Tue. Nov 30th, 2021

အဝါ-နက်ပြာ-မိီးခိုးရောင် ပေါင်းစပ်အမွေးမျှင်၊အနီရောင် Mohawk တို့ဖြင့် ထင်ရှားသော collared-redstart ငှက်ငယ်လေးများ

သဘာဝတွင် တောက်ပသည့်အရောင်ပိုင်ရှင် ငှက်များ ရာနဲ့ချီရှိပါတယ်။ သူတို့ကို ဘယ်နေရာရောက်ရောက် ပေါ်လွင်ထင်ရှားစေမယ့် ထူးထူးခြားခြား လှပတဲ့အရောင်ပိုင်ရှင်များဖြစ်ကြပါတယ်။ သူတို့၏ အမွေးအမှင်များသည် အရောင်အဆင်းများ၏ စံနှုန်းတစ်ခုပင် ဖြစ်လာပါတယ်။

Collared-redstart ဟာလည်း ဤထူးခြားသောငှက်များကြားတွင် တစ်မျိုးအပါအဝင်ဖြစ်ပါတယ် ။ warbler မိသားစု၏ ရင်သပ်ရှုမောဖွယ်အနွယ်ဝင် ဖြစ်ပြီး ၎င်း၏တောက်ပသောအဝါရောင်မျက်နှာနှင့် ဝမ်းဗိုက်၊ နက်ပြာရောင်-မီးခိုးရောင်အပေါ်ပိုင်းနှင့် ဦးခေါင်းပေါ်ရှိ နီမြန်းသောအမောက်များကြောင့် လူသိများပါတယ်။

အဝါရောင်မျက်နှာပေါ်ရှိ အနက်ရောင်မျက်လုံးများသည် ဤငှက်ကို ပို၍ ချစ်စဖွယ်ကောင်းစေပါတာ ကြောင့် ဒီအကောင်သေးသေးလေးတွေကို မျက်စိလွှဲနိုင်ဖို့မလွယ်လှပါဘူး။

သူတို့၏ ဗီဒီယိုကိုကြည့်ကြည့်ပါ ။

ငှက်မျိုးစိတ်များအတွင်း အမသည် အထီးထက် အရောင်မှိုင်းလေ့ရှိပါတယ် ။ ဒါပေမယ့် collared redstart ကတော့ မတူပါဘူး။ လိင်နှစ်မျိုးလုံးက အတော်လေး ဆင်တူပါတယ်။ ငှက်ငယ်များတွင် အညိုရောင်နောက်ကျော၊ အမွေးအတောင်အောက်တွင် အဝါဖျော့ဖျော့ရှိကြပါတယ်။ ၎င်းတို့တွင် အရွယ်ရောက်ပြီးသူများကဲ့သို့ တောက်ပသော အဝါရောင်အမှတ်အသားများနှင့် အနီရောင် အမောက်များ လည်းမရှိပါဘူး။

ကော်စတာရီကာ မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်း ပနားမားတောင်တန်းများတွင် အစုလိုက် တွေ့ရတတ်ပါတယ်။

သူတို့သည် အမြင့်ပေ 1500 မီတာ မြင့်မားသော ဝက်သစ်ချတောများ၏အစွန်းများ၊ လျှိုမြောင်များနှင့် တောင်တန်းများတွင် နေထိုင်ခြင်းကို နှစ်သက်ကြပါတယ်။

၎င်းတို့၏ အဓိက အစားအစာများမှာ မြင့်မားသော အမြင့်တွင် ကျက်စားသော အင်းဆက်များ ဖြစ်ပါတယ်။ မွေးမြူရာသီတွင် မတ်လမှ မေလအထိ collared redstart အမများက မြက်ခင်းပြင်တွင် သို့မဟုတ် ပြိုကျနေသော သစ်ပင်အောက်တွင် ပုန်းကွယ်နေပြီး မြေပြင်ပေါ်တွင် ၎င်းတို့၏ အသိုက်များကို ဆောက်ကြပါတယ်။

 

ဤအသိုက်ကို အပင်မျှင်များ၊ အပင်အကြေးခွံများ ၊ ဝါးရွက်ခြောက်များဖြင့် ပြုလုပ်ထားပြီး ဘေးဘက်ဝင်ပေါက်ပါရှိပါတယ်။

ထို့နောက် မမျိုးဥတွင် ဥ ၂-၃ လုံးကို ဥပြီး ၁၃-၁၄ ရက်ခန့် သားပေါက်သည်။ စိတ်ဝင်စားစရာမှာ အထီးများသည် ဥ အကောင်ပေါက်ချိန်မှ စကာ အမွေးအတောင်စုံလင်သည်အထိ အမများနှင့်အတူ စောင့်ရှောက်ပေးကြပါတယ်။

Image Credits: Instagram/gregdrawbaugh

 

လက်ရှိအချိန်မှာတော့ ဒီမျိုးစိတ်ဦးရေဟာ အတော်လေး တည်ငြိမ်နေပါတယ်။

ဒီလို ရင်သပ်ရှုမောဖွယ် ငှက်လေးများကို သင့်မိသားစုနဲ့ သူငယ်ချင်းတွေ သတိပြုမိစေဖို့ကို မျှဝေ ပေးစေချင်ပါတယ်။

 

Source Aubtu.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *