Mon. Nov 29th, 2021

ပွင့်ဖက်လေးအတွင်း ရေချိုးဆော့ကစားနေသော ချစ်စဖွယ်ငှက်ငယ်လေး

တောရိုင်းဓာတ်ပုံဆရာတိုင်းအတွက် တောရိုင်းတိရိစ္ဆာန်လေးတွေရဲ့ အထူးအခိုက်အတန့်တွေကို ရိုက်ကူးနိုင်တာထက် ပိုကောင်းတာ မရှိပါဘူး။ ဒါတွေဟာ တမင်လိုက်ရှာနေရင်တောင် ဖြစ်မလာနိုင်ပါဘူး။ ပြီးပြည့်စုံသော တိုက်ဆိုင်မှုဖြစ်ရုံသာမက ကံကောင်းဖို့လဲ လိုပါတယ်။ သင့်ဘဝမှာ တစ်သက်မှာ တစ်ခါပဲတွေ့ဖူးမယ့် မြင်ကွင်းတွေကို မြင်တွေ့ခွင့်ရမယ်ဆိုရင် အဲဒါကို သေချာကြည့်သင့်ပါတယ်။

တောရိုင်းတိရိစ္ဆာန်ဓာတ်ပုံဆရာ Rahul Singh သည် ထိုကံထူးမှုကို ရရှိခဲ့ပါတယ်။ မနက်စောစောမှာ ပွင့်ဖက်ကလေးတစ်ခုကို ရေချိုးကန်အဖြစ် ဆော့ကစားနေတဲ့ ပန်းပွင့်လွှာအတွင်းမှ နေငှက်ငယ်လေးကို သူတွေ့လိုက်တယ်။ သူအံ့အားသင့်သွားပြီး အင်တာနက်ပေါ်ကလူတွေအားလုံးလည်း အံ့သြသွားရပါတယ်။

 

ဒါက တကယ်ကို တစ်သက်မှာ တစ်ခါပဲ အခိုက်အတန့်ပါပဲ” ဟု Rahul ကပြောပါတယ်။

ဆင်များ၊ သမင်များ၊ မြေခွေးများ၊ မျောက်များနှင့် ကြံ့များအပါအဝင် တောရိုင်းတိရစ္ဆာန်မျိုးစုံကိုလည်း ရိုက်ကူးဖမ်းမိခဲ့ကြောင်း Rahul က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူ့ဝါသနာက ငှက်တွေပါ။ သူဟာ လှပစွာပျံသန်းနေသော ငှက်ရတနာများကို အံ့မခန်းရိုက်ချက်များ ပြုလုပ်လိုတာဖြစ်ပါတယ်။

အခုလည်း သူ့အိပ်မက်တွေ တကယ်ဖြစ်လာပြီ။

နေငှက်များကို ဓာတ်ပုံရိုက်ရန်တန်ဆာဆင်ထားသော ငှက်ပျောသီးချုံပုတ်များအနီးသို့ ရောက်သောအခါတွင် အံ့သြဖွယ်မြင်ကွင်းတစ်ခုကို သူတွေ့ရှိခဲ့ရပါတယ်။

ချစ်စရာ ကြက်သွေးရောင် နေငှက်ငယ်လေးတစ်ကောင်ဟာ ရေပြည့်နေသော ပန်းပွင့်ချပ်ထဲတွင် ရေချိုးနေတာဖြစ်ပါတယ်။

Rahul သည် အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း ဤတန်ဖိုးမဖြတ်နိုင်သော အခွင့်အရေးကို ချက်ချင်း ဆုပ်ကိုင်လိုက်ပါတယ်။ သူသည် သူ့ကင်မရာကို ထုတ်ကာ ငှက်ငယ်လေး၏ လှပသော အခိုက်အတန့်များကို ရိုက်ယူလိုက်ပါတယ် ။

“ဒီလို ပုံမှန်မဟုတ်တဲ့ အပြုအမူကို မြင်လိုက်ရတော့ ကျွန်တော် အံ့ဩမိပါတယ်၊ ငှက်ကလေး ရေချိုး‌ နေစဉ်တလျှောက်လုံး ကင်မရာခလုတ်ကို ဖိထားခဲ့ဖြစ်တယ်” ဟု ၎င်းက ဆိုပါတယ်။

ဤတေးဆိုငှက်ငယ်က ပူပြင်းသောနေ့ကို အေးမြစေရန်အတွက် ပန်းပွင့်ချပ်ထဲ သိုလှောင်ထားသော ရေကို အသုံးပြုနေတာဖြစ်နိုင်ပြီး သဘာဝတရားက အံ့သြစရာကြီးပါ။ ဒီလို ဖြူစင်တဲ့ ဓါတ်ပုံတွေဟာ မသေချာမရေရာသောနေ့ရက်များအတွင်း သင့်အတွက် အပြုသဘောဆောင်သည့်အရာတစ်ခုခုကို ဆောင်ကြဉ်းပေးပါလိမ့်မယ်။

Rahul က သူ့ရဲ့ Instagram မှာ တင်ပြီးနောက် ဒီလှပတဲ့ ဓာတ်ပုံတွေ ပျံ့နှံ့သွားခဲ့ပါတယ်။ လူတွေဟာ ဒီမှော်ဆန်တဲ့ အခိုက်အတန့်ကြောင့် သဘောကျနှစ်သက်နေကြပါတယ်။

ဤဆောင်းပါးကို သင့်မိသားစုနှင့် သူငယ်ချင်းများထံ မျှဝေပေးခြင်းဖြင့် စိတ်ခံစားချက်ကို မြှင့်တင်ပေးလိုက်ပါ။

Source aubtu.biz

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *