Mon. Dec 6th, 2021

အမျိုးသမီးများမှာသာ မြင်နိုင်သော ထူးခြားစွမ်းရည်ကို သက်သေပြနေတဲ့ ဓာတ်ပုံ (၁၁)ပုံ

သိပ္ပံပညာအရ အမျိုးသမီးများဟာ အမျိုးသားများတွင်မရှိသော စွမ်းအားအချို့ရှိပါတယ်။ အမျိုးသမီးများဟာ ကွဲပြားခြားနားသောအရောင်များကို ပိုမိုခွဲခြားနိုင်စွမ်းရှိပြီး ပိုမိုအားကောင်းသည့်ကိုယ်ခံအားစနစ်ရှိပါတယ်။ အမျိုးသားများထက်စာနာ နားလည်စိတ်ပိုရှိပြီး ထင်မှတ်မထားတဲ့အလုပ်တွေကိုလည်း အများကြီးလုပ်နိုင်ပါတယ်။ ဒီပုံများဟာ ကျွန်ုပ်တို့အားအမျိုးသမီးများ အပေါ် ပိုမိုလေးစားစေမယ့် ထူးခြားသော အရည်အချင်းများကို ပြသထားပါတယ်။
ဒီဆောင်းပါးမှာတော့ အမျိုးသမီးအချို့ရဲ့ ထူးခြားသော ပင်ကိုယ်စွမ်းရည်ကို ထင်ရှားမြင်သာစေမယ့် ပုံများကို စုစည်းတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။

(၁) ဒေါက်မြင့်ဖိနပ်ဖြင့် မာရသွန်ပြေးသူ

ဒေါက်မြင့်ဖိနပ် စီးခြင်းဟာ အမျိုးသားအများစုအတွက် လက်လှမ်းမမှီနိုင်သော အမျိုးသမီးတို့၏ ကျွမ်းကျင်မှုဖြစ်ပါတယ်။ သို့သော် မာရသွန်အပြေးနေစဉ် ဒေါက်မြင့်စီးမည့်ဆိုလျှင် တော့ လွယ်ကူနိုင်မယ် မထင်ပါဘူး။Ballroom dancer ဟောင်းတစ် ဦး ဖြစ်သူ Irene Sewell ဟာ stilettos တွင် ၂၆.၂ မိုင် (၄၃ ကီလိုမီတာ) ကို ဒေါက်ဖိနပ် ဖြင့်မာရသွန်အပြေးပြိုင်ပွဲ ဝင်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ သူမဟာ ပြိုင်ပွဲအစအဆုံးအတွက် ၇ နာရီ ၂၈ မိနစ်ကြာမြင့်ခဲ့ပါတယ်။

(၂) သက်ရှိ အမျိုးသမီးပင့်ကူလူသား

အနောက်အာဖရိကရှိမြို့ငယ်လေးတစ်ခုမှ ဤမိန်းကလေးရဲ့ စူပါပါဝါ ကတော့ မည်သည့်ချောက်ကမ်းပါးသို့မဆို ပန်းခြံထဲတွင်အပန်းဖြေလမ်းလျှောက်နေသကဲ့သို့ တွယ်တက်နေနိုင်ခြင်းပဲ ဖြစ်ပါတယ်။သူမဟာ တောင်တက်စွမ်းရည် သူမရဲ့အိမ်မွေးတိရိစ္ဆာန်မျောက်လေး Georgie ဆီကနေ သင်ယူခဲ့ပါတယ် ။ ယခု တော့ သူမဟာပရော်ဖက်ရှင်နယ် တောင်တက်ခြင်းမှအငြိမ်းစားယူခဲ့ပေမယ့် ပညာပေးဟောပြောမှုများ ၊ နည်းပြသင်တန်းများဖြင့် အခြားသူများကို လက်ဆင့်ကမ်းမျှဝေလျက်ရှိပါတယ်။

(၃) ကလေးထိန်းရင်းအားကစား လိုက်စားသော မေမေ

 

မိခင်နှင့်ကလေး ယောဂသင်တန်းများဟာ မကြာသေးမီကမှ ပို၍ ရေပန်းစားလာပါတယ်။ ကလေးတစ်ဖက်နဲ့‌တောင် လေ့ကျင့်ခန်းလုပ်နိုင်တယ်ဆိုတာကို သက်သေပြခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ အမျိုးသမီးများအားအလုပ်များစွာလုပ်နိုင်ခြင်း၏ ဥပမာတစ်ခုပဲ ဖြစ်ပါတယ်။

(၄) ယာဉ်မောင်းစွမ်းရည်

ဒါကတော့ ပြောင်းပြန်စူပါ ပါဝါဖြစ်ပါတယ်။ သုတေသနများအရ အမျိုးသမီးများဟာ ၎င်းတို့၏ ပထမအကြိမ် ယာဉ်‌မောင်းစမ်းသပ်ခြင်းများမှာ ‌ကျရှုံးလေ့ရှိပြီး ၎င်းတို့၏အဖော်သည်သာ ပိုမိုကောင်းမွန်သောယာဉ်မောင်းသူဖြစ်ကြောင်း ဝန်ခံလေ့ရှိကြပါတယ်။ထိုအချက်ကြောင့်ပင် အမျိုးသမီးများဟာ လမ်းအန္တရာယ်ကင်းရှင်းရေးကိုပိုဂရုစိုက်ကြပြီး ကားမောင်းရာတွင် ပို၍ သတိထားကြသည်ကိုလည်း တွေ့ရပါတယ်။

(၅) စံချိန်တင် ဝင်ရိုးစွန်းစူးစမ်းရှာဖွေသူ

လူသားတွေဟာ လိုချင်တာမှန်သမျှကို ကြိုးစားရင် ရနိုင်တယ်လို့သက်သေပြခဲ့သူကတော့ Ann Daniels ပါပဲ။ သူမဟာ သမိုင်းမှာ ပထမဆုံးသော မြောက်နှင့်တောင် ဝင်ရိုးစွန်းနှစ်ခုလုံးသို့ရောက်ရှိနိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ပါတယ် ။ထို့အပြင် သူမရဲ့ပထမဆုံး အတွေ့အကြုံမှာ သူမရဲ့ အရွယ် သုံးမွှာပူးကလေးငယ်တို့ဟာ (၁၈)လသားအရွယ်သာ ရှိသေးတာကြောင့်ထိုအောင်မြင်မှုဟာ ပိုထူးခြားနေပါတော့တယ်။

(၆) အချိန်တိုင်းမှာ လှပနေနိုင်ပါတယ်

အမျိုးသမီးများ အလှအပအတွက် သုံးလေ့ရှိတဲ့ face mask များဟာ အချိန်တစ်ခုအထိကပ်ထားရန်လိုအပ်ပါတယ်။ ကွန်ပျူတာဂိမ်းဆော့ရင် ဖြစ်စေ ဒါမှမဟုတ် ကလေးထိန်းနေရင်ဖြစ်စေ အဆိုပါ အသားအရည်ထိန်းသိမ်းမှု face mask များဟာ အမျိုးသမီးတွေရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကို မနှောင့်ယှက်နိုင်ပါဘူး။

(၇) အသက်အရွယ်မရွေး တောက်ပနိုင်သူ

 

Helen van Winkle အသက် ၈၇ နှစ်မှာ Instagram ကြယ်ပွင့်ဖြစ်လာသူ တစ်ဦး ဖြစ်ပါတယ်။ သူမ ကိုယ်ပိုင်ဖန်တီး‌ သော အမှတ်တံဆိပ်များကို သူမရဲ့မြေးမလေးက Instagram မှာ တင်လိုက်တာက‌နေစတင် ပျံ့နှံ့သွားခဲ့ပါတယ်။

 

ယခုအခါ ဟယ်လင်ဟာ MTV Movie Award ကဲ့သို့သောပွဲကြီးများတွင်ပင် တက်ရောက်နေပြီး အသက် ၉၀ နားရောက်လျှင်ပင် ကိုယ့်ကိုကိုယ် အရှုံးမပေးတတ်ရန် သန်းနှင့်ချီသောအမျိုးသမီးများကို အားပေးဟောပြောနေပါတယ်။

(၈) လှောင်ပြောင်သူများအကြားမှ ကမ္ဘာကြီးကိုကယ်တင်သူ

Nadia ကတော့ တကယ့်သူရဲကောင်းတစ်ဦးဖြစ်ပါတယ် ။ သူမဟာ ကျောင်းအသွားအပြန်လမ်းမှ အမှိုက်များကို ကောက်ယူစုဆောင်းပြီးအချိန်တိုလေးအတွင်းမှာ ပလတ်စတစ်ကို အသုံးချပြီး ပြန်လည်အသုံးပြုသောပုံး ၂ ခုကျော်ကို ပြုလုပ်ခဲ့ပါတယ်။ သူမ၏ကျောင်းနေဖက်များကသူမ၏ကြိုးစားအားထုတ်မှုကို လှောင်ပြောင်ပြီး သူမကို “ Trash Girl” (အမှိုက်မ) ဟုအမည်ပေးခဲ့ပါတယ် ။ သိူ့သော် အခုအခါမှာ တော့ သူမမှာ facebook support group တစ်ခုရှိရုံသာမက သူမရဲ့ပရိတ်သတ်တွေလည်းသူမကို ဂုဏ်ပြုပြီး သူမအတွက် ကာတွန်းစူပါဟီးရိုးတစ်ခု ဖန်တီးပေးထားကြပါတယ်။

(၉) အာကာသလွန်းပျံယာဉ်မှူးမေမေ

 

Eileen Collins ဟာ အာကာသလွန်းပျံယာဉ်၏ ပထမဆုံးအမျိုးသမီးလေယာဉ်မှူးနှင့်ပထမဆုံးအမျိုးသမီးတပ်မှူးဖြစ်ပါတယ်။ မိသားစုအတွက် အချိန်ပိုပေးနိုင်ရန်အတွက် ၁၆ နှစ်ကြာလေယာဉ် ၄ စီးဖြင့် အလုပ်လုပ်ခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်မှာတော့ NASA မှထွက်ခွာခဲ့ပါတယ်။ သူမရဲ့အင်တာဗျူးများမှာ အခက်ခဲဆုံးစိန်ခေါ်မှုများကိုရင်ဆိုင်ရန်နှင့်ကျရှုံးမှုကိုမကြောက်ရွံ့ရန်အကြံပေးလေ့ရှိပါတယ်။

(၁၀) အလုပ်များခြင်း

အမျိုးသမီးများဟာ အလုပ်များစွာကို တစ်ချိန်တည်းမှာ တစ်ပြိုင်တည်း လုပ်နိုင်ကြောင်းသိပ္ပံနည်းကျသက်သေပြထားမှုများ ရှိပါတယ်။ ဥပမာအားဖြင့် ကလေးတစ်ယောက်ကိုနို့တိုက်ခြင်း နှင့်မိတ်ကပ်လိမ်းခြင်းတို့ကို ပြိုင်တူလုပ်နိုင်စွမ်းရှိကြပါတယ်။

(၁၁) ကိုယ်ဝန်ဆောင်ခြင်းနှင့် မွေးဖွားခြင်း

၉လကြာ ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းတို့ဟာ အမျိုးသမီးများအတွက် အနှိုင်းမဲ့ စူပါပါဝါများ ဖြစ်သလို အန္တရာယ်လည်း များပါတယ်။ ဖော်ပြပါပုံကတော့ စပိန်ဘလော့ဂါတစ်ဦးဖြစ်သူ ကလေး(၃)ယောက်မိခင် Laura ရဲ့ အမွှာပူးကလေးထပ်မံမမွေးဖွားမှီ (၄) ရက်အလိုပုံပဲ ဖြစ်ပါတယ်။

အမျိုးသမီးများရဲ့ သူမတူသော အဆိုပါစွမ်းရည်များအကြောင်း သင့်ထင်မြင်ချက်များကိုလည်း ဝေဖန်အကြံပြုခဲ့ပေးပါဦး

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *