Uncategorized

ဖောင်ကြီးကိုဗစ်ကုသရေးစင်တာမှာ ဆေးကုသမှုခံယူနေတဲ့လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အာဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ ခန့်စည်သူ

ပရိသတ်တွေရဲ့အချစ်တော် ဝါရင့် သရုပ်ဆောင် မင်းသားချော ခန့်စည်သူကတော့ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေထက် ပရဟိတအလှူအတန်းတွေကို ပိုမိုလုပ်ဆောင်နေခဲ့တာပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။ ခန့်စည်သူကတော့ အလှူအတန်းတွေကို အထူးသဖြင့် ဆေးရုံမှာဆေးကုသမှုခံနေရတဲ့ လူနာတွေအတွက် ပိုမိုလှူဒါန်းပေးနေခဲ့တာပါ။


မနေ့က သြဂုတ်လ (၁၄)၇က်နေ့မှာလည်း ခန့်စည်သူက COVID-19 ကုသရေးဌာန(ဖောင်ကြီး)မှာဆေးကုသမှုခံယူနေတဲ့ လူနာတွေ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာံဝန်ထမ်းတွေနဲ့ မြို့နယ်ပြည်သူ့ကျန်းမာရေးဆေးရုံ(မင်္ဂလာဒုံ) တို့တွင် တက်ရောက်ကုသနေသောလူနာများ၊ဆရာဝန်များ၊စေတနာ့ဝန်ထမ်းများ အတွက်စုစုပေါင်း ထမင်းဘူး(၂၀၀)၊ရေသန့်များ၊အအေးများ၊မုန့်များ၊ကယ်လ်ဆီယမ်ကွေကာများ၊ဆေးဝါးများနှင့်ဆေးရုံသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။


အခုလို လှူဒါန်းမှုမှာ လိုက်ပါကူညီပေးကြတဲ့ သူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်းနဲ့ သူ့ရဲ့အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ခန့်စည်သူရဲ့ အလှူလေးကို ပရိသတ်တွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။


Source – Kyaw Soe Win

-Zawgyi Font ဖြင့်ဖတ်ရန်-

ဖောင်ကြီးကိုဗသစ်ကုသရေးစင်တာမှာ ဆေးကုသမှုခံယူနေတဲ့လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အာဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ ခန့်စည်သူ




Source – Kyaw Soe Win

Leave a Comment