Tue. Nov 30th, 2021

အိန္ဒိယအမျိုးသမီးတွေက ဘာကြောင့်ကျစ်ဆံမြီးကျစ်ပြီး အိပ်ရသလဲ

အိန္ဒိယအမျိုးသမီး‌ေတွမှာ ရှည်လျားတောက်ပြောင်ပြီး မနာလိုစရာလောက်အောင် လှပတဲ့ဆံပင်ရှိကြပါတယ်။ထိုဆံပင်တွေကို ဂရုစိုက်ခြင်းကလည်း အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ခုလို့ပင် ဆိုရပါမယ်။အိန္ဒိယနိုင်ငံက မိခင်များနှင့် အဘွားများသည် မျိုးဆက်များတစ်လျှောက် ဖြတ်သန်းလာခဲ့သည့် အလှအပဆိုင်ရာ လျှို့ဝှက်ချက်များစွာရှိပြီးတော့ ထိုထဲမှ တစ်ခုက‌ေတာ့ အိပ်ရာမဝင်မီ ညတိုင်း ဆံပင်ကို ကျစ်ကျစ်နေ‌ေအာင် ကျစ်ထားခြင်းဖြစ်ပါတယ်။
ဆံပင်ဖြည်ထားတဲ့ အမျိုးသမီး‌ေတွ အိပ်တဲ့အခါတွင် မကောင်းတဲ့ ဆိုးကျိုးများကို ပိုမိုထိတွေ့နိုင်သည်ဟု အိန္ဒိယသား‌ေတွကယုံကြည်ထားပါတယ်။ အမှန်တကယ်လည်း မအိပ်မီ သင့်ဆံပင်ကို ကျစ်ဆံမြီးချခြင်းက ပိုမိုတောက်ပြောင်နေပုံပေါ်စေပြီး ဆံပင်တွေ ဖွာလန်သွားခြင်းကိုပင် ကာကွယ်ပေးနိုင်ပါတယ်။

(၁) ဆံပင်နှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

သင့်ဆံပင်ကို အဖျား‌တွေတိပေးခြင်းက ကွဲထွက်နေသောဆံပင်အစွန်း‌ေတွကို ခေတ္တကူညီပေးပါလိမ့်မည်၊၊ ပြင်းထန်တဲ့ ဓာတုဗေဒပစ္စည်းများကို အသုံးပြုခြင်း ဒါမှမဟုတ် သင့်ဆံပင်များကို မကြာခဏ အခြောက်ခံသောအခါမှာ ဆံပင်‌တွေကွဲထွက်သွားခြင်းဖြစ်ပြီး သင်အိပ်စက်ပုံကြောင့် သင့်ဆံပင်၏ ကျန်းမာရေးနှင့် အလှကို ထိခိုက်စေနိုင်ပါတယ်။

(၂) သင့်ဆံပင်တွေ တောက်ပြောင်နေအောင် အားဖြည့်ကူညီပေးပါတယ်

သင့်ဆံပင်ကို ကြည့်ကောင်းနေစေရန် အစိုဓာတ်လိုအပ်ပြီး သင့်ဆံနွယ်များကို စိုစွတ်စေပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းပေးမည့် ဆံသားထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်များစွာက သင့်ဆံနွယ်များကို စိုစွတ်စေပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။ သို့‌ေပမယ့် သင့်ဆံပင်က အစိုဓာတ်ကို ကြာရှည်မထိန်းထားနိုင်သည့် အကြောင်းရင်းများစွာ ရှိပြီး၊ ၎င်းတို့သည် ညတွင်းချင်းပင် အနည်းငယ် ရေဓာတ်ခန်းခြောက်သွားနိုင်ပါတယ်။ အိပ်ရာမဝင်မီ သင့်ဆံပင်ကို ကျစ်ထားခြင်းဖြင့် လိုအပ်သော အစိုဓာတ်ကို ထိန်းသိမ်းနိုင်ရန် ကူညီပေးပြီး ကျစ်ဆံမြီးများ ထပ်နေသည့်ပုံစံက သင့်ဆံပင်လိုအပ်နေတဲ့ ရေဓာတ်ကို ထိန်းပေးသောကြောင့် ဖြစ်ပါတယ်။

(၃) ခေါင်းဖြီးရလွယ်ခြင်း

မအိပ်ခင် ဆံပင်ကို ပုံမှန်ကျစ်ထားတဲ့အခါ မနက်ခင်းမှာ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အရှုပ်အထွေးတွေကို ရှောင်ရှားဖို့ ကူညီပေးပါတယ်။ စည်းထားတဲ့ဆံပင်တွေကို ဖြည်ဖို့ ရှုပ်ယှက်ခတ်နေသည့်အချိန်ကို သက်သာစေသည့်အပြင်၊ ကျစ်ထားသောဆံပင်သည် သင်ဖြီးလိုက်သောအခါတွင် ဆံပင်ကျွတ်ခြင်းကို သက်သာစေပါသည်။

(၄) ဆံပင်ကျွတ်သက်သာစေမည့် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်

ဓာတုထုတ်ကုန်ထုတ်ကုန်များသည် စိတ်ရှုပ်စရာ ဖွာလန်ခြင်းများကို ယာယီထိန်းနိုင်စေရန် ကူညီပေးသော်လည်း ၎င်းတို့တွင် ဓာတုပစ္စည်းများပါရှိပြီး ဝက်ခြံထွက်ခြင်းကိုပင် ဖြစ်စေနိုင်သည်။အစိုဓာတ်မရှိသောအခါတွင် ဆံပင်များ ကျွတ်တတ်သောကြောင့် ကျစ်ဆံမြီးတွင်ထားရှိခြင်းသည် ရေဓာတ်ခန်းခြောက်ခြင်းမှ ကင်းဝေးစေပြီး သင့်ဆံပင်ကို သဘာဝအတိုင်း တောက်ပြောင်စေသည်

(၅) ဆံပင်အရှည်မြန်စေပါတယ်

ဆံပင်ရှည်နှုန်း အားနည်းပြီး ကြွပ်ဆတ်လာတဲ့အခါမှာ သင်‌ေမျှာ်လင့်ထားတဲ့ ဆံပင်ကို မရရှိနိုင်စေဘဲ နှစ်ခွ ကွဲသွားနိုင်ပါတယ်။ သင့်ဆံပင်များကို ဖျော့တော့တာကို သက်သာစေသည့်အပြင်၊ ကျစ်ဆံမြီးထိုးခြင်းသည် အပူပစ္စည်း‌ေတွ အသုံးပြုရခြင်းနှင့် ဓာတုပစ္စည်းများအသုံးပြုခြင်းတို့ကို ရှောင်ရှားရန် ကူညီပေးနိုင်ပြီး ကြီးထွားသန်စွမ်းလာစေပါတယ်။

(၆) အချိန်ကုန် သက်သာစေခြင်း

သင်က စောစောထတတ်တဲ့ သူတစ်ယောက်မဟုတ်ဘူးဆိုရင်‌ေတာ့ ညနေပိုင်းတွင် သင့်ဆံပင်ကို ကျစ်ကျစ်ထားခြင်းဖြင့် အလွန်လိုအပ်တဲ့အိပ်စက်ခြင်းကို အချိန်ပိုပေးနိုင်သည်။ ညဘက်တွင် သင့်ဆံပင်ကို မိနစ်အနည်းငယ်ကြာ ကျစ်ကျစ်ခြင်းသည် နောက်နေ့မနက်တွင် ကျန်းမာပြီး လှိုင်းတွန့်နေတဲ့ ဆံပင်‌ေတွရရှိဖို့အတွက် လွယ်ကူသော ပြင်ဆင်မှုတစ်ခုဖြစ်ပါတယ်။

ကဲသင့်ဆံပင်‌ေ‌တွက သန်မာမှုမရှိဘဲ ပျက်စီးပြီး အရှည်နှေးနေတယ်ဆိုရင်တော့ ကျစ်ဆံမြီးကျစ်အိပ်ခြင်းက အကောင်းဆုံး ဖြေရှင်းနည်းပါအဲနော်။ နောင်လည်း ယခုလို ဗဟုသုတရစရာများကို ဖော်ပြပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ပေ့ခ်ျလေးကို Like & Followလုပ်ထားဖို့ မမေ့ပါနဲ့နော်။

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *