ဖရဲသီးကောင်းကောင်းရွေးချယ်ဝယ်ယူတတ်စေရန် ဝါရင့်လယ်သမားများ၏ အကြံဉာဏ် (၅) ချက်
ဖရဲသီးကို မကြိုက်တဲ့သူ ဘယ်သူရှိပါလဲ။ လူအများစုသည် ဤအရသာရှိပြီး လန်းဆန်း စေသောအသီးကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် သင်ဟာ အတွေ့အကြုံရှိသော လယ်သမားမဟုတ်ပါက အရည်ရွှမ်းသော၊ အရသာရှိသော၊ ရင့်မှည့်နေပြီး ချိုမြသော ဖရဲသီးကို ဝယ်ယူတတ်ရန် လွယ်ကူမည်မဟုတ်ဟု ထင်မြင်မိပါတယ် ။ တကယ်တော့ ဖရဲသီးဟာ မခွဲကြည့်ဘဲ မှည့်နေသလားဆိုတာ သိနိုင်ပါတယ်။
ဒီနေ့မှာတော့ သင့်အား အကောင်းဆုံးဖရဲသီးကို ရွေးချယ်နိုင်စေရန် အတွေ့အကြုံရှိ တောင်သူလယ်သမားများထံမှ အကြံပြုချက်အချို့ကို မျှဝေပေးချင်ပါတယ်။
(၁) အစက်အပြောက်နေရာများ
အဝါရောင်အစက်အပြောက်များကို လယ်ကွက်ဟု လူသိများပြီး ဤနေရာဟာ မြေပြင်ပေါ်တွင် ကျိန်းဝပ်ရာနေရာဖြစ်ပါတယ်။ ဖရဲသီးမှည့်များသည် အဖြူရောင်မဟုတ်ဘဲ လိမ္မော်ရောင် သို့မဟုတ် လိမ္မော်ဝါရောင် အစက်အပြောက်များ အမြဲရှိပါတယ်။
(၂) ထိစပ်ထားသောအစက်အပြောက်များ
ဖရဲသီးပေါ်ရှိ အညိုရောင်အစက်အပြောက်များဟာ ပန်းပွင့်၏ဝတ်မှုန်ကူးသောအစိတ်အပိုင်းများကို ပျားများ အကြိမ်များစွာထိမိသည့် သဘောတရားနှင့်ဆင်တူပါတယ်။ ၀တ်မှုန်ကူးလေလေ အသီးပိုချိုလေလေဖြစ်ပါတယ်။
(၃) ဖရဲသီး ကျား/မ
လယ်သမားများဟာ ဖရဲသီးကို ကျားမခွဲခြားကြောင်း လူအတော်များများ မသိကြပါဘူး။ ဥပမာအားဖြင့် ‘ကျား’ ဟာ ပိုကြီးပြီး ရှည်လျားသောပုံသဏ္ဍာန်ရှိကာ အရည်ရွှမ်းသော အရသာရှိသည်။ ‘အမ’ သည် လုံးဝန်းသောပုံစံရှိပြီး မျက်နှာပြင် အလွန်ချောမောပါတယ်။
(၄) အရွယ်အစားရွေးချယ်မှု
အကြီးဆုံး သို့မဟုတ် အသေးဆုံး ဖရဲသီးကို မရွေးချယ်ဘဲ ပျမ်းမျှအရွယ် အသီးကို ရွေးပါ။ သတိပြုသင့်သည်က ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ဖရဲသီးသည် ၎င်း၏အရွယ်အစား အလျောက် လေးလံနေသင့်ပါတယ်။
(၅) အမြီးကိုလေ့လာပါ
အမြီးခြောက်က ဖရဲသီးမှည့်တာကို ညွှန်ပြပါတယ်။ အမြီးစိမ်းနေပါက ဖရဲသီးခူးတာ စောလွန်းသဖြင့် မှည့်မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်ပါတယ်။
Source Brightside
Written One Daily Media
Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