Tue. Oct 26th, 2021

ကျွန်မ လွယ်လွယ်လေးနဲ့ စိတ်ဆိုးတတ် စိတ်နာတတ်တဲ့ မိန်းမမျိုးမဟုတ်ဘူး ။ အချော့ခံချင်ရုံသက်သက်နဲ့ အကြောင်းမရှိ အကြောင်းရှာ မရစ်တတ်ဘူး

ကျွန်မ နားလည်ခွင့်လွှတ်တတ်ပါတယ် စိတ်ဆိုးစရာရှိတဲ့အခါ ဆိုးတယ် ဒါပေမယ့် စိတ်ဆိုးတာက ပြန်ခွင့်လွှတ်လို့ရပေမယ့် စိတ်နာအောင်တော့ မလုပ်စေချင်ဘူး စိတ်ဆိုးတာ နဲ့ စိတ်နာမတူဘူးနော် မကွာပါဘူး အတူတူပဲလို့ မမှတ်နဲ့စိတ်ဆိုးတယ်ဆိုတာ အကြောင်းပြချက်​ကောင်းကောင်းပေးနိုင်တဲ့အခါ ပြန်ပြီး နားလည်ခွင့်လွှတ်ပေးလိုက်လို့ရတယ်

စိတ်နာတယ်ဆိုတာက ကိုယ်မရှိရင် သေပါတော့မယ်ဆိုရင်တောင် မြေချပြီးစီးတဲ့အထိ မစောင့်ပဲ လှည့်ထွက်သွားတာမျိုးပါ တော်ရုံတန်ရုံ စွဲလမ်းတတ်တဲ့သူတွေအတွက် စိတ်နာတတ်ဖို့ဆိုတာ ခက်ပါတယ် ဘ၀နဲ့ရင်းပြီး စိတ်တစ်ခုလုံးနဲ့ရင်းပြီး စွဲလမ်းတတ် ချစ်တတ်တဲ့ လူတွေက တော်ရုံတန်ရုံအကြောင်းပြချက်နဲ့ လှည့်ထွက်မသွားတတ်ဘူး

အမှားတွေ ရှိလာခဲ့ရင်တောင် ခဏပဲ စိတ်ဆိုးတယ် တစ်နေ့ပြင်လာမှာပါဆိုတဲ့အတွေးနဲ့ ပြန်ခွင့်လွှတ်ကြတာချည်းပါပဲ အဲ့လို အရူးအမူးစွဲလမ်းတတ်တဲ့ ချစ်တတ်တဲ့လူတစ်ယောက်က စိတ်နာသွားတဲ့အခါ သိပ်​ကို ပြတ်သားလွန်းတယ် အရင်က သေလောက်အောင်ချစ်ပါတယ်ဆိုတဲ့ လူကို သေသွားတောင် မတွေ့ချင်တော့တာ

ကိုယ်မရှိရင် သေပါတော့မယ်ဆိုရင်တော့ အဲ့ဒီသေသွားမယ့် အလောင်းပေါ် ကျော်ခွသွားတာ နိမ့်ပဲကျကျ အမြင့်ပဲရောက်ရောက် အဲ့ဒီလူနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ စိတ်မ၀င်စားတော့တာ အဲ့လိုမျိုး အဆုံးစွန်ထိကို ဖြစ်သွားတတ်ကြတယ် ဒါကြောင့် စိတ်ဆိုးအောင် စချင်စပါ စိတ်နာအောင်တော့ မလုပ်နဲ့ စိတ်ဆိုးတယ်ဆိုတာ ခဏနဲ့ ပြေပါတယ် စိတ်နာသွားရင်တော့ နောင်သံသရာအထိ ပါချင်ပါတတ်တာမျိုးလေ ။

ဖြစ်နိုင်ရင် ကျွန်မ ဘယ်သူ့အပေါ်မှာမှ စိတ်မနာချင်ဘူး လမ်းခွဲမယ်ဆိုရင်တောင် အမုန်းနဲ့ မဟုတ်ပဲ အပြုံးနဲ့ပဲ လမ်းခွဲချင်တယ် ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

 

 

ကြၽန္မ လြယ္လြယ္ေလးနဲ႔ စိတ္ဆိုးတတ္ စိတ္နာတတ္တဲ့ မိန္းမမ်ိဳးမဟုတ္ဘူး ။ အေခ်ာ့ခံခ်င္႐ုံသက္သက္နဲ႔ အေၾကာင္းမရွိ အေၾကာင္းရွာ မရစ္တတ္ဘူး

