Uncategorized
ရှေ့တိုးရခက် နောက်ဆုတ်ရခက်တဲ့ အခြေအနေတွေ ကြုံလာတဲ့အခါ ရပ်နေလိုက်ပါ
ရှေ့တိုးရခက် နောက်ဆုတ်ရခက်တဲ့ အခြေအနေတွေ ကြုံလာတဲ့အခါ ရပ်နေလိုက်ပါ
ကံကြမ္မာက စီရင်ပါလိမ့်မယ် ။ ဘာကြောင့် ဒီလိုပြောဖြစ်ခဲ့လဲလို့မေးရင် တချို့လူတွေရဲ့ ရင်ဘတ်ထဲကို မြင်ခဲ့လို့ပါ ။
စွန့်လွှတ်လိုက်ပါလို့ပြောဖို့ရာ လွယ်ပေမယ့်လဲ တကယ်တမ်းကျတော့ လက်လွှတ်ဖို့လဲ သတ္တိတွေ လုံလုံလောက်လောက် မရှိခဲ့သလို ရှေ့ဆက်တိုးဖို့ကျပြန်တော့ ယုံကြည်ချက်တွေက အရင်တုန်းကလောက် မခိုင်မာတော့ဘူးလေ ။ ဒါကြောင့် ရပ်နေတဲ့လမ်းကို ရွေးခိုင်းတာပါ ။
ကျွန်မ နာကျင်နေပါပြီ …ဒါပေမယ့် မစွန့်လွှတ်နိုင်ခဲ့သေးဘူး ဆိူတဲ့လူတွေလဲ ဒီတိုင်းလေးပဲ ရပ်နေလိုက်ပါ ။ တစ်နေ့ အဲ့လိုနာကျင်ရခြင်းတွေကို တဖြေးဖြေးနဲ့ စိတ်ကုန်လာတဲ့အခါ ကိုယ် လက်လွှတ်မှန်းမသိ လက်လွှတ်တတ်လာလိမ့်မယ် ။
ရှေ့ဆက်တိုးဖို့ ယုံကြည်ချက်တွေမရှိတော့တဲ့အခါကျရင်လဲ … ကျွန်မတို့ ဒီတိုင်းလေးရပ်နေဖြစ်လိုက်တာ ပိုကောင်းပါတယ် ။ တချို့ တဇွတ်ထိုးဆန်မှုတွေက နောင်တတွေန​ဲ့ မျက်ရည်တွေပဲပြန်ရတတ်သလို တချို့ သူရှိရင်ဖြစ်ပါတယ်ဆိုတဲ့ အတွေးတွေက … နာကျင်ရခြင်းတွေ ပြန်ရတယ် ။
ဒီတစ်ခါ … အဲ့လို ဝေခွဲမရတွေဖြစ်လာတဲ့အခါ မူလအတိုင်းပဲ ရှေ့ဆက်မတိုးပဲ နောက်မဆုတ်ပဲ ဒီတိုင်းလေးရပ်နေလိုက်တာ ပိုကောင်းပါတယ် ။ ကိုယ် ဝေခွဲလို့မရတဲ့အရာကို ကံကြမ္မာက စီရင်သွားပါလိမ့်မယ် ။
မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ
Leave a Comment