Daily News

ဒုက္ခရောက်နေကြတဲ့ မိသားစု (၃) စုရဲ့အခက်အခဲကို တစ်ရက်တည်းမှာပဲ ပြေလည်အောင် ကူညီပေးခဲ့တဲ့ ဝေဠုကျော်

ဒုက္ခရောက်နေကြတဲ့ မိသားစု (၃) စုရဲ့အခက်အခဲကို တစ်ရက်တည်းမှာပဲ ပြေလည်အောင် ကူညီပေးခဲ့တဲ့ ဝေဠုကျော်

သားသမီးလေးယောက်လုံးက မျက်မမြင်ဖြစ်နေတာကြောင့် မိခင်ဖခင်တွေမှာ အရမ်းကျပ်တည်းပြီး အဆင်မပြေကြတာမို့ ဝေဠုကျော်ဖောင်ဒေးရှင်းကနေ အားလုံးရဲ့စုပေါင်းအားရဲ့လှူဒါန်းပေးခဲ့တဲ့ ကျုံမငေးကမိသားစုဟာ နယ်မှာအလုပ်အကိုင် အဆင်မပြေတာကြောင့် ရန်ကုန်ကအသိမိတ်ဆွေထံ လာခဲ့ပေမယ့် လိပ်စာပြောင်းသွားခဲ့ပြီဖြစ်လို့ ဝေဠုကျော်ဖောင်ဒေးရှင်းကိုအကူအညီတောင်းချိန်မှာတော့ သန်လျင်ကခြံမှာ နေစရာ စားစရာပေးထားတဲ့အပြင် အလုပ်အကိုင်ပါရှာပေးထားခဲ့ပြီး အနီးအနားမွာ Covid Positive လူနာတွေရှိတာကြောင့် ကြက်ဥ အလုံး (၅၀)၊ အျခား စားနပ်ရိက္ခာ၊ Mask၊ အခြောက်အခြမ်းတွေ သွားထောက်ပံ့ပေးခဲ့တဲ့အကြောင်း အလှူရှင်တွေကို အသိပေးလာခဲ့ပါတယ်။

ဒီနောက်မှာလည်း သန်လျင်ကမိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးက Covid Positive ဖြစ်ကာ အောက်ဆီဂျင်ကျပြီး ဇနီးဖြစ်သူက ကလေးတွေနဲ့ ယောက်ကျားကိုပြုစုနေရတာကြောင့် စားနပ်ရိက္ခာ ၊ ကြက်ဥအလုံး (၅၀)၊ အာဟာရ၊ mask တွေ ဆက်လက်ထောက်ပံ့ပေးခဲ့ပါသေးတယ်။ နောက်ထပ်လည်း သဃ်န်းကျွန်းက ဆွေမျိုးတွေစုပေါင်းပြီးနေတဲ့အိမ်မှာ အိမ်သားတွေအကုန် Covid Positive ဖြစ်ပြီး၊ ဖျားနာကြသလို အသက်ဆုံးသူက ဆုံးပြီး အောက်ဆီဂျင် ကျသူကကျနေတာကြောင့် အောက်ဆီဂျင်လည်းထောက်ပံ့သလို ကြက်ဥအလုံး (၃၀)အပြင် ဆေးဝါးနဲ့ အာဟာရလည်း ထောက်ပံ့ပေးခဲ့ပါသေးတယ်။

ဒီလိုကူညီမှုတွေကို တစ်ရက်တည်းနဲ့အပြီးကူညီခဲ့တာဖြစ်ပြီး နောက်ထပ်လိုအပ်သူတွေကိုလည်း ဆက်လက်ကူညီဖို့အသင့်ရှိနေပါသေးတယ်။ ပရဟိတလုပ်ငန်းတွေကို လူအများအတွက် ကူညီချင်စိတ်နဲ့ စတင်ခဲ့သလို လက်ရှိအချိန်ထိလည်း အကျိုးရှိတဲ့လုပ်ရပ်တွေအပေါ်မှာပဲ အာရုံစိုက်ပြီး အစဉ်တစိုက် ကူညီပေးနေဆဲပါပဲ။ အဆင်မပြေကြတဲ့မိသားစုတွေကို အခုလိုကူညီပေးလို့ ဖောင်ဒေးရှင်းကို ကျေးဇူးတင်ကြောင်း မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။

Leave a Comment