Tue. Nov 30th, 2021

သင့် အတွက်မရှိမဖြစ် အသုံးဝင်စေမည့် တီထွင်မှု ၁၅ ခု

ချစ်စရာကောင်းသော အသုံးအ‌ဆောင်များကိုလုပ်ငန်းဆောင်တာများအတွက် ကျွန်ုပ်တို့သည် မကြာခဏ တွေ့ရတတ်သည်။ အသုံးအဆောင်များဟာ ခေတ်မှီလာသည်နှင့်အမျှ ကျွန်ုပ်တို့ တွေးထားသည်ထက် လှပပြီး ပေါင်းစပ်ရန် များစွာလွယ်ကူသွားပါပြီ။

အိမ်တွင်းနေ့စဉ်‌ဝေယျာဝစ္စများအတွက် သင်လိုအပ်မည့် တီထွင်ဖန်တီးမှုအစ္စည်းအချို့ကို စုဆောင်းထားပါတယ်။

(၁၅) အာလူးဆေးသည့် brush

သေးငယ်သော်လည်း အလွန်အသုံးဝင်သော မီးဖိုချောင်သုံးကိရိယာဖြစ်ပါတယ်။တစ်ဖက်တွင် ၎င်းသည် အာလူးများကို ပွတ်တိုက်ရန် စုတ်တံတစ်ခုဖြစ်ပါတယ်။ အခြားတစ်ဖက်တွင် အာလူးမျက်လုံးဖယ်ရှားရန်လည်းသုံးပါတယ်။

(၁၄) ကီးဘုတ်သဏ္ဍာန်မုန့်လုပ်သည့်အိုးကင်း

ပရိုဂရမ်မာများ သို့မဟုတ် စာရေးဆရာများအတွက် အရသာရှိသော စားဖွယ်ရာများကို ဤကီးဘုတ် အိုးကင်းက အချိန်တိုအတွင်း ကူညီပေးပါလိမ့်မယ်။

(၁၃) ပီဇာဖြတ်ကိရိယာ

ဓားအစား ဤပုဆိန်ပုံစံကိရိယာကိုအသုံးပြုခြင်းက သင်၏ပုံမှန်ပီဇာဖြတ်တောက်မှုကို ပိုမိုအဆင်ပြေစေပါလိမ့်မယ်

(၁၂) ပင်လယ်ဓားပြစတိုင်ဖောက်တံ

ဤပင်လယ်ဓားပြ စတိုင်ပုလင်းဖောက်သည့်ကိရိယာဟာ ပုလင်းတစ်လုံးကို အလွယ်တကူဖွင့်နိုင်ပြီး ဖော့ကိုပုလင်း၏ တံစို့အဖြစ်သို့ ပြောင်းလဲပေးမည်ဖြစ်ပါတယ်။

(၁၁) ကိတ်မုန့်ပေါ်စာရေးရန်ခဲတံ

မှင်အစား နှင်းခဲများဖြင့်ပြည့်နေ သော ဤခဲတံက ကိတ်မုန့် ပေါ်စာရေးခြင်းကို ပိုမိုလွယ်ကူစေပါတယ်။

(၁၀) ဝါယာကြိုးပုံး

 

 

သေးငယ်သပ်ရပ်သော ဤပုံးလေးက ကလေးများနှင့် အိမ်မွေးတိရစ္ဆာန်များရန်မှ ကြေးနန်းကြိုးနှင့် ဝါယာကြိုးများကို ဝှက်ထားရန် ကူညီပေးပါမည်။

(၉) ကြောင်ရုပ်သဏ္ဍာန် မျက်ခုံးဆွဲတံ

လိုချင်သော စတိုင်မျိုးစုံ ၊ ပြီးပြည့်စုံသော eyeliner၊ ညီညာသော eye shadow စသည်တို့အတွက် ကြောင်ပုံစံ flirty eyeliner stencil ကိုအသုံးပြုခြင်းဖြင့် အဆင်ပြေစေပါလိမ့်မယ်

(၈) ဂီတအရသာ ဇွန်း

စိတ်ဝိညာဉ်က ရော့ခ်ဂီတကို နှစ်သက်ပြီး အစာအိမ်က အစာတောင်းနေချိန်၊ သင့်မီးဖိုချောင်သုံးကိရိယာများတွင် သစ်သား ဂစ်တာဒီဇိုင်း ဇွန်းများကိုသုံးနိုင်ပါတယ်။

(၇) ဝေလငါးသွားပွတ်တံခြင်း

သင့်သွားတိုက်တံနှင့် သွားတိုက်ဆေးကို ထည့်ရန် ရယ်စရာကောင်းသော ဝေလငါးတစ်ကောင်က နံနက်ခင်းအတွက် ကလေးရော လူကြီးရော ကို ရွှင်လန်းစေမည်မှာ သေချာပါတယိ။

(၆) ဇီးကွက်သော့ချိတ်

နံရံတွင် ချိတ်ထားသည့် ဇီးကွက်ငယ်လေး၏ခြေသည်းများတွင် သင့်သော့များကို ချိတ်ဆွဲထားနိုင်မည်ဖြစ်ပြီး ၎င်း၏မျက်လုံးများက သင်အိမ် သို့မဟုတ် တိုက်ခန်းမှထွက်ခွာသည့်အခါ သော့များကို ယူရန် သင့်အား သတိပေးမည်ဖြစ်ပါတယ်။

(၅) ဘဲနုတ်သီးသဏ္ဍာန် အမွှေတံ

ခေတ်မီဆန်းပြားသော ဘဲနုတ်သီး ဒီဇိုင်း မွှေတံလေးများက ပုံမှန်လက်ဖက်ခြောက်အိတ်များကို အစားထိုးပြီး သင့်စိတ်ကြိုက်လက်ဖက်ရည်ကို ခံစားရစေပါတယ်။

(၄) ပါစတာခေါက်ဆွဲစတိုင်လက်နှီး

စတိုင်ကျသော လက်နှီးဝတ်များက သင့်လက်ချောင်းများကို အပူဒဏ်မှ သက်သာစေပါတယ်။

(၃) သွားကြားထိုးတံဘူး

ဤတောက်ပသောရှားစောင်းပင်သည် မည်သည့်ထမင်းစားစားပွဲနှင့်မဆို လိုက်ဖက်ပါလိမ့်မယ် ။ ၎င်းထဲမှ သွားကြားထိုးတံများကို မမြင်နိုင်ဘဲ လိုအပ်သည့်အခါတွင်မှ ထွက်လာပါလိမ့်မယ်။

(၂) Power Bank

သွားရင်းလာရင်းဖြင့် ကျွန်ုပ်တို့၏ စမတ်ဖုန်း များကို မကြာခဏ အားသွင်းရန် လိုအပ်ပြီဆို ဤနို့ဗူးလှလှလေးများက ချစ်စဖွယ်လက်တွေ့ကျသော ဖြေရှင်းချက်တစ်ခုဖြစ်ပါလိမ့်မယ်။

(၁) အထည်ဖြန်းဆေး

ဤအထူးစပါယ်ရှယ် ဘူးများက သင့်အဝတ်အစားများကို အမှန်တကယ် ဖြန်းနိုင်မည်ဖြစ်ပါတယ်။ ပလတ်စတစ်နှင့် ချည်၏ ကနဦးအရည်ရောစပ်မှုသည် သင့်ခန္ဓာကိုယ်ပေါ်သို့ ဖြန်းလိုက်ပြီးလျှင်လည်း အလွယ်တကူ လျှော်ဖွတ်နိုင်ပါတယ်။

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *