Mon. Nov 29th, 2021

ကမ္ဘာတစ်ဝှမ်းမှ ကိုယ်ဝန်ဆောင်မိခင်များ၏ မတူကွဲပြားသော ဆောင်ရန်ရှောင်ရန် (၁၆) ချက်

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် အစာစားချင်စိတ်ကို မကျေမနပ် ဖြစ်ပြီး သူ့ကိုယ်သူ ကုတ်ခြစ်မိပါက ကလေးသည် လိုချင်တောင့်တနေသော အစားအစာပုံစံတွင် မွေးရာပါအမှတ်အသားဖြင့် မွေးဖွားလာမည်ဖြစ်ကြောင်း အခိုင်အမာဆိုကြပါတယ်။ အခြားယဉ်ကျေးမှုအချို့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အစားအသောက်ကန့်သတ်ချက်များစွာရှိပါတယ်။ ဤကိုယ်ဝန်သီအိုရီအားလုံးသည် ရယ်စရာကောင်းပြီး ၎င်းတို့သည် မိခင်အသစ်များအတွက် စိတ်ရှုပ်ထွေးစေနိုင်ပါတယ်။ သေချာတာတစ်ခုကတော့- ကမ္ဘာတစ်ဝှမ်းရှိလူများသည် မိခင်များနှင့် ၎င်းတို့၏ရင်သွေးငယ်များကို စောင့်‌မျှော်နေကြပါတယ်။

ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းရှိ မတူညီသော ယဉ်ကျေးမှုများတွင် ကိုယ်ဝန်ဆောင်များဆိုင်ရာ တွေးခေါ်မှုဆိုင်ရာအမျိုးမျိုးကို လေ့လာနေပြီး ကလေးငယ်များကို ကာကွယ်ရန် အမျိုးသမီးများ လုပ်ဆောင်သည့်အရာများကို လေ့လာထားသမျှ ဖော်ပြပေးလိုပါတယ်။

(၁) ဖိလစ်ပိုင် – ကြက်ဥအစိမ်းစားခြင်း

ဖိလစ်ပိုင်ရှိ အမျိုးသမီးများသည် သားဖွားလမ်းကြောင်းကို ချောချောမွေ့မွေ့ဖြစ်စေရန်အတွက် မမွေးဖွားမီတွင် ကြက်ဥအစိမ်းစားရန် ညွှန်ကြားကြပါတယ်။ သူတို့က ဒါက ကလေးကို လွယ်လွယ်ကူကူ တွန်းထုတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

(၂) မက္ကဆီကို – ကြက်ဥရှောင်ခြင်း

သို့သော် ကြက်ဥစားခြင်းသည် ကလေးအနံ့ဆိုးကို ဖြစ်စေသည်ဟု မက္ကဆီကိုတွင် ရှေးဟောင်းယုံကြည်ချက်တစ်ခုရှိ နေပြန်ပါတယ်။

(၃) တရုတ် – ဗိုက်ကိုမပွတ်ရ

ဗိုက်ကိုပွတ်ခြင်းဟာ သဘာဝအတိုင်းလုပ်ဆောင်လေ့ရှိသည့် အရာတစ်ခုဖြစ်သော်လည်း တရုတ်နိုင်ငံရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများက ဗိုက်ကို အလွန်အကျွံပွတ်ခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း ၊ ထိုသို့ပြုလုပ်ခြင်းသည် ကလေးမွေးပြီးနောက် ဇီဇာကြောင်ခြင်းတို့ကို ဖြစ်စေနိုင်သည်ဟု ယုံကြည်ကြပါတယ်။

(၄) အိန္ဒိယ – လက်ကောက်ဝတ်ခြင်း

အိန္ဒိယနိုင်ငံ၏ အချို့နေရာများတွင် ကိုယ်ဝန်သတ္တမမြောက်လတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဂုဏ်ပြုရန် Valaikaapu ဟုခေါ်သော အခမ်းအနားတစ်ခုကို ကျင်းပပါတယ်။ သူမကို မဂဏန်းအရေအတွက် လက်ကောက်များ လက်နှစ်ဖက်တွင်တန်ဆာဆင်ပါတယ်။ ယုံကြည်ချက်မှာ ကျယ်လောင်လက်ကောက်ကွင်းသံများဟာ ကလေး၏ အာရုံခံစားမှုနှင့် ဦးနှောက်လုပ်ဆောင်ချက်ကို လှုံ့ဆော်ပေးမည် ဖြစ်ပါတယ်။

(၅) Hawaii and Tahiti – ပန်းကုံးအပွင့်များဝတ်ခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးဝတ်နိုင်သော Hawaiian lei (ပန်းကုံး) သည် ပွင့်နေသောပန်းကုံးဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ပိတ်ထားသော lei သည် ကလေးအတွက် ကံမကောင်းဟု ယူဆသောကြောင့်ဖြစ်ပြီး ၎င်းအစား ဦးခေါင်း haku (ပန်းသရဖူ) ကို ဝတ်ဆင်နိုင်ပါတယ်။

(၆) တူရကီ – ရေခဲမုန့်နှင့်ငါးမစားခြင်း

ကလေးကို ငါးပါးစပ်မွေးခြင်းမှ ကာကွယ်ရန်အတွက် တူရကီနိုင်ငံ ယဉ်ကျေးမှုအဖွဲ့မှ အမျိုးသမီးအချို့သည် ကိုယ်ဝန်ဆောင်စဉ် ငါးမစားရန် သတိပေးထားပါတယ်။ ရေခဲမုန့်စားခြင်းသည် ကလေး၏ဦးခေါင်းတွင် အပေါက်ဖြစ်စေသည်ဟုလည်း ဆိုကြပါတယ်။

(၇) ဂျပန် – ငါးအစိမ်းစားခြင်း

အမေရိကန်ရှိ ဆရာဝန်များက ငါးစိမ်းများကို ဘက်တီးရီးယားပိုးများ ခိုအောင်းနိုင်သောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ရှောင်ရန် ပြောထားသော်လည်း ဂျပန်များက စားစေပါတယ်။ ၎င်းကို ကိုယ်ဝန်ဆောင်အစားအစာ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူထားပါတယ်။

(၈) Hispanic ယဉ်ကျေးမှု- လကြတ်ချိန်တွင် သတ္တုတစ်ခုခုကို ၀တ်ဆင်ခြင်း

လကြတ်ခြင်းဟာ လ၏မျက်နှာပြင်ကို ကိုက်ဖဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ထားသောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးက ၎င်းကိုကြည့်မိလျှင် ကလေးနှုတ်ခမ်းကွဲသွားမည်ဖြစ်ပြီး အကာအကွယ်အတွက် သူမ၏အတွင်းခံဘောင်းဘီတွင် တွယ်ချိတ်ကဲ့သို့သော သတ္တုတစ်ခုခုကို ဆောင်ထားရပါတယ်။

(၉) ဘူလ်ဂေးရီးယား – ယုန်သားနှင့်ငါးမစားခြင်း

ကိုယ်ဝန်ဆောင်မိခင်က ဒါတွေစားလျှင် ကလေးဟာ မျက်လုံးဖွင့်အိပ်မည်ဟု ယုံကြည်ကြသောကြောင့် ယုန်သားကို တားမြစ်ထားပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ငါးစားပါက အနာဂတ်ကလေး၏နှာခေါင်းကို ပိတ်ဆို့ပြီး ဟောက်စေမည်လို့လည်း ယူဆကြပါတယ်

(၁၀) တရုတ်-အိပ်ယာအောက်တွင်ဓါးထားခြင်း

နတ်ဆိုးများ ကြောက်ရွံ့ရန် တရုတ်အမျိုးသမီးများသည် ကုတင်အောက်တွင် ဓားဖြင့်အိပ်ကြပါတယ် ။ အချို့မှာ ကုတင်ပေါ်မှ နေ၍ကတ်ကြေးတစ်စုံနှင့် ဆင်တူ စာရွက်တစ်ရွက်ကို ပုံဖော်ကာ တန်းလန်းဆွဲထားတတ်ကြပါတယ်

(၁၁) ဂျူးယဉ်ကျေးမှု- ကလေးမမွေးမီ လက်ဆောင်များ လက်မခံပါနှင့်

၎င်းဟာ အမှန်တကယ်ဥပဒေမရှိသော်လည်း ကလေးမမွေးမီတွင် ကလေးရေချိုးခြင်း သို့မဟုတ် လက်ဆောင်များကို လက်ခံခြင်း သို့မဟုတ် ဖွင့်ခြင်းမပြုရန် မိခင်များကို အကြံပြုထားပါတယ် ။ မမွေးဖွားမီ ကလေးတစ်ဦးကို ဂုဏ်ပြုခြင်းသည် နတ်ဆိုးများကို ဆွဲဆောင်နိုင်ပြီး ကလေးအတွက် ကံဆိုးစေသည်ဟု ယုံကြည်ကြပါတယ်။

