Love

ယ့်လို နာကျင်သွားမှာစိုးလို့ ပြန်ပြီးမပြောဖြစ်တဲ့ အခိုက်အတန့်ဆိုတာ လူတိုင်းမှာရှိပါတယ်

ကိုယ့်လို နာကျင်သွားမှာစိုးလို့ ပြန်ပြီးမပြောဖြစ်တဲ့ အခိုက်အတန့်ဆိုတာ လူတိုင်းမှာရှိပါတယ်

စကားလုံးတစ်လုံးကို မြိုချပစ်လိုက်ရုံနဲ့ အစာအိမ်နာသွားတာမှ မဟုတ်ပဲလေ လူအများကြီး သိစရာမလိုတာကို လူအများကြီးကို ပြောပြစရာမလိုဘူး ဘယ်သူ့အတွက်မှ အကျိုးမရှိတာကိုလဲ အာပေါင်အာရင်းသန်သန် ပြောပြနေဖို့ မလိုပါဘူး

တစ်စုံတစ်ယောက်က သူ့ရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြလာတဲ့အခါ ကိုယ့်မှာလဲ စောင့်ထိန်းရမယ့် တာ၀န်ဆိုရှိလာပြီ ပြောပြတယ်ဆိုကတည်း ယုံကြည်လို့ ပြောပြတာလေ လျှောက်ဖွ စေချင်လို့မှ မဟုတ်တာ

ပြီးတော့ လူတစ်ယောက်ရဲ့ အားနည်းချက်ကို သိတဲ့အခါ ဖိမနင်းချင်ပါနဲ့ လူတိုင်းမှာ သူ့အားနည်းချက်နဲ့သူ အနည်းနဲ့အများတော့ ရှိတတ်ပါတယ် လူတိုင်း Perfect ဖြစ်နေတတ်တာမှ မဟုတ်ပဲ လူကြားသူကြားရောက်မှ အားနည်းချက်ကို ထောက်ပြတယ်ဆိုတာ အဲ့တာ ဝေဖန်တာထောက်ပြတာမဟုတ်ဘူး အရှက်ခွဲတာ ဖြစ်သွားပြီ

တစ်စုံတစ်ယောက်ရဲ့ အားနည်းချက်ဟာ ဟာသတစ်ခုအဖြစ် ဘယ်တော့မှ မမြင်ပါနဲ့ဝိုင်းပြီး ရယ်တတ်တဲ့ လူတွေကလဲ လူကောင်းဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ဖြစ်နိုင်ရင် စကားလုံးတိုင်းကို ဆင်ခြင်ပြီးမှ ပြောစေချင်တယ် အကျိုးမရှိဘူးထင်ရင် ဘာတစ်ခွန်းမှ ၀င်မပြောတာ အကောင်းဆုံးပဲ စကားဆိုတာ များများပြောရင်ပြောသလောက် အမှားပါတတ်တယ်

စကားနည်းနည်း​ပြောပြီး များများနားထောင်တတ်တာ ပိုကောင်းပါတယ် ။

 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

 

ကိုယ့္လို နာက်င္သြားမွာစိုးလို႔ ျပန္ၿပီးမေျပာျဖစ္တဲ့ အခိုက္အတန္႔ဆိုတာ လူတိုင္းမွာရွိပါတယ္

စကားလုံးတစ္လုံးကို ၿမိဳခ်ပစ္လိုက္႐ုံနဲ႔ အစာအိမ္နာသြားတာမွ မဟုတ္ပဲေလ လူအမ်ားႀကီး သိစရာမလိုတာကို လူအမ်ားႀကီးကို ေျပာျပစရာမလိုဘူး ဘယ္သူ႔အတြက္မွ အက်ိဳးမရွိတာကိုလဲ အာေပါင္အာရင္းသန္သန္ ေျပာျပေနဖို႔ မလိုပါဘူး

တစ္စုံတစ္ေယာက္က သူ႔ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြကို ေျပာျပလာတဲ့အခါ ကိုယ့္မွာလဲ ေစာင့္ထိန္းရမယ့္ တာ၀န္ဆိုရွိလာၿပီ ေျပာျပတယ္ဆိုကတည္း ယုံၾကည္လို႔ ေျပာျပတာေလ ေလွ်ာက္ဖြ ေစခ်င္လို႔မွ မဟုတ္တာ

ၿပီးေတာ့ လူတစ္ေယာက္ရဲ႕ အားနည္းခ်က္ကို သိတဲ့အခါ ဖိမနင္းခ်င္ပါနဲ႔ လူတိုင္းမွာ သူ႔အားနည္းခ်က္နဲ႔သူ အနည္းနဲ႔အမ်ားေတာ့ ရွိတတ္ပါတယ္ လူတိုင္း Perfect ျဖစ္ေနတတ္တာမွ မဟုတ္ပဲ လူၾကားသူၾကားေရာက္မွ အားနည္းခ်က္ကို ေထာက္ျပတယ္ဆိုတာ အဲ့တာ ေဝဖန္တာေထာက္ျပတာမဟုတ္ဘူး အရွက္ခြဲတာ ျဖစ္သြားၿပီ

တစ္စုံတစ္ေယာက္ရဲ႕ အားနည္းခ်က္ဟာ ဟာသတစ္ခုအျဖစ္ ဘယ္ေတာ့မွ မျမင္ပါနဲ႔ဝိုင္းၿပီး ရယ္တတ္တဲ့ လူေတြကလဲ လူေကာင္းဘယ္နည္းနဲ႔မွ မျဖစ္ႏိုင္ဘူး ျဖစ္ႏိုင္ရင္ စကားလုံးတိုင္းကို ဆင္ျခင္ၿပီးမွ ေျပာေစခ်င္တယ္ အက်ိဳးမရွိဘူးထင္ရင္ ဘာတစ္ခြန္းမွ ၀င္မေျပာတာ အေကာင္းဆုံးပဲ စကားဆိုတာ မ်ားမ်ားေျပာရင္ေျပာသေလာက္ အမွားပါတတ္တယ္

စကားနည္းနည္း​ေျပာၿပီး မ်ားမ်ားနားေထာင္တတ္တာ ပိုေကာင္းပါတယ္ ။

 

Leave a Comment