Tue. Nov 30th, 2021

ငိုကြွေးခြင်းဖြင့်ရရှိလာမည့် ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု

အချက်အလက်များအရ အမေရိကန်တွင် အမျိုးသမီးများသည် တစ်လလျှင် ၃.၅ ကြိမ်ခန့် ငိုကြပြီး အမျိုးသားများသည် တစ်လလျှင် ၁.၉ ကြိမ်ခန့် မျက်ရည်ကျကြောင်း သိရပါတယ်။ သို့သော်လည်း လူ့အဖွဲ့အစည်းက ငိုယိုခြင်းကို အားနည်းခြင်း၏ လက္ခဏာအဖြစ် မြင်လေ့ရှိပါတယ်။ ငိုဖို့လိုတယ်လို့ ခံစားရရင် မျက်ရည်တွေကို ထိန်းမထားပါနဲ့။ ၎င်းတို့သည် ကျွန်ုပ်တို့ထင်သည်ထက် ကျန်းမာရေးအကျိုးကျေးဇူးများ အမှန်တကယ်ရှိပါတယ်။

ဤ ဆောင်းပါးက ငိုခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးအချို့ကို အလင်းပြပေးပါမယ်။

(၁) စိတ်ဖိစီးမှု

2014 ခုနှစ် လေ့လာမှုတစ်ခုအရ ငိုခြင်းက စိတ်ဖိစီးမှုများသောအချိန်များကို ပြေလျော့စေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ငိုခြင်း၏ရလဒ် ကြောင့် ချက်ချင်းခန္ဓာကိုယ်သည် ပြေလျော့မသွားမီ မိနစ်အနည်းငယ်ကြာနိုင်ပါတယ်။

သုတေသီများ၏ အဆိုအရ ငိုခြင်းသည် parasympathetic nervous system (PNS) ကို အသက်ဝင်စေပါပြီး PNS သည် ဦးနှောက်အပေါ် တည်ငြိမ်သောအကျိုးသက်ရောက်မှုရှိ စေပါတယ်။

(၂) သွေးပေါင်ချိန်

သွေးတိုးရောဂါသည် လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းကဲ့သို့သော ပြင်းထန်သော ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်ပါတယ်။ သို့သော် သတင်းကောင်းမှာ လေ့လာမှုများစွာအရ ငိုခြင်းသည် သွေးပေါင်ချိန်ကို လျော့ကျစေရုံသာမက ပြင်းပြင်းထန်ထန် ငိုကြွေးခြင်းအားဖြင့် သွေးခုန်နှုန်းကို တည်ငြိမ်စေနိုင်ပါတယ်။

(၃) အဆိပ်အတောက်အစုအဝေး

ငိုနေချိန်မှာ သင့်မျက်လုံးထဲက မျက်ရည်တွေက မျက်လုံးထဲက အခိုးအငွေ့တွေ၊ ဖုန်မှုန့်တွေလို အညစ်အကြေးတွေကို ရှင်းပေးနိုင်ပါတယ်။ ထို့အပြင် ကျွန်ုပ်တို့ငိုသောအခါ ကျွန်ုပ်တို့၏မျက်ရည်စက်များသည် စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်အတွင်း စုပုံလာသော အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ ဤအဆိပ်အတောက်များကို ဖယ်ရှားခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ ကော်တီဆော ပမာဏကို လျှော့ချပေးကာ ပေါ့ပါးသော စိတ်ခံစားချက်ကို ရရှိစေပါမယ်။ ထို့ကြောင့် ကောင်းမွန်စွာ ငိုကြွေးပြီးနောက် လေးလံမှုကို ခံစားရခြင်းသည် အံ့သြစရာ မဟုတ်ပါဘူး။

(၄) စိတ်ခံစားမှုမတည်ငြိမ်ခြင်း

သင့်အဘယ်ကြောင့် ရန်လိုလာသနည်းဟု သင် တွေးတောနေပါက သင်သည် မကြာသေးမီကပင် စိုးရိမ်စိတ်နှင့် စိတ်တိုဒေါသထွက်နေမှုများအတွက် တိကျသေချာသော အဖြေမရှိနိုင်ကြောင်း သင်သိထားသင့်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ခံစားချက် ပြောင်းလဲခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ အကြောင်းအရင်းတစ်ခုမှာ ခန္ဓာကိုယ်ထဲတွင် Manganeseများ စုပုံနေခြင်းပင်ဖြစ်ပါတယ်။

ကျွန်ုပ်တို့ ငိုသောအခါ၊ ဤပိုလျှံနေသော Manganese များဟာကျွန်ုပ်တို့၏မျက်ရည်စက်များနှင့်အတူ ခန္ဓာကိုယ်တွင်းမှ ထွက်လာပါတယ်။ ၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ ပြင်းအားကို လျော့နည်းစေပြီး ရလဒ်အနေဖြင့် သင့်အား စိတ်တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုရှိစေပါမယ်။

(၅) နာကျင်မှု

ကိုယ်လက်နာကျင်ကိုက်ခဲသောအခါတွင် မျက်ရည်အချို့ အလိုအလျောက်ထွက်တတ်ပါတယ်။ ဤသည်မှာ နာကျင်မှုဝေဒနာကို လျှော့ချရန် ခန္ဓာကိုယ်၏နည်းလမ်းဖြစ်ပါတယ်။ မိမိကိုယ်ကို သက်သာစေခြင်းအပြင် စိတ်ပိုင်းဆိုင်ရာအတွက် မျက်ရည်ကျခြင်းကလည်း အောက်စီတိုစင်နှင့် အင်ဒိုဖင်များကို ထုတ်လွှတ်ကြောင်း သုတေသနပြုချက်များအရ သိရပါတယ်။ ဒီဓာတုပစ္စည်းတွေက လူတွေကို စိတ်ခံစားမှု ကောင်းကောင်းရစေပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကိုပါ သက်သာစေနိုင်ပါတယ်။

နာကျင်မှုနှင့် ပျော်ရွှင်မှုတို့ကြောင့် မျက်ရည်ကျနိုင်သည်ကို အမှတ်ရပါ။ သင် မကြာခဏ ငိုဖြစ်ပါသလား။ ငိုပြီးနောက် စိတ်သက်သာရာ ရပါသလား

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *