Tue. Nov 30th, 2021

ကမ္ဘာတစ်ဝှမ်းရှိ မယုံနိုင်စရာ လျှို့ဝှက်ဆန်းကြယ်သော နေရာ ၁၀ ခု

ကမ္ဘာပေါ်တွင် လူသားများ ခြေမချရသေးသော တောရိုင်းတိရစ္ဆာန်များသာ ကြီးစိုးထားသည့်နေရာများရှိပါသေးတယ်။ ၎င်းတို့အများစုသည် ဝေးလံခေါင်သီပြီး လက်လှမ်းမမီနိုင်သောကြောင့် ကျွန်ုပ်တို့အတွက် အချိန်၊ အားထုတ်မှုနှင့် ကျွမ်းကျင်မှုများစွာ လိုအပ်ပါတယ်။ ၎င်းတို့ကို လေထဲမှ မြင်ရရုံဖြင့် မကြာခဏဆိုသလိုပင် ၎င်းတို့၏အလှကို ရင်သပ်ရှုမောဖွယ်ဖြစ်ရပါတယ်။ ဤနေရာများသည် လူသားတို့၏ဝင်ရောက်စွက်ဖက်မှုကို မရှိသေးသောကြောင့် အလွန်စွဲမက်ဖွယ်ကောင်းနေမြဲရှိ‌နေတာလဲ ဖြစ်နိုင်ပါတယ်။ အရုဏ်ဦးမှစတင်ကာပင် အလှတရားနှင့် ဖြူစင်သောနေရာများဖြစ်ပါတယ်။

ဤသည်မှာ ထိုကဲ့သိူ့သော ရင်သပ်ရှုမောဖွယ်ရာနှင့် အဆန်းကြယ်ဆုံး နေရာ ဆယ်ခုဖြစ်ပါတယ်။

(၁) The forest lake, Russia

ဒီလျှို့ဝှက်ဆန်းကြယ်ရေကန်ရဲ့ တည်နေရာအတိအကျကို မသိရသေးပါဘူး။ အချို့သောအဆိုအရ ၎င်းကို ရုရှားနိုင်ငံ Tyumen ဒေသတွင် တွေ့ရှိနိုင်တယ်ဆိုပါတယ်။ တောနက်ထဲမှာ ဘယ်လို ပေါ်လာလဲဆိုတာဘယ်သူမှမသိကြပါဘူး။

(၂) Tepui, Venezuela

‘Tepui’ ဟူသော စကားလုံးသည် မယုံနိုင်လောက်အောင် ထူးဆန်းသည့် သဘာဝ အဆောက်အဦများ တည်ရှိရာ Gran Sabana မှ ဌာနေတိုင်းရင်းသား လူမျိုးများ၏ ဘာသာစကားဖြင့် ‘နတ်ဘုရားများ ၏ အိမ်’ ဟု အဓိပ္ပါယ်ရပါတယ်

(၃) Honokohau Falls, Maui

ဝေးလံခေါင်သီ‌သော်လည်း စိမ်းလန်းစိုပြည်နေပါတယ်။ ၎င်းကိုမြင်လိုက်ရရုံမျှဖြင့် သင့်အား သဘာဝလောက၏ ခမ်းနားထည်ဝါသော လျှို့ဝှက်ဆန်းကြယ်မှုတို့ကို ခံစားရစေမှာပါ။ အဲဒီကိုသာ ခရီးသွားရင် ဘယ်လို‌ပျော်ရမလဲ တွေးကြည့်လိုက်ပါ။

(၄) The Amazon rainforest

တောင်အမေရိကရှိ မတူညီသောနိုင်ငံ ကိုးခုဖြစ် သော ဘရာဇီး၊ ပီရူး၊ ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ အီကွေဒေါ၊ ဘိုလီးဗီးယား၊ ဂိုင်ယာနာ၊ ဆူရီနမ်နှင့် ပြင်သစ်ဂီယာနာတို့၏ မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားကျယ်ပြန့်‌သော သစ်တောကြီးဖြစ်ပါတယ်။ ဒီနေရာအား အလုံးစုံလည်ပတ် စူးစမ်းဖို့ ဘယ်တော့မှ မမျှော်လင့်နိုင်လောက်အောင် ကြီးမားလွန်းပါတယ်။

(၅) Gangkhar Puensum, Bhutan

ဤသည်မှာ လူသားတို့ မရောက်နိုင်လောက်သော ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်ပါတယ်။ ၎င်းသည် ဘူတန်နှင့် တရုတ်နိုင်ငံအကြား အငြင်းပွားဖွယ် နယ်မြေတွင် တည်ရှိပြီး ကောင်းကင်ယံသို့ မီတာ ၇၅၇၀ အမြင့်ရှိပါတယ်။

(၆) Tsingy de Bemaraha, the ‘stone forest’ of Madagascar

ဤကျောက်တုံးကြီးများနှင့် ချောက်ကြီးများဟာ လွန်ခဲ့သော နှစ်တစ်သန်းကျော်ကာလအတွင်း ကပင် မြေပြင်အောက်တွင် ကြီးကြီးမားမား တည်ရှိနေသော ဂူကြီးများဖြစ်ပါတယ်။ နှစ်များစွာအတွင်း ထုံးကျောက်များဟာထူထဲသော အနည်အလွှာများပေါ်တွင် အနက် 120 မီတာအထိ ရောက်ရှိနိုင်ပြီး ထူးခြားဆန်းကြယ်သော သဘာဝတံတားများ၊ ပင့်ကူများနှင့် ချောက်ကြီးများကို ဖန်တီးပေးထားပါတယ်။

(၇) Kerguelen Islands

ကျယ်ပြောလှသော အိန္ဒိယသမုဒ္ဒရာ၏ တောင်ဘက်ပိုင်းတွင် ပုန်းကွယ်နေသော အဆိုပါကျွန်းများသည် ပြင်သစ်နိုင်ငံနှင့် အလွန်ဝေးကွာပါတယ် ။ ခရီးသွားများ ထိုနေရာသို့ တကူးတက မသွားဘဲ ရောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ Madagascar နှင့် နီးကပ်သော Réunion ကျွန်းမှ လှေဖြင့်သွားခြင်းဖြစ်ပါတယ်။ ၎င်းဟာ လူသားတို့အတွက် အတ္တလန်တစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

(၈) Rock Islands, Palau

ရော့ခ်ကျွန်းများသည် ကျွန်ုပ်တို့နှင့်ဝေးလံခေါင်သီသောဒေသတစ်ခုမှာရှိ‌နေပါတယ်။ သို့သော် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း လူတို့သည် ၎င်းတွင် ခြေချခဲ့ကြဖူးသည်ဟု ကျွန်ုပ်တို့ ယူဆနိုင်ပါတယ်။ ရှေးဟောင်းသုတေသနပညာရှင်များသည် ထိုနေရာတွင်နေထိုင်ခဲ့ဖူးသော လူသားမျိုးနွယ်၏အဆက်အနွယ်ဖြစ်သော ‘လူသေးသေးလေးများ’ ဟုခေါ်သည့် အထောက်အထားများကို တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

(၉) Dallol, Ethiopia

ယနေ့တွင် Dallol မီးတောင်အနီးတစ်ဝိုက်တွင် ဆားတူးဖော်မှုပြုလုပ်နေသောကြောင့် အတိအကျပြောရလျှင် ဤနေရာသည် မရောက်နိုင်သောနေရာမဟုတ်ပေ။ သို့သော် မီးတောင်၏ ဧရိယာက‌ တော့ လူနေထိုင်ရန် မဖြစ်နိုင်တော့ပေ။ အံ့သြစရာကောင်းတာက မီးတောင်ရဲ့ ဂြိုလ်သားနဲ့တူတဲ့ ရှုခင်းဟာ ဂျူပီတာဂြိုဟ်ရဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ Io မျက်နှာပြင်နဲ့ သိသိသာသာ ဆင်တူတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။

(၁၀) Palmyra Atoll

Hawaii ကျွန်း တောင်ဘက်ရှိ ပစိဖိတ်သမုဒ္ဒရာ၏ အီကွေတာဇုန်တွင် တည်ရှိပြီး ဤကျွန်းသည် လျှို့ဝှက်ဆန်းကြယ် မှော်ဆန်သည့် စွမ်းအားများရှိသည်ဟု ယူဆကြပါတယ်။

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *