Love

ဒါပေမယ့်နောက်ဆုံးထားသွားခဲ့တာက သူပါပဲ …

ထားမသွားပါနဲ့တဲ့ သူပဲ ပထမဦးဆုံးပြောခဲ့တာ ဒါပေမယ့်နောက်ဆုံးထားသွားခဲ့တာက သူပါပဲ …

ထာဝရချစ်နေမယ်ဆိုတဲ့ကတိတွေ မတောင်းပဲပေးတယ် ဘယ်တော့မှ တစ်ယောက်တည်း ဖြစ်မနေစေရဘူးဆိုတဲ့ စကားတွေ အချိန်တိုင်းပြောတယ်

သူတကယ်ပစ်ထားတော့မှပဲ ဒါတွေအားလုံးဟာ အလိမ်အညာမှန်းသိခဲ့တာပါ … အရင်က ကျွန်မ မချစ်တတ်ခဲ့ဘူး အချစ်ဆိုတာလည်း ဘာမှန်းမသိခဲ့ဘူး သူကပဲ ချစ်တတ်အောင်သင်ပေးခဲ့ပြီး သူကပဲမခွဲပါဘူးလို့အယုံသွင်းခဲ့တာ

ယုံမိတဲ့ကိုယ်ကပဲ … မှားနေခဲ့တာပါ …. ကိုယ်တကယ်ချစ်ရင် သူ့ဘက်ကလဲ မေတ္တာတွေ စစ်မှန်နေလိမ့်မယ်လို့ထင်နေခဲ့မိတာက … တကယ့်ကို မှားနေခဲ့တာပါ ။ပထမဆုံး ထွက်မသွားပါနဲ့လို့တောင်းပန်ခဲ့တဲ့ သူပဲ ကျွန်မကို ချန်ထားပြီး အဝေးမှာနေဖို့ရွေးခဲ့တာလေ

ငါ ဘာများမှားနေလို့လဲဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တွေရှာကြည့်တယ် သိပ်ချစ်ခဲ့မိတာကလွဲလို့ရေရေရာရာမရှိခဲ့ဘူး … ဒါပဲ အပြစ်ထင်ပါတယ် ကိုယ့်ကို မချစ်တဲ့သူကို အလွန်အကျွံကြီးချစ်ခဲ့ ယုံခဲ့မိတာလေ ။

 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 





 

Leave a Comment