ကြော်ငြာဆိုင်းဘုတ်တွေကို ဖယ်ရှားခဲ့တဲ့ ပိုလန်အစိုးရ
ခဏလောက်အချိန်ပေးပြီး နေ့တိုင်းမြင်ေနရတဲ့ ကြော်ငြာအရေအတွက်ကို စဉ်းစားရင် အံ့အားသင့်သွားမှာ သေချာပါတယ်။ သာမန်လူတစ်ဦးက တစ်နေ့လျှင် ကြော်ငြာ ၁၀,၀၀၀ အထိ တွေ့နိုင်သည်ဟု သုတေသီများက ဆိုထားပါတယ်။ ထိုကြော်ငြာတွေက ကျွန်ုပ်တို့၏ဖုန်းများ၊ တီဗီများ၊ လက်ပ်တော့များပေါ်တွင် မကြာခဏ ရှိပြီး ၎င်းတို့သည် ကျွန်ုပ်တို့မြို့များ၏လမ်းများပေါ်တွင် နေရာယူလာတာတောင် ကြာမြင့်နေပြီဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ပိုလန်အစိုးရ၏ အကောင်းမွန်ဆုံး ဆုံးဖြတ်ချက်ကို ဖော်ပြပေးသွားမှာဖြစ်ပြီး ထိုကြော်ငြာဆိုင်းဘုတ်တွေကို ဖယ်ရှားလိုက်ခြင်းကြောင့် ကျွန်တော်တို့မြို့တွေရဲ့ လမ်းတွေ ဘယ်လောက်ေတာင်ကြည့်ကောင်းသွားမလဲဆိုတာ စာဖတ်သူတွေက ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
လမ်းမြေမျက်နှာစာတွေကြောင့် ပိုလန်နိုင်ငံမှာ ပြဿနာတက်ခဲ့ဖူးပါတယ်
အစောပိုင်းမှာတုန်းကတော့ ပိုလန်နိုင်ငံမှာအခကြေးငွေမှလွဲ၍ လမ်းေမြမျက်နှာစာများ ကြော်ငြာများနှင့်ပတ်သက်သည့် စည်းမျဉ်းများ ကန့်သတ်ချက်များမရှိပါဘူး။
ဒါ့ကြောင့်၊ အခကြေးငွေကိုသာ မှန်မှန်ကန်ကန် ပေးဆောင်မည်ဆိုပါက လူတိုင်း မိမိတို့အလိုရှိသော မည်သည့်အရာကိုမဆို ကြော်ငြာနိုင်ခွင့်ရှိပါတယ်။ ရလဒ်အနေနဲ့ကတော့ မြို့ကြီးများရှိ လမ်းများတွင် ရုပ်ဆိုးဆိုးပိုစတာများ မသင့်လျော်သော ဆိုင်းဘုတ်များဖြင့် ပြန့်ကျဲနေပြီး နိုင်ငံ၏ထူးခြားသော ဗိသုကာလက်ရာများ မှာလျင်မြန်စွာ ဆုံးရှုံးနေပါတယ်။
ဒါပေမယ့် ၂၀၁၅ခုနှစ် ပိုလန်အစိုးရ၏ အခင်းအကျင်းဆိုင်ရာ ဥပဒေကြောင်းအရ အသိပေးချက်တစ်ခုကို အတည်ပြုလိုက်တဲ့အခါမှာ အရာအားလုံးက ပြောင်းလဲသွားပါတယ်။ ထိုအချက်ကို အတည်ပြုပြီးနောက်မှာေတာ့ အစိုးရက ကြော်ငြာများထားရှိရမည့်နေရာကို အတိအကျ သတ်မှတ်ပေးပြီး ၎င်းတို့ကို မြို့လယ်ခေါင်မှ အစွန်အဖျားဒေသများသို့ ရွှေ့ေပးရန် ကြိုးစားခဲ့ပါတယ်။ ရလဒ်အနေနဲ့ကေတာ့ ၊ မြို့ရှုခင်းများနှင့် ထူးခြားသော ဗိသုကာလက်ရာေတွက ရှေ့တန်းသို့ ပြန်ရောက်လာခဲ့ခြင်းပဲဖြစ်ပါတယ်။
Pogromcy Reklamozy တွေက ပိုလန်လမ်းများပေါ်က ပိုစတာများကို ချေမှုန်းရန် ကြိုးပမ်းသည့် လူမှုရေးတက်ကြွလှုပ်ရှားသူများ၏ အုပ်စုတစ်ခုဖြစ်ပါတယ်။ ထိုသူတွေက နိုင်ငံအနှံ့ က ကြော်ငြာများ မပိတ်မီနှင့် ပိတ်အပြီးတွင် ကွာခြားသွားသည့် အဆောက်အအုံများကို ပြသခဲ့ကြပါတယ်။
Bonus. ;တခြားနိုင်ငံတွေရဲ့ ကြော်ငြာမရှိတဲ့ အဆောက်အဦးများ၏ ဓာတ်ပုံများ
Paris, France
Tokyo, Japan
London, United Kingdom
Chinatown (California)
New York, USA
ကဲ သင်ကရော နိုင်ငံတစ်ခုရဲ့ အစပျိုးမှုအကြောင်းကို ဘယ်လိုထင်ပါသလဲ ။ သင့်နိုင်ငံက ကြော်ငြာဆိုင်းဘုတ်တွေနဲ့ ပတ်သတ်ပြီးရော ဘယ်လိုထင်မြင်လဲဆိုတာ ကောမန့်မှာဖြေခဲ့ပါအုန်းနော်။ နောင်လည်း ယခုလို ဗဟုသုတရစရာများကို ဖော်ပြပေးသွားမှာ ဖြစ်လို့ ကျွန်တော်တို့ပေ့ခ်ျလေးကို Like & Followလုပ်ထားဖို့ မမေ့ပါနဲ့နော်။
Source Brightside
Written One Daily Media