(၁၂) ထိုင်း – အသုဘအခမ်းအနားမသွားရ

 

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် အသုဘအခမ်းအနားသို့ မတက်ရောက်သင့်ဟု အချို့ယဉ်ကျေးမှုများက ယုံကြည်ကြပါတယ်။ ဥပမာအားဖြင့်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် အသုဘအခမ်းအနားသို့ တက်ရောက်ပါက ၎င်း၏ကလေးအား မွေးပြီးသည်နှင့် သေဆုံးသူ၏ ဝိညာဉ် ခြောက်ကပ်မှုခံရမည်ဟု ထိုင်းတွင် ယုံကြည်ချက်တစ်ခုရှိပါတယ်။

(၁၃) ဗီယက်နမ် – မမွေးခင်ပုခက်မစီးရ

ဗီယက်နမ်တွင် ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ တားမြစ်ချက်များ အများအပြားရှိပြီး ၎င်းတို့ထဲမှတစ်ခုမှာ မိခင်လောင်းဟာ ပုခက်ပေါ် မတက်သင့်ကြောင်း၊ မဟုတ်ပါက သူ၏ကလေးသည် ပျင်းရိသွားမည်ဖြစ်ကြောင်း ဆိုကြပါတယ်။

(၁၄) ဖိလစ်ပိုင် – ငှက်ပျောသီးအမွှာ စားခြင်း၊ မစားခြင်း

မိခင်လောင်းတစ်ဦးသည် ငှက်ပျောသီးအမွှာကို စားပါက အမွှာရနိုင်ခြေကို တိုးစေသည်ဟု ဆိုပါတယ်။ ထို့ကြောင့် သင်သည် အမွှာလိုချင်သည် မလိုချင်သည်အပေါ်မူတည်၍ စားမစားကို ရွေးချယ်နိုင်ပါတယ်။အလားတူ အနှစ်အမွှာပါရှိသော ကြက်ဥများကိုလည်း ဤသို့တွေးကြပါတယ်။

(၁၅) ထိုင်း – ကြာပန်းစားခြင်း

ကလေးမွေးဖွားရ လွယ်ကူရန် ထိုင်းအမျိုးသမီးများအား ဗဘုန်းကြီးတစ်ပါးက ကြာပန်းများကို စားသုံးရန် ညွှန်ကြားပါတယ်။ ထိုသို့လုပ်ဆောင်ခြင်းသည် ကြာပန်းကဲ့သို့ ၎င်းတို့၏ခန္ဓာကိုယ်ကို ပွင့်စေပြီး လုပ်ဆောင်မှုပိုမိုလွယ်ကူစေသည်ဟု ဆိုပါတယ်။

(၁၆) ကိုရီးယား – kimbap၏အလယ်သားကိုစားခြင်း

Kimbap ၏ အလယ်အပိုင်းသည် ပိုမိုဖွဲ့စည်းမှု သိပ်သည်းပြီး အဆုံးပိုင်းထက် ပိုလှပါတယ်။ ထို့ကြောင့် သင်သည် ရုပ်ရည်ချောမောသော ကလေးများကို လိုချင်ပါက Kimbap ၏ အလယ်အပိုင်းကဲ့သို့သော ဆွဲဆောင်မှုရှိသော အစားအစာကို စားသုံးရန် ကိုရီးယညးလူမျိုးများက တိုက်တွန်းပါတယ် ။ ၎င်းသည် Kimbap နှင့်သာမက အခြားအစားအစာများနှင့်လည်း သက်ဆိုင်ပါတယ်။ ဆိုလိုသည်မှာ သင်သည် အစားအစာ၏ ပို၍ အရသာရှိသော အစိတ်အပိုင်းကို စားသင့်ပါတယ်။

မတူကွဲပြားသော ယဉ်ကျေးမှုများမှ ကိုယ်ဝန်ဆောင်များအတွက် အခြား သော ဆောင်ရန် ရှောင်ရန် များကို သင်ကြားဖူးပါသလား။ သင့်တွင် သင်လိုက်နာ နေသော ကိုယ်ဝန်‌ ဆောင်စည်းမျဉ်းများ ရှိပါသလား။ ကျွန်ုပ်တို့ကို မျှဝေပေးပါ

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *