Amazing

ကိုဗစ်ကာလအလုပ်လက်မဲ့ ဖြစ်သွားပေမယ့် ကြက်မွေးပြီး ဝင်ငွေကောင်းနေတဲ့ အမျိုးသား

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါကြီး ဖြစ်ပွားနေတဲ့ အချိန်ကာလဖြစ်တာကြောင့် လူတိုင်းနီးပါး တော်တော်လေးကို စိတ်ညစ်နေရတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ စီးပွားရေးတွေလည်း အဆင်မပြေတာကြောင့် ကုမ္ပဏီတော်တော်များများမှာလည်း ရှိနေတဲ့ ဝန်ထမ်းတော်တော်များများကို လျှော့ချပစ်ပြီး တစ်ချို့ကုမ္ပဏီတွေဆိုရင် လုပ်ငန်းတွေပါ ရပ်ဆိုင်းလိုက်ရတဲ့အထိကို ဖြစ်သွားခဲ့တာပါ။ အခုပြောပြချင်တဲ့ အမျိုးသားဟာဆိုရင်လည်း COVID 19 ကြောင့် အလုပ်ပြုတ်သွားတဲ့ ဝန်ထမ်းတစ်ယောက်ပါပဲ။ ဒါပေမယ့် အဆိုပါ အမျိုးသားကတော့ သူ့ရဲ့ carrer ကိုပါ အပြီးပြောင်းပြီး ကြက်မွေးမြူရေးလုပ်ငန်းနဲ့ တော်တော်လေးကို အဆင်ပြေနေကြောင်း Unilad သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။


အဆိုပါ အမျိုးသားကတော့ အင်္ဂလန်နိုင်ငံ၊ London မြို့ရှိ ပရိဘောဂကုမ္ပဏီတစ်ခုမှာ လက်သမားဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ Max Dudley အမည်ရ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Max ဟာ COVID 19 ကာလမတိုင်ခင်မှာတော့ အလုပ်မှာ အဆင်ပြေခဲ့ပေမယ့် COVID 19 ကလာစပြီး သိပ်မကြာခင်မှာ ကုမ္ပဏီက ထွက်ခဲ့ရပါတယ်။ ဒီလိုနဲ့ Max တစ်ယောက်ဟာ အလုပ်မရှိတော့တာကြောင့် စိတ်ဓာတ်ကျပြီး သူ့ရဲ့ မွေးရပ်မြို့ဖြစ်တဲ့ Hertfordshire မြို့ကို အပြီးပြန်လာခဲ့ပါတယ်။ ဒီလိုနဲ့ Max တစ်ယောက်ဟာ မိသားစုလုပ်ငန်းတစ်ခုဖြစ်တဲ့ ကြက်မွေးမြူရေးကို စိတ်ဝင်စားပြီး သေသေချာချာ လေ့လာခဲ့ပါတယ်။


ငယ်စဉ်ကတည်းက မွေးမြူရေး ကိစ္စတွေနဲ့ ပတ်သတ်ပြီး သိပ်မစိမ်းကားတဲ့ Max ဟာ အချိန်ခဏလေးအတွင်းမှာ ကြက်မွေးမြူရေးနဲ့ပတ်သတ်ပြီး နားလည်သိရှိကာ ဒီလုပ်ငန်းကို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ လအနည်းငယ်ကြာပြီးနောက်မှာတော့ Max ဟာ သူ့ရဲ့ ကြိုးစားမှုကြောင့် ကြက်အကောင်ရေ ရာချီပိုင်တဲ့ မွေးမြူရေးပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင်တော့ Max ဟာ Cheyney’s Pastured Poultry ဆိုတဲ့ နာမည်နဲ့ ကိုယ်ပိုင် brand တစ်ခုကို ဈေးကွက်ထဲ အရောက်ပို့နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။


“အစကတော့ အဆင်မပြေလောက်ဖူးထင်တာ။ ဒါပေမယ့် ကျွန်တော်က မွေးမြူရေးလုပ်ငန်းတွေနဲ့ သိပ်မစိမ်းတော့ အချိန်တိုအတွင်းမှာ နားလည်သွားခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်ငယ်ငယ်လေးတုန်းကလည်း အဖိုးနဲ့ ဦးလေးရဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ ဝင်ပြီးကူညီပေးခဲ့ဖူပါတယ်။ အခုဆိုရင်တော့ ဒီအလုပ်နဲ့ပဲ တစ်သက်လုံး အသက်မွေးဝမ်းကျောင်းပြုသွားဖို့ ဆုံးဖြတ်ပြီးသွားပါပြီ”လို့ Max က Unilad သတင်းဌာနကို ပြောကြားခဲ့ပါတယ်။


Credit – shwemom

Leave a Comment