Love

လမ်းတွေလျှောက်နေပေမယ့်လဲ

လမ်းတွေလျှောက်နေပေမယ့်လဲ ဘယ်ကိုလျှောက်နေမှန်းမသိဖြစ်လာတတ်တယ် …

အဲ့ဒီအချိန်တွေကြုံလာတဲ့အခါ စိတ်ဓာတ်တွေကျလာတတ်သလို ကိုယ့်ဆုံးဖြတ်ချက်တွေကလဲ မသေမချာ မရေမရာတွေ ဖြစ်လာတတ်တယ်

အဲ့လိုအချိန်တွေ ကြုံနေရမယ်ဆိုရင် … ခဏ ဘာမှမလုပ်ပဲ ကိုယ့်ကိုယ်ကို ပြန်ရှာကြည့်တတ်ဖို့လိုတယ် ငါ ဘာဖြစ်ချင်ခဲ့တာလဲ ဆိုတဲ့ အိပ်မက် … ငါ ဘာလုပ်ချင်ခဲ့တာလဲ ဆိုတာ ဝါသနာ တစ်ခုခုကို ပြန်ရှာပါ အဲ့ဒီတုန်းက စိတ်ကူးခဲ့ဖူးတဲ့ အနာဂတ်ကို ပြန်တွေးပါ ….

ဒီလမ်းကို လျှောက်ဖို့ဘာကြောင့်ရွေးခဲ့တာလဲဆိုတဲ့ မျှော်လင့်ချက်ကို ပြန်ရှာတွေ့ဖို့လိုတယ် … မစခင်က ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုပြီး ကိုယ်တကယ်စလုပ်တဲ့အခါ ကိုယ်ထင်သလောက် မပေါက်တဲ့ ခရီးတွေကို နောက်လှည့်ပြန်ဆုတ်လို့မရဘူး

နယ်ပယ်တစ်ခုခုမှာ အလုပ်တစ်ခုခုမှာ ကျွမ်းကျင်တတ်မြောက်လာဖို့ဆိုရင် အချိန်လိုတယ် ဇွဲ လုံ့လလိုတယ် ပြီးရင် .. အရှုံးကို လက်သင့်ခံနိုင်မယ့်သတ္တိတွေလိုတယ် … ကိုယ်လျှောက်နေပေမယ့် ထင်သလောက်မရောက်တဲ့အခါ လူတော်တော်များများတွေးကြတာက နောက်လှည့်သွားဖို့ပဲလေ

အဲ့လိုနည်းနဲ့သာလျှောက်နေမယ်ဆိုရင်တော့ ဘယ်ခရီးမှရောက်တော့မှမဟုတ်ဘူး လမ်းတွေပျောက်နေတယ်လို့တွေးမိတဲ့အခါ ကိုယ်လျှောက်ခဲ့တဲ့အိပ်မက်တွေကို ပြန်ရှာတွေ့ဖို့ အချိန်ဆိုတာလိုပါတယ် ….

ပြိုလဲသွားလို့မရသလို နောက်ပြန်လှည့်သွားတော့မယ်လို့ မတွေးနဲ့ ကိုယ်လျှောက်ခဲ့တဲ့လမ်းကို ကိုယ်ကိုယ်တိုင်ပဲ ဆုံးအောင် လျှောက်ရမယ်လေ ….

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

လမ္းေတြေလွ်ာက္ေနေပမယ့္လဲ ဘယ္ကိုေလွ်ာက္ေနမွန္းမသိျဖစ္လာတတ္တယ္ … အဲ့ဒီအခ်ိန္ေတြၾကံဳလာတဲ့အခါ စိတ္ဓာတ္ေတြက်လာတတ္သလို ကိုယ့္ဆံုးျဖတ္ခ်က္ေတြကလဲ မေသမခ်ာ မေရမရာေတြ ျဖစ္လာတတ္တယ္

အဲ့လိုအခ်ိန္ေတြ ၾကံဳေနရမယ္ဆိုိရင္ … ခဏ ဘာမွမလုပ္ပဲ ကိုယ့္ကိုယ္ကို ျပန္ရွာၾကည့္တတ္ဖို့လိုတယ္ ငါ ဘာျဖစ္ခ်င္ခဲ့တာလဲ ဆိုတဲ့ အိပ္မက္ … ငါ ဘာလုပ္ခ်င္ခဲ့တာလဲ ဆိုတာ ၀ါသနာ တစ္ခုခုကို ျပန္္ရွာပါ အဲ့ဒီတုန္းက စိတ္ကူးခဲ့ဖူးတဲ့ အနာဂတ္ကို ျပန္ေတြးပါ ….

ဒီလမ္းကို ေလွ်ာက္ဖို့ဘာေၾကာင့္ေရြးခဲ့တာလဲဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကုိ ျပန္ရွာေတြ့ဖုိ့လုိတယ္ … မစခင္က ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆိုျပီး ကိုယ္တကယ္စလုပ္တဲ့အခါ ကိုယ္ထင္သေလာက္ မေပါက္တဲ့ ခရီးေတြကို ေနာက္လွည့္ျပန္ဆုတ္လို့မရဘူး

နယ္ပယ္တစ္္ခုခုမွာ အလုပ္တစ္ခုခုမွာ ကြ်မ္းက်င္တတ္ေျမာက္လာဖို့ဆိုရင္ အခ်ိန္လုိတယ္ ဇြဲ လံု့လလိုတယ္ ျပီးရင္ .. အရံႈးကို လက္သင့္ခံနုိင္မယ့္သတၱိေတြလိုိတယ္ … ကိုယ္ေလ်ွာက္ေနေပမယ့္ ထင္သေလာက္မေရာက္တဲ့အခါ လူေတာ္ေတာ္မ်ားမ်ားေတြးၾကတာက ေနာက္လွည့္သြားဖိုု့ပဲေလ

အဲ့လုိနည္းနဲ့သာေလွ်ာက္ေနမယ္ဆိုရင္ေတာ့ ဘယ္ခရီးမွေရာက္ေတာ့မွမဟုတ္ဘူး လမ္းေတြေပ်ာက္ေနတယ္လို့ေတြးမိတဲ့အခါ ကိုယ္ေလွ်ာက္ခဲ့တဲ့အိပ္မက္ေတြကို ျပန္ရွာေတြ့ဖို့ အခ်ိန္ဆိုတာလုိပါတယ္ ….

ျပိဳလဲသြားလို့မရသလို ေနာက္ျပန္လွည့္သြားေတာ့မယ္လို့ မေတြးနဲ႕ ကိုယ္ေလွ်ာက္ခဲ့တဲ့လမ္းကို ကိုယ္ကိုယ္တုိင္ပဲ ဆံုးေအာင္ ေလွ်ာက္ရမယ္ေလ ….

 

 

 

Leave a Comment