့်ရှုမှု 200,000 ကျော်ကို စုဆောင်းထားပြီး တကယ့်အနုပညာနှင့် အရည်အချင်းများကို ဘယ်တော့မှ လျစ်လျူရှူမခံရကြောင်း သက်သေပြနေပါတယ်။
သင့်ဆံပင်ကို သင်ကိုယ်တိုင်လုပ်သလား သို့မဟုတ် ဆံသဆရာထံ သွားပါသလား။ သင် သဘောကျ သောဆံပင်စတိုင်ကား အဘယ်နည်း၊ သင်ရဲ့ဆံပင်ပုံစံတွေ အသွင်ပြောင်းတာကိုလည်း ပုံများမျှဝေပေးစေချင်ပါတယ်။
Source Brightside
Written One Daily Media