ကြၽန္မ နားလည္ခြင့္လႊတ္တတ္ပါတယ္ စိတ္ဆိုးစရာရွိတဲ့အခါ ဆိုးတယ္ ဒါေပမယ့္ စိတ္ဆိုးတာက ျပန္ခြင့္လႊတ္လို႔ရေပမယ့္ စိတ္နာေအာင္ေတာ့ မလုပ္ေစခ်င္ဘူး စိတ္ဆိုးတာ နဲ႔ စိတ္နာမတူဘူးေနာ္ မကြာပါဘူး အတူတူပဲလို႔ မမွတ္နဲ႔စိတ္ဆိုးတယ္ဆိုတာ အေၾကာင္းျပခ်က္​ေကာင္းေကာင္းေပးႏိုင္တဲ့အခါ ျပန္ၿပီး နားလည္ခြင့္လႊတ္ေပးလိုက္လို႔ရတယ္

စိတ္နာတယ္ဆိုတာက ကိုယ္မရွိရင္ ေသပါေတာ့မယ္ဆိုရင္ေတာင္ ေျမခ်ၿပီးစီးတဲ့အထိ မေစာင့္ပဲ လွည့္ထြက္သြားတာမ်ိဳးပါ ေတာ္႐ုံတန္႐ုံ စြဲလမ္းတတ္တဲ့သူေတြအတြက္ စိတ္နာတတ္ဖို႔ဆိုတာ ခက္ပါတယ္ ဘ၀နဲ႔ရင္းၿပီး စိတ္တစ္ခုလုံးနဲ႔ရင္းၿပီး စြဲလမ္းတတ္ ခ်စ္တတ္တဲ့ လူေတြက ေတာ္႐ုံတန္႐ုံအေၾကာင္းျပခ်က္နဲ႔ လွည့္ထြက္မသြားတတ္ဘူး

အမွားေတြ ရွိလာခဲ့ရင္ေတာင္ ခဏပဲ စိတ္ဆိုးတယ္ တစ္ေန႔ျပင္လာမွာပါဆိုတဲ့အေတြးနဲ႔ ျပန္ခြင့္လႊတ္ၾကတာခ်ည္းပါပဲ အဲ့လို အ႐ူးအမူးစြဲလမ္းတတ္တဲ့ ခ်စ္တတ္တဲ့လူတစ္ေယာက္က စိတ္နာသြားတဲ့အခါ သိပ္​ကို ျပတ္သားလြန္းတယ္ အရင္က ေသေလာက္ေအာင္ခ်စ္ပါတယ္ဆိုတဲ့ လူကို ေသသြားေတာင္ မေတြ႕ခ်င္ေတာ့တာ

ကိုယ္မရွိရင္ ေသပါေတာ့မယ္ဆိုရင္ေတာ့ အဲ့ဒီေသသြားမယ့္ အေလာင္းေပၚ ေက်ာ္ခြသြားတာ နိမ့္ပဲက်က် အျမင့္ပဲေရာက္ေရာက္ အဲ့ဒီလူနဲ႔ ပတ္သက္ၿပီး ဘာတစ္ခုမွ စိတ္မ၀င္စားေတာ့တာ အဲ့လိုမ်ိဳး အဆုံးစြန္ထိကို ျဖစ္သြားတတ္ၾကတယ္ ဒါေၾကာင့္ စိတ္ဆိုးေအာင္ စခ်င္စပါ စိတ္နာေအာင္ေတာ့ မလုပ္နဲ႔ စိတ္ဆိုးတယ္ဆိုတာ ခဏနဲ႔ ေျပပါတယ္ စိတ္နာသြားရင္ေတာ့ ေနာင္သံသရာအထိ ပါခ်င္ပါတတ္တာမ်ိဳးေလ ။

ျဖစ္ႏိုင္ရင္ ကြၽန္မ ဘယ္သူ႔အေပၚမွာမွ စိတ္မနာခ်င္ဘူး လမ္းခြဲမယ္ဆိုရင္ေတာင္ အမုန္းနဲ႔ မဟုတ္ပဲ အၿပဳံးနဲ႔ပဲ လမ္းခြဲခ်င္တယ္ ။

 

 

Leave a Reply

Your email address will not be published. Required fields are marked